နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒဏ်ရာနဲ့ အတူ မန်ချက်စတာကို ရောက်လာတဲ့ အမ်မရာဘတ် (ပရီးမီးယားလိဂ် သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၆ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒဏ်ရာနဲ့ အတူ မန်ချက်စတာကို ရောက်လာတဲ့ အမ်မရာဘတ်

မန်ချက်စတာယူနိုက်တက် ဆေးအဖွဲ့ဟာ မော်ရိုကို ကွင်းလယ် ကြယ်ပွင့်က အသင်းကို အပြီးသတ် မပြောင်းရွှေ့ခင်မှာ နောက်ကျော ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

အသက် ၂၇ နှစ် အရွယ် ကွင်းလယ် ကစားသမားဟာ လပေါင်းများစွာ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီးနောက် အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးနေ့မှာ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်က ဆိုဖရန် အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ကစားသမား ရောင်းချရမှု ကနေ ငွေကြေးရှာဖွေနိုင်ခြင်း မရှိခဲ့တဲ့နောက် မန်ချက်စတာယူနိုက်တက်ဟာ အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူခြင်း မပြုလုပ်မီ စျေးကွက်ပိတ်ခါနီး နောက်ဆုံးရက်တွေ အထိ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ညှိနှိုင်းဆွေးနွေးရေး အကြီးအကဲ မတ် ဟားဗရိဗ်စ်ဟာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ဖလောရန့်စ်ကို သီးသန့် ဂျက်လေယာဉ်နဲ့ သွားရောက်ခဲ့တာ ဖြစ်ပြီး အမ်မရာဘတ် အနေနဲ့ ယူကေထိ လာပြီး ဆေးစစ်ဖို့ အချိန်မရတာကြောင့် အီတလီမှာပဲ ဆေးစစ်ခဲ့ရတာ ဖြစ်ပါတယ်။ ဆေးစစ်မှု ခံယူနေချိန်အတွင်း ဆေးအဖွဲ့ဝင်တွေဟာ ဖီအိုရင်တီးနား ကြယ်ပွင့်ရဲ့ နောက်ကျောဘက်မှာ ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေတာကို တွေ့ရှိခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ မော်ရိုကို အတွက် အကိုက်အခဲ ပျောက်ဆေးတွေ ထိုးပြီး ကစားခဲ့ရတာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ် အတွက် နောက်ကျော ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်တော့မှာ မဟုတ်ဘူးလို့တောင် ယုံကြည်ခဲ့တာ ဖြစ်ပြီး အဲဒီဒဏ်ရာဟာ အရှင်းမကုဘဲ ဆေးမြီးတိုနဲ့ ကုစားခဲ့တာကြောင့် ဆေးစစ်မှုခံယူချိန်အတွင်း မန်ချက်စတာယူနိုက်တက် ဆေးအဖွဲ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


ဆန်ချိုကို ယခုနွေရာသီမှာ ချဲလ်ဆီးတို့ ဘာကြောင့် မခေါ်ခဲ့တာလဲ

ချဲလ်ဆီးဟာ ယခုနွေရာသီမှာ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ စဉ်းစားခဲ့ပေမယ့်လည်း စျေးပေါပေါနဲ့ ခေါ်ယူဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် တောင်ပံကစားသမားဟာ ဒေါ့မန်နဲ့ အတူ ဘွန်ဒက်စ်လီဂါမှာ ပြသခဲ့တဲ့ ခြေစွမ်းကောင်း အချို့ကို တစ်ခါတရံမှသာ ပြသနိုင်ခဲ့ပါတယ်။

ဆန်ချိုဟာ ပရီးမီးယားလိဂ် ကလပ်မှာ မျှော်မှန်းထားတဲ့ ခြေစွမ်းမျိုး မပြသနိုင်တာကြောင့် နည်းပြ တန်ဟက်ဂ်ရဲ့ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုကို ဈေးနည်းနည်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့တဲ့ ချဲလ်ဆီး

ဆန်ချိုဟာ ပရီးမီးယားလိဂ် ကလပ်မှာ မျှော်မှန်းထားတဲ့ ခြေစွမ်းမျိုးမပြသနိုင်တာကြောင့် နည်းပြ တန်ဟက်ဂ်ရဲ့ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး ကြယ်ပွင့်ဟောင်းဟာ တနင်္ဂနွေနေ့က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အတွက် ပွဲနေ့လူစာရင်းထဲ ကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး တန်ဟက်ဂ်က လေ့ကျင့်ရေးက စွမ်းဆောင်ရည်ကို မနှစ်သက်တာကြောင့် လူစာရင်းထဲကို မထည့်သွင်းခဲ့တာလို့ ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးက ယခုနွေရာသီအစောပိုင်းတုန်းက ဆန်ချိုကို အိုးထရက်ဖို့ဒ် ကနေ ခေါ်ယူဖို့ အတွက် အဆင်သင့် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် တောင်ပံ ကြယ်ပွင့်ရဲ့ ခံယူချက်နဲ့ ပတ်သက်ပြီး သံသယရှိတာကြောင့် မန်စီးတီး လူငယ်ကြယ်ပွင့် ကိုး ပါလ်မာ ကိုပဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။


ဆော်ဒီကို ပိုက်ဆံလိုချင်လို့ ပြောင်းတာ မဟုတ်ဘူး ဆိုတဲ့ ဟန်ဒါဆန်

လစ်ဗာပူးလ် အသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန် ဟန်ဒါဆန်က ဆော်ဒီအာရေဗျ ကလပ် အယ်လ်အတ်တီဖတ်ကို အငြင်းပွားဖွယ် ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။ လစ်ဗာပူးလ် အသင်းခေါင်းဆောင်ဟောင်းဟာ ယခုနွေရာသီမှာ ၁၂ နှစ်ကြာ ကစားခဲ့တဲ့ အန်းဖီးလ် ကနေ ထွက်ခွာခဲ့တာ ဖြစ်ပြီး ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့တဲ့ နာမည်ကြီး ကစားသမားတွေ ထဲက တစ်ဦးဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ် အရွယ် ကွင်းလယ် ကစားသမားဟာ တစ်ပတ် လုပ်ခလစာ ပေါင် ၇ သိန်း တန်ကြေးရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပြီး လစ်ဗာပူးလ် အသင်းခေါင်ဆောင် အဖြစ် ကစားခဲ့တဲ့ အချိန်တုန်းက LGBTQ+ အသိုင်းအဝိုင်းကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့တဲ့သူ တစ်ယောက် အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားရှိနေတဲ့ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့မှုက လူပြောစရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဟန်ဒါဆန်က လက်ရှိမှာတော့ ဆော်ဒီကို ပြောင်းရွှေ့ခဲ့တာက ငွေကြေးကြောင့် မဟုတ်ဘဲ အန်းဖီးလ်မှာ အလိုရှိတယ်လို့ ခံစားခဲ့ရခြင်း မရှိခဲ့တာကြောင့် ဖြစ်ပြီး လိဂ် အသစ်မှာ ကစားရမယ့် အတွေ့အကြုံကို ခံစားချင်တာကြောင့် ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်