နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီဒါဆင် အတွက် အဲလ်နာဆာရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး ကတော့ သူတို့ အသင်းရဲ့ ဂိုးသမား အီဒါဆင် မိုရေးစ် အတွက် အဲလ်နာဆာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်နာဆာ အသင်းဟာ ဘရာဇီးလ် ဂိုးသမား အီဒါဆန်ကို ခေါ်ယူနိုင်ဖို့ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး မန်စီးတီး ဘက်က ချက်ချင်းဆိုသလို ငြင်းဆန် ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းကို နာမည်ကြီး‌ ဘောလုံး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားခဲ့တာ ဖြစ်တာကြောင့် ယုံကြည်လို့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ဂိုးသမားဟာ မန်စီးတီးရဲ့ ပင်တိုင် ဂိုးသမား တစ်ဦး ဖြစ်နေပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်ပိုင်းမှာ နည်းပြ ပပ် ဂွာဒီယိုလာနဲ့ အနည်းငယ် အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် မန်စီးတီး ဘက်က ရောင်းထုတ်သွားဖို့ အထိပါ စီစဉ်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အနေနဲ့ အသင်းမှာ အနာဂတ် မသေချာတော့တဲ့ အီဒါဆန်ကို ဆော်ဒီပရိုလိဂ် ကလပ်တွေထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောင်းထုတ်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

အီဒါဆန် အနေနဲ့ မန်စီးတီးမှာ ကစားသမားဘဝ ရှေ့ဆက်ဖို့ မသေချာတော့တာကြောင့် ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ဖို ဆုံးဖြတ်ခဲ့တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဘရာဇီးလ် ဂိုးသမားဟာ မကြာသေးခင် ကလည်း အဲလ်အစ်တီဟတ် အသင်း ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တယ် ဆိုပြီးလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း မှန်ကန်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ဂိုးသမား အီဒါဆန် အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာခဲ့တာက ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အဲလ်နာဆာ ဖြစ်ပြီး ကနဦး ပြောင်းရွှေ့ ကြေး ယူရို သန်း ၃၀ နဲ့ စတင် ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီး ကတော့ သူတိုရဲ့ ဂိုးသမား အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အထိ လိုချင်နေတာကြောင့် ဆော်ဒီပရိုလိဂ် ကလပ်ရဲ့ ယူရို သန်း ၃၀ တန် ကမ်းလှမ်းချက်ကို ချက်ချင်းပဲ ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။ အဲလ်နာဆာ ကတော့ အသင်းရဲ့ ကိုလံဘီယာ ဝါရင့် ဂိုးသမား အော့စ်ပီနာကို ထွက်ခွာခွင့် ပြုထားခဲ့ရပြီ ဖြစ်တာကြောင့် ဂိုးသမား တစ်ဦး မဖြစ်မနေ ရှာဖွေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲလ်နာဆာက အီဒါဆန်လို အရည်အသွေးမြင့် ဂိုးသမား တစ်ဦးကို အရ ခေါ်ယူဖို့ ကြိုးပမ်းနေပြီး မကြာခင်မှာ ဒုတိယအကြိမ်မြောက် ထပ်မံ ကမ်းလှမ်းသွားဖို့လည်း ရှိနေပါတယ်။

အီဒါဆင်ဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာ ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၇ ရာသီ အတွင်း ပွဲပေါင်း ၃၃၂ ပွဲ ပါဝင်ကစားထားပါတယ်။ ဒါ့အပြင် အီဒါဆင်ဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီး မှာ အဆင်မပြေ ဖြစ်ခဲ့ပေမယ့် ၄၃ ပွဲ အထိ ကစားခွင့်ရရှိခဲ့ပါတယ်။ အကယ်၍ မန်စီးတီး အနေနဲ့ အီဒါဆင်ကို လက်လွှတ်ခဲ့မယ် ဆိုရင်တော့ ဒုတိယ ဂိုးသမား အော်တီဂါကို နေရာပေးမလား ထိပ်တန်း အဆင့် ဂိုးသမား တစ်ဦး ထပ်မံ ခေါ်ယူသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်