နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကြိတ်အနယ် ကစားရဦးမယ့် မန်စီးတီးနဲ့ အာဆင်နယ်ရဲ့ ချန်ပီယံတိုက်ပွဲ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – အာဆင်နယ်

ဒီပရီးမီးယားလိဂ် အခုတစ်ပတ် စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု အဖြစ် မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ကို ရှုစားကြရမှာပါ။ လက်ရှိ ပရီးမီးယားလိဂ် ဇယား ထိပ်က နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်သလို နည်းစနစ် ဆရာ နှစ်ပါး ဖြစ်တဲ့ ဂွာဒီယိုလာနဲ့ အာတေးတား တို့ရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုတွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရဦးမယ့် ပွဲဆိုရင်လည်း မမှားပါဘူး။

မန်ချက်စတာစီးတီးက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်နဲ့ သရေကျခဲ့တာကြောင့် အဆင့် ၃ နေရာမှာပဲ ဆက်ရှိနေခဲ့ပြီး ဇယား ထိပ်က နှစ်သင်းကို တစ်မှတ် အကွာနဲ့ လိုက်လံဖိအားပေးနေပါတယ်။ မန်စီးတီးဟာ မနှစ်ကလောက် ခြေစွမ်းပိုင်းက ကြောက်စရာ မကောင်းတော့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၂၂ ပွဲဆက် ရှုံးပွဲ မရှိခြင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလားကို ၄ နှစ်ဆက် ယူဖို့ အားခဲနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာ အနေနဲ့ နှစ်နှစ်ဆက် Treble ချန်ပီယံ ဖြစ်ဖို့ ပစ်မှတ်ထားနေပြီး လက်ကျန်ပွဲအားလုံးကို အာရုံစိုက်နေတာ တွေ့ရပါတယ်။

တစ်ဖက်က မီခဲလ်အာတေးတားရဲ့ အသင်း ကတော့ မနှစ်က အမှားတွေကို အကောင်းဆုံး သင်ခန်းစာ ယူရင်း ရာသီကုန်ခါနီးလေ နိုင်ပွဲတွေ ဆက်လေပါပဲ။ အာဆင်နယ်က လက်ရှိ အမှတ်ပေးဇယား ထိပ်မှာ ရှိနေပေမယ့် လစ်ဗာပူးလ်နဲ့ ရမှတ်တူ၊ မန်စီးတီး ကိုတော့ ၁ မှတ်သာ ဖြတ်ထားနိုင်လို့ ဘာဆိုဘာမှ မသေချာသေးတဲ့ အခြေအနေပါ။ လက်ကျန် ပွဲကြပ်တွေ တော်တော်များများလည်း ကစားရဦးမှာပါ။ ဒီပွဲဟာ အာဆင်နယ်ရဲ့ ချန်ပီယံ မျှော်လင့်ချက် အတွက် သက်ရောက်မှု ကြီးမားတဲ့ ပွဲစဉ် ဖြစ်ပြီး အမှားမခံစတမ်း ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ပေါ်တို တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန်ပွဲ အားလုံးနီးပါး ဂိုးပြတ်နိုင်ပွဲတွေ ရရှိထားလို့ မန်စီးတီးတို့ ငယ်နိုင်ပါကွာ ဆိုပြီး လျှော့တွက်ရင်တော့ နားကားသွားနိုင်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ မန်စီးတီး ဘက်က နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ ဒဏ်ရာရခဲ့တဲ့ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ ကိုင်လီ ဝေါလ်ကာနဲ့ ဂျွန်စတုန်းစ်တို့ မပါပဲ ကစားရမှာ ဖြစ်ပါတယ်။

အာဆင်နယ် ဘက်မှာတော့ တင်ဘာ တစ်ဦးတည်း လွဲချော်မှာ ဖြစ်ပြီး ဂါဘရီရယ် ကတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သတင်းထွက်နေပေမယ့် နည်းပြ အာတေးတားရဲ့ အသေးစား လှည့်ကွက် တစ်ခု ဖြစ်နိုင်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာစီးတီး – အီဒါဆင်၊ လီဝစ်၊ ဒီးရာ့စ်၊ အာကန်ဂျီ၊ အေခီ၊ ဆေးလ်ဗား၊ ရိုဒရီ၊ ဒီဘရွန်းနား၊ ဖိုဒန်၊ ဒိုခု၊ ဟာလန်း

အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဇင်ချန်ကန်၊ အိုဒီဂတ်၊ ဂျော်ဂျင်ဟို၊ ရိုက်စ်၊ ဆာကာ၊ မာတင်နယ်လီ၊ ဟာဗက်ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက အကြိမ်ကြိမ် တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့ ၃၈ ကြိမ်မှာ မန်စီးတီးက ၂၁ ကြိမ် နိုင်ပြီး အာဆင်နယ်က ၁၁ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ ၆ ကြိမ် ကတော့ သရေကျထားခဲ့ပြီး ဒါကို ကြည့်ခြင်းအားဖြင့် တွေ့ဆုံချိန်တိုင်းမှာ အနိုင်၊ အရှုံး အဖြေပေါ်လေ့ ရှိတယ်လို့ တွက်ဆလို့ ရပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မန်စီးတီးနဲ့ တွေ့တိုင်း ရလဒ် ဆိုးခဲ့ပေမယ့် နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ်ဆက် အနိုင်ရထားသလို ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ အမ်းမရိတ်စ်မှာလည်း မာတင်နယ်လီရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2မှာ မန်စီးတီး နိုင်ရင် ၁.၉၉ ဆ၊ အာဆင်နယ် နိုင်ရင် ၃.၄၀ ဆနဲ့ သရေ ဆိုရင်တော့ ၃.၂၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ မန်စီးတီးက သရေ အရှုံး၊ ၁ လုံး သရေ ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း အနည်းဆုံး ၃ လုံး သွင်းဖို့ လိုအပ်ပါတယ်။ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အာဆင်နယ်ဟာ မန်စီးတီးကို ခြေရည်တူ ကစားနိုင်လာတာကြောင့် မန်စီးတီး အတွက် လွယ်ကူတဲ့ ပြိုင်ဘက် မဟုတ်တော့ပါဘူး။ နောက်ပြီး ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ အသင်းတွေ ဖြစ်တာကြောင့် တစ်သင်းခြေ တစ်သင်း အကဲခတ်ပြီး အမှားမခံစတမ်း ကစားမှာပါ။ ကျနော် ကတော့ ၁-၁ လောက်ပဲ မျှော်လင့်ထားချင်ပြီး သွင်းဂိုးလည်း နည်းနိုင်တယ်လို့ မှန်းဆပါတယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၂-၁ အာဆင်နယ် 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်