နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ဗာရို ကာရေရက်စ်ကို လျှော့ဈေးနဲ့ ပြန်ခေါ်နိုင်မယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဘင်ဖီကာရဲ့ ဘယ်နောက်ခံ ကြယ်ပွင့် အဲလ်ဗာရို ကာရေရက်စ် (အဲလ်ဗာရို ဖာနန်ဒက်ဇ်) ကို လျှော့ဈေးနဲ့ ပြန်လည် ဝယ်ယူနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

၂၀၂၀ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် အကယ်ဒမီ ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ စပိန် နောက်ခံလူ ကတော့ ယခင်က အဲလ်ဗာရို ဖာနန်ဒက်ဇ်လို့ သိကြသူပါ။ ကာရေရက်စ် အနေနဲ့ ဘင်ဖီကာကို အပြီးသတ် မပြောင်းရွှေ့ခင်မှာ ပရက်စ်တန် နော့သ် အန်း၊ ဂရန်နာဒါ တို့မှာ အငှားနဲ့ ကစားခဲ့သူ ဖြစ်ပါတယ်။ ပေါ်တူဂီ ထိပ်သီး တို့ဟာ ကာရေရက်စ်ကို ယူရို သန်း ၅၀ (ပေါင် ၄၁.၇ သန်း)နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုထားခဲ့ပေမယ့်လည်း ယူနိုက်တက်က ယူရိုသန်း ၂၀ (ပေါင် ၁၆.၇ သန်း)နဲ့ ပြန်လည် ဝယ်ယူခွင့်ကို စာချုပ်မှာ ထည့်သွင်း ချုပ်ဆိုခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ 

ဒီအချက်ဟာ ကာရေရက်စ်ကို လိုချင်နေတဲ့ အခြား အသင်းတွေထက် စာရင် ယူနိုက်တက်တို့ နှာတစ်ဖျား သာနေခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီက အသင်းမှာ လုခ် ရှောနဲ့ မလာစီယာတို့ ရှိနေတာကြောင့် ကာရေရက်စ်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လုခ်ရှောနဲ့ မလာစီယာတို့ နှစ်ဦးစလုံးဟာ ဒဏ်ရာ ပြသနာတွေနဲ့ပဲ ရုန်းကန်နေရတာကြောင့် တန်ဟက်ဂ် အနေနဲ့ ဘယ်နောက်ခံလူ နေရာမှာ ဒီယိုဂို ဒါးလော့တ်ကို ထားကစားနေရတာ ဖြစ်ပါတယ်။ ဒါးလော့တ် အမှန်တကယ် ကစားတဲ့ နေရာက ညာခြမ်း ခံစစ် ဖြစ်နေတာကြောင့် အဆင်မပြေပဲ ယူနိုက်တက်ဟာ ဘယ်ခြမ်း ခံစစ် အတွက် အရည်အသွေးမြင့် ကစားသမား တစ်ဦး ခေါ်ယူ ဖြည့်တင်းဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။ 

ကာရေရက်စ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက် တစ်သင်းတည်း ရှိနေတာ မဟုတ်ပဲ အခြားသော ဥရောပ ထိပ်တန်း ကလပ်တွေ ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကာရေရက်စ်ကို ရီးရဲလ်မက်ဒရစ် ကလည်း စိတ်ဝင်စားနေပြီးတော့ ရေရှည်အတွက် အင်အားဖြည့်တင်းဖို့ စဉ်းစားနေတာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ် ကလည်း အလားအလာ ရှိတဲ့ ကာရေရက်စ်ကို စောင့်ကြည့်နေသလို ဘာစီလိုနာ ကလည်း ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ကာရေရက်စ် ကတော့ ပြီးခဲ့သည့် ရာသီရဲ့ ဒုတိယ နှစ်ဝက်ကို ဘင်ဖီကာမှာ အငှားနဲ့ ကုန်ဆုံးခဲ့ပြီးတော့ ၁၆ ပွဲသာ ကစားခဲ့ပေမယ့် အထင်ကြီးစရာ ခြေစွမ်းမျိုး ပြသထားနိုင်ပါတယ်။ ကာရေရက်စ်က ဒီရာသီမှာတော့ ဘင်ဖီကာ အတွက် ၉ ပွဲ ပါဝင် ကစားထားခဲ့ပြီး အချက်အလက်တွေ အရတော့ တော်တော်လေး ကောင်းမွန်နေတာ တွေ့ရပါတယ်။ လက်ရှိ အသက် ၂၁ နှစ် အရွယ် ကစားသမားလေးက အခုရာသီမှာ ဂိုးဖန်တီးမှု မပြုလုပ်ရသေးပေမယ့်လည်း အဖွင့်ပွဲစဉ် ၅ ပွဲမှာ ဂိုး ပါဝင် ပတ်သတ်မှုတွေ ရှိထားပြီး ဒါကလည်း ပေါ်တူဂီ ထိပ်သီး ကလပ်မှာ သူ့ထက် ပိုကောင်းတဲ့ အခြား ကစားသမား နှစ်ဦးသာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်