ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကောင်း တစ်ပွဲ မှာတော့ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ အက်တီဟတ်မှာ ၁-၁ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ နည်းပြ အန်ဇို မာရက်စ်ကာ မရှိတော့တဲ့ နောက်ပိုင်း ပထမဦးဆုံး ကစားရတဲ့ ပွဲဖြစ်ပေမယ့် မန်စီးတီး ဆီက သရေ တစ်မှတ်ကို ထိုက်ထိုက်တန်တန် ခွဲယူနိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
ဒီနေ့ပွဲ မန်စီးတီးရဲ့ ကွင်းလယ်မှာ ရိုဒရီ ပြန်လည် ပါဝင်လာခဲ့ပြီး ဟာလန်း၊ ဖိုဒန်၊ ချာကီ၊ ရိုင်ဒါးစ်၊ ဆေးလ်ဗား၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ နူနက်စ်၊ အိုရွိုင်လီ၊ ဒွန်နာရမ်းမား တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပါတယ်။ ကော်လမ် မက်ဖာလိန်းရဲ့ ချဲလ်ဆီး ကတော့ အန်ဇို မာရက်စ်ကာရဲ့ ကစားကွက် အထိုင်ကို မပျက်စေပဲ ယာအို ပက်ဒရို၊ ပါးလ်မား၊ နတ်တို၊ အက်စတီဗာအို၊ အန်ဇို၊ ရိစ် ဂျိမ်းစ်၊ ဘာဒီယာရှီးလ်၊ ချာလိုဘာ့၊ အာချင်မ်ပေါင်၊ ဂူစတို၊ ဂျော်ဂျန်ဆန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
ပထမပိုင်း မှာတော့ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီးက တစ်ဖက်သတ်ကို ဖိအားပေး ကစားနိုင်ခဲ့သလို ဂိုးပေါက် ကန်ချက် ၉ ကြိမ်၊ ဂိုးပေါက်တည့်မှု ၂ ကြိမ် ရှိခဲ့ပြီး ချဲလ်ဆီး ကတော့ ဂိုးပေါက် ကန်ချက် ၁ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိပဲ မန်စီးတီးက ပယ်နယ်တီ ဧရိယာ အတွင်း ဘောလုံးထိချက် ကလည်း ၅ ကြိမ်သာ ရှိခဲ့တာပါ။ ပွဲချိန် ၄၂ မိနစ်မှာ ရိုင်းဒါးစ်က အဖွင့်ဂိုး သွင်းယူခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ရိုင်းဒါးစ်ရဲ့သွင်းဂိုး အရေအတွက်က ၅ ဂိုး အထိ ရှိလာပြီ ဖြစ်သလို ကွင်းလယ်လူတွေထဲမှာ သူ့ထက် သွင်းဂိုး ပိုများတာဆိုလို့ နယူးကာဆယ်က ဘရူနို ဂီမာရေ့စ် (၇ ဂိုး) တစ်ဦးသာ ရှိပါတယ်။

ဒုတိယပိုင်း မှာတော့ ချဲလ်ဆီးက ခံစစ် ၃ ယောက်တန်း ပြောင်းလဲ ကစားခဲ့ပြီးတော့ တိုက်စစ်ဖွင့် ကစားခဲ့ရာ အလုပ်ဖြစ်ခဲ့ပြီး ပထမပိုင်းထက် ပိုပြီး ဘောလုံး ကိုင်ကစားနိုင်ခဲ့ပါတယ်။ အဲဒီနောက် ချဲလ်ဆီးတို့ ချေပဂိုး ရဖို့ အကောင်းဆုံး အခွင့်အရေး ပိုင်ဆိုင်ခဲ့ပြီး အန်ဇို ဖာနန်ဒက်ဇ် ခင်းပေးတာကို ပတ်ဒရို နက်တိုက ၁၀ ကိုက် အကွာ ကနေ အပိုင်ပိတ်သွင်းခဲ့ပေမယ့် ဂိုးဘားတန်းပေါ် ကျော်သွားခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။ ချဲလ်ဆီးက ပွဲပြီးခါနီးလေ ကစားအား ပိုတင်နိုင်လေ ဖြစ်ပြီး အမှတ်ရအောင် ယူမယ် ဆိုတဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်ကြောင့် မန်စီးတီးတို့ ဖရိုဖရဲ ပိုဖြစ်လာခဲ့ပါတယ်။
ဒါကြောင့်ပဲ ပွဲပြီးခါနီးမှာ အန်ဇို ဖာနန်ဒက်ဇ်က ချဲလ်ဆီးက အဖိုးတန် ချေပဂိုး သွင်းယူခဲ့ပြီး ဒီဂိုးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဂျင်တီးနားသား အတွက် ၆ ဂိုးမြောက် ဖြစ်လို့ ၂၀၂၄-၂၀၂၅ ရာသီတုန်းက သူ့ရဲ့ တစ်ရာသီ အတွင်း သွင်းဂိုး အများဆုံး မှတ်တမ်းနဲ့ တူညီသွားခဲ့ပါတယ်။ ဒါ့အပြင် ၉၃ မိနစ် ၁၄ စက္ကန့်မှာ သွင်းယူခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ချေပဂိုးက ၂၀၂၃ ဒီဇင်ဘာလ အတွင်း ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲတုန်းက ၉၄ မိနစ် ၂၈ စက္ကန့်နဲ့ သွင်းခဲ့တဲ့ အိုလီဆေးရဲ့ ဂိုးနောက်ပိုင်း မန်စီးတီး အိမ်ကွင်းမှာ ပြိုင်ဘက်ကို နောက်အကျဆုံး ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။
အခုပွဲမတိုင်ခင် မန်စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာ အဖွင့်ဂိုး သွင်းနိုင်တဲ့ ပွဲတိုင်း အနိုင်ရခဲ့တာက ၁၁ ပွဲ အထိ ရှိပေမယ့် အဲဒီ မှတ်တမ်းကောင်းကို ချဲလ်ဆီးတို့ ရပ်တန့်နိုင်ခဲ့ပါပြီ။ အခုဆိုရင် မန်စီးတီးတို့ ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့ပြီး အဲဒါက ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်က အာဆင်နယ်နဲ့ ၆ မှတ် ပြန်လည် ကွာဟသွားခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


