နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးကို စွဲချက်ပေါင်း ၁၁၅ ခု အတွက် စတင် ကြားနာနေပြီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်း ကတော့ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းတွေ ချိုးဖောက်မှုကြောင့် စွဲချက်ပေါင်း ၁၁၅ ခုနဲ့ ရင်ဆိုင်နေရပြီး မနေ့က စတင် ကြားနာ စစ်ဆေးခြင်း ခံခဲ့ရပါတယ်။ မန်စီးတီးဟာ ၂၀၀၉ ခုနှစ် ကနေ ၂၀၁၈ ခုနှစ် အတွင်း ဘဏ္ဍာရေး စည်းမျဉ်းပေါင်း များစွာကို ချိုးဖောက်ခဲ့တယ် ဆိုပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စွဲချက် ပေါင်း ၁၁၅ ခုနဲ့ စွပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက် အရ ဆိုရင်တော့ မန်စီးတီးက ၂၀၀၉-၂၀၁၀ ဘောလုံး ရာသီကနေ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီ အတွင်း တိကျတဲ့ ဘဏ္ဍာရေး အချက်အလက်တွေ ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် စွဲချက် ၅၄ ခု၊ ၂၀၀၉-၂၀၁၀ ကနေ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီ အတွင်း ကစားသမားတွေနဲ့ မန်နေဂျာကို ငွေပေးချေမှုတွေ အတွက် တိကျတဲ့ အသေးစိတ် အချက်အလက်တွေ ပေးဖို့ ပျက်ကွက်ခဲ့တာ အတွက် စွဲချက် ၁၄ ခု ရှိပါတယ်။ ဒါ့အပြင် ၂၀၁၃-၂၀၁၄ ကနေ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီ အတွင်း ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း (FFP) ကို လိုက်နာရန် ပျက်ကွက်မှု အတွက် စွဲချက် ၅ ခု၊ ၂၀၁၅-၂၀၁၆ ကနေ ၂၀၁‌ေ-၂၀၁၈ ဘောလုံးရာသီ အတွင်း ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း (PSR)ကို ချိုးဖောက်မှု အတွက် စွဲချက် ၇ ခု၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အထိ ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်း လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ခြင်း အတွက် စွဲချက် ၃၅ ခု၊ စုစုပေါင်း စွဲချက် ၁၁၅ ခုကို မန်စီးတီးတို့ ရင်ဆိုင် ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။

ပပ် ဂွာယိုလာရဲ့ မန်စီးတီး အသင်း ချိုးဖောက်မှုတွေ အတွက် ပရီးမီးယားလိဂ် က ၄ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို စုံစမ်းစစ်ဆေးပြီး နောက်မှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြားနာ စစ်ဆေးမှုတွေ စတင် ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကြားနာ စစ်ဆေးမှုတွေ ကတော့ ၁၀ ပတ် ဝန်းကျင် ကြာမြင့်မှာ ဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းမှသာ ပြီးဆုံးမှာ ဖြစ်ကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ပပ် ဂွာယိုလာရဲ့ မန်စီးတီး အသင်း ချိုးဖောက်မှုတွေ အတွက် ပရီးမီးယားလိဂ် က ၄ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နှစ်စဉ် ရမှတ်လျှော့ခံရဖွယ် ရှိနေတဲ့ မန်စီးတီး

ဒါ့အပြင် ကြားနာ စစ်ဆေးမှုတွေ ပြီးဆုံးရင်တော့ ဆုံးဖြတ်ချက်ကို ချက်ချင်း ချမှတ်သွားမှာ မဟုတ်ဘဲ ၂၀၂၅ နှစ်ဆန်းပိုင်းမှသာ ထုတ်ပြန်ဖွယ် ရှိနေတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် မန်စီးတီး အသင်း အနေဖြင့် အပြစ်ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ရင်တော့ ရမှတ်လျှော့ ပြစ်ဒဏ်ကို တစ်ပေါင်းတည်း ကျခံရဖို့ မရှိပဲ ရာသီများစွာ ခွဲဝေ ကျခံရနိုင်ဖွယ် ရှိနေကြောင်းလည်း The Telegraphက ဖော်ပြခဲ့ပါတယ်။

မန်စီးတီး အနေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင်တော့ ရမှတ်လျှော့ ပြစ်ဒဏ်ကို တစ်ပေါင်းတည်း ချမှတ်ခံရခြင်း ဒါမှမဟုတ် ချန်ပီယံရှစ်သို့ တန်းဆင်းခြင်း ပြစ်ဒဏ်တွေ ချမှတ်ခံရဖို့က လုံလောက်မှု မရှိကြောင်း ပြိုင်ဘက် အသင်းတွေက ယူဆထားတာကြောင့် ရာသီများစွာခွဲပြီး ရမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံစေချင်နေကြတယ်လို့ သိရပါတယ်။ ဒါက မန်စီးတီး အတွက် ချန်ပီယံ ဆုဖလားတွေ စိန်ခေါ်ဖို့နဲ့ ပရီးမီးယားလိဂ်ကို ပြန်လည် တက်ရောက်လာဖို့ အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိမှာ မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ် ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ အမှတ်ပေးဇယား ကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး အာလင်း ဟာလန်း ကလည်း ဂိုးမြူးနေပြီး သူ့ရဲ့ သွင်းဂိုးတွေ ကတော့ ကျန် ၁၉ သင်းရဲ့ သွင်းဂိုးတွေထက် ပိုများနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်