နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇယားအောက်ဆုံးက ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ယူပြီး နိုင်ပွဲပြန်ရခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

မန်ချက်စတာယူနိုက်တက် ၄-၂ ရှက်ဖီးလ်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ ဇယားအောက်ဆုံးမှာ ကြမ်းတိုက်နေရတဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဂိုးပြတ် နိုင်ခဲ့ပေမယ့် အစောပိုင်းမှာတော့ နောက်ကနေ လိုက်ကစားခဲ့ရပြီး ပရိသတ်တွေကို အနည်းငယ်တော့ စိတ်ဒုက္ခပေးခဲ့သေးတာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ယူနိုက်တက်က ပြီးခဲ့တဲ့ ပွဲစဉ်တွေတုန်းက အတိုင်းပဲ လူစာရင်း အပြောင်းအလဲ သိပ်မလုပ်ပဲ ပွဲထွက်လာခဲ့ပြီး ခံစစ်မှာ မက်ဂွိုင်းယားနဲ့ ကတ်စ်မဲရိုးကို တွဲဖက် ပေးခဲ့သလို ကွင်းလယ် မှာတော့ မိန်းနူးနဲ့ အဲရစ်ခ်ဆင်ကို ကစားစေခဲ့ပါတယ်။ တောင်ပံ နှစ်ဖက် မှာတော့ ရက်ရှ်ဖို့ဒ် နေရာမှာ ဂါနာချို ပါဝင်လာခဲ့ပြီး ညာတောင်ပံမှာတော့ အန်တိုနီ ပွဲထွက်ကာ တိုက်စစ်ကိုတော့ ဟွိုက်ဂျ်လန်းပဲ ဦးဆောင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲမှာတော့ တစ်ပွဲလုံး ပြိုင်ဘက်ကို လွှမ်းမိုး ထိန်းချုပ်ကစားနိုင်ခဲ့တယ်လို့ ပြောလို့ ရပေမယ့် ဦးဆောင်ဂိုး ကိုတော့ ရှက်ဖီးလ်ယူနိုက်တက်က စတင် ရယူနိုင်ခဲ့ပါတယ်။ အိုနာနာ ရောင်းလိုက်တဲ့ ဘောလုံးကို ဘိုဂဲလ်က ဖြတ်တားပြီး အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၄၁ မိနစ်မှာ နောက်ပိုင်း ပွဲတွေမှာ ဂိုးမြူးနေတဲ့ ဂေါင်းကြီးက ခေါင်းတိုက်ဂိုးနဲ့ ယူနိုက်တက် အတွက် ပြန်လည် ချေပ ပေးခဲ့လို့ ၁-၁ ရလဒ်နဲ့ ပထမပိုင်း ပြီးခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ရမှတ် ၅၃ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် ဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေပြီး နယူးကာဆယ်ကို ၃ မှတ် ဖြတ်နိုင်ခဲ့ပါတယ်။
ယူနိုက်တက် အတွက် အရေးကြီးတဲ့ အချိန်မှာ အမြဲ ကယ်တင်နေတဲ့ ဖာနန်ဒက်စ်

ဒုတိယပိုင်း ပွဲပြန်စပြီး မကြာခင်မှာတော့ ရှက်ဖီးလ်ယူနိုက်တက်က ယူနိုက်တက် နောက်တန်းကို စိတ်ကြိုက် ချယ်လှယ်ပြီး ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတေ့ အော့စ်ဘွန်းရဲ့ ဖန်တီးပေးမှု ကနေ ဒီးယက်ဇ်က သွင်းယူသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယူနိုက်တက်တို့ အသည်းအသန် လိုက်ကစားခဲ့ပြီး ပွဲချိန် ကြာလာတာနဲ့ အမျှ ပိုကောင်းတဲ့ ကစားပုံကို ပြသနိုင်ခဲ့သလို လိုအပ်နေတဲ့ ဂိုးတွေလည်း ရခဲ့ပါတယ်။ ပွဲချိန် ၆၁ မိနစ်နဲ့ ၈၁ မိနစ် တို့မှာ ဘရူနို ဖာနန်ဒက်စ်က ၂ ဂိုး သွင်းပေးခဲ့ပြီး ၈၅ မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ ဟွိုက်ဂျ်လန်းက သွင်းယူပေးခဲ့တာပါ။ ဘရူနို ဖာနန်ဒက်စ်ဟာ ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သလို ဒုတိယဂိုး ကလည်း လှပပြီး အဆင့်အတန်း မြင့်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက် အရေးကြုံတိုင်းမှာ ကယ်တင်ပေးနေဆဲ ဖြစ်ပြီး သူ့ အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင် ပတ်သတ်မှု ၁၇ ကြိမ် အထိ ရှိပြီး ပြိုင်ပွဲစုံမှာတော့ ၁၄ ဂိုး သွင်းကာ ၁၁ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ရမှတ် ၅၃ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် ဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေပြီး နယူးကာဆယ်ကို ၃ မှတ် ဖြတ်နိုင်ခဲ့ပါတယ်။ အဆင့် ၄ နေရာက ဗီလာနဲ့တော့ ၁၃ မှတ်အထိ ကွာဟနေလို့ ချန်ပီယံလိဂ် ဝင်ခွင့်တော့ မျှော်လင့်နိုင်မှာ မဟုတ်တော့ပါဘူး။ တစ်ဖက်မှာ ရှက်ဖီးလ်ယူနိုက်တက် ကတော့ သူတို့ တန်းဆင်းရဖို့ များနေပြီ ဆိုတာ သိပေမယ့် ယူနိုက်တက်ကို အကောင်းဆုံး ပုံစံနဲ့ တုန့်ပြန်သွားခဲ့ပြီး အသင်းကြီး အသင်းငယ် ကွာဟမှုကြောင့်သာ ဘယ်လိုမှ မတတ်နိုင်ပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် စနေနေ့မှာ တန်းဆင်းဇုန်ထဲက အသင်း တစ်သင်း ဖြစ်တဲ့ ဘန်လေနဲ့ ကစားရဖို့ ရှိပြီး ရှက်ဖီးလ်ယူနိုက်တက် ကတော့ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်