နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလီယော့တ် အန်ဒါဆန်ကို ရေရှည် ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ မန်စီးတီး၊ တိုနာလီကို ဆုံးရှုံးရဖို့ များနေတဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

ဇန်နဝါရီ ၇ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ် ကစားသမား အဲလီယော့တ် အင်ဒါဆန်ကို ရေရှည်ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒီကစားသမား ကိုတော့ ယူနိုက်တက်က အရင်ဆုံး စိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် လက်တလော ယူနိုက်တက်ရဲ့ ကလပ် အတွင်း မတည်ငြိမ်တဲ့ အခြေနေတွေကြောင့် မန်စီးတီး အနေနဲ့ အန်ဒါဆန်ကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှု ပိုတိုးလာခဲ့ကြောင်း သိရပါတယ်။

လစ်ဗာပူးလ် ကတော့ မေဂျာလိဂ် ဘောလုံးရာသီသစ် မစတင်ခင် အင်တာမိုင်ယာမီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ရေတို အငှားစာချုပ်နဲ့ အံ့အားသင့်ဖွယ် ခေါ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ ချိတ်ဆက်နေတဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ ဖက်ဒရစ်ကို ခီယေဇာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် ကတော့ ဒီကစားသမား အတွက် သဘောတူညီမှု တစ်ခု ရရှိအောင် ကြိုးစားတဲ့ အနေနဲ့ လစ်ဗာပူးလ်နဲ့ တရားဝင် ဆက်သွယ်ခဲ့ကြောင်း သိရပါတယ်။ 

အာဆင်နယ် ကတော့ နယူးကာဆယ်ယူနိုက်တက်ရဲ့ ညာနောက်ခံလူ တီနို လစ်ဗရာမန်တိုကို အလားအလာ ရှိတဲ့ ပစ်မှတ် အဖြစ် စောင့်ကြည့်နေကြောင်း FootballTransfers က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ရာသီကုန်မှာ ကွင်းလယ် ကစားသမား ဆန်ဒရို တိုနာလီ ကိုလည်း ဆုံးရှုံးရနိုင်ခြေ ရှိနေပါတယ်။ ချဲလ်ဆီး ကတော့ အီတလီသားကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပေမယ့် ဂျူဗင်တပ်စ် ကလည်း တိုနာလီကို လာမယ့် နွေရာသီမှာ စီးရီးအေဆီ ပြန်လည် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

စီးရီးအေကို ပြန်သွားချင်နေတဲ့ ဆန်ဒရို တိုနာလီ

တော့တင်ဟမ်ဟော့စပါး ကတော့ အသက် ၁၉ နှစ်အရွယ် ဆန်းတို့စ် ဘယ်နောက်ခံလူ ဆူဇာ အတွက် ပေါင် ၈ သန်း (ဒေါ်လာ ၁၀.၈ သန်း) တန်ကြေး ရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း The Athletic က ဖော်ပြပါတယ်။

မက်သီ တဲလ် ကတော့ နည်းပြ သောမက်စ် ဖရန့်ခ် လက်အောက်မှာ မပျော်မရွှင် ဖြစ်နေပြီး အငှားနဲ့ ထွက်ကစားဖို့ စဉ်းစားနေပါတယ်။ တော့တင်ဟမ်ဟော့စပါးရဲ့ ပြင်သစ် တိုက်စစ်မှူး ကိုတော့ တူရကီ ထိပ်သီး ဂါလာတာဆာရေးက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီး ကတော့ ရန်းစ် ဗဟိုနောက်ခံလူ ဂျရယ်မီ ဂျက်ကွတ်ကို အာဆင်နယ်၊ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ် တို့နဲ့ အပြိုင် ခေါ်ယူချင်နေပါတယ်။

မန်နေဂျာ ရူဘင် အမော်ရင် ထွက်ခွာသွားပြီးနောက် မန်ချက်စတာယူနိုက်တက် အနေနဲ့ တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။ လာလီဂါ ကလပ် ကလည်း လက်ရှိမှာ အင်္ဂလန်သားကို အမြဲတမ်း အပြောင်းအရွှေ့ အတွက် စဉ်းစားနေဆဲ ဖြစ်ပါတယ်။ 

ဝက်စ်ဟမ်းယူနိုက်တက် ကတော့ ဆဲလ်တာဗီဂို နောက်ခံလူ အော်စကာ မင်ဂွဲဇားကို အငှားစာချုပ်နဲ့ ချက်ချင်း ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့်လည်း နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတဲ့ အက်စတွန်ဗီလာနဲ့တော့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ နယူးကာဆယ် ကလည်း အကျိုးအမြတ်များတဲ့ သဘောတူညီချက်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြဟောင်း အိုလီဂန်နာ ဆိုးလ်ရှားကို ရာသီကုန်အထိ ကာလတိုနဲ့ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ လာမယ့် နွေရာသီမှသာ နည်းပြသစ် ကောင်းကောင်း ရှာဖွေခန့်အပ်ဖို့ ယူနိုက်တက်တို့ ဆန္ဒရှိနေကြတာကြောင့် အသင်းနဲ့ အသားကျပြီးသား ဆိုးလ်ရှားကို ယာယီ နည်းပြ အနေနဲ့ ခေါ်ယူ ခန့်အပ်လိုနေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်နဲ့ ပူးပေါင်းခဲ့ဖူးတဲ့ ဆိုးလ်ရှားဟာ ၂၀၁၈ တုန်းကလည်း ယခုလို ကာလတို အနေနဲ့ လာရောက် နည်းပြခဲ့ဖူးသလို ၁၉ ပွဲ ကစား ၁၄ ပွဲ အနိုင်ရလဒ်နဲ့အတူ ချန်ပီယံလိဂ် မှာလည်း ပီအက်စ်ဂျီကို ဖြုတ်ချခဲ့ဖူးတာကြောင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် နွေရာသီ အပြောင်းအရွှေ့တွေမှာ စိတ်ကြိုက် ပါဝင်ခွင့် မရခဲ့တဲ့ ဆိုးလ်ရှားတစ်ယောက် ၂၀၂၁ မှာတော့ အသင်းကို ပြန်လည် စွန့်ခွါခဲ့ရပြီး လက်ရှိ အချိန် မှာတော့ အသင်းထံ ပြန်လည် လာရောက် ပူးပေါင်းဖို့ သတင်းတွေ ပြန်လည် ထွက်ပေါ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်