နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂွါဒီယိုလာ အနေနဲ့ အနာဂတ်ကို မကြာခင် ဆုံးဖြတ်ဖို့ လိုလားနေတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ အသင်း နည်းပြ ပပ် ဂွါဒီယိုလာ အနေနဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မကြာခင် ဆုံးဖြတ်ချက်ချသွားဖို့ လိုလားနေကြောင်း သိရပါတယ်။ မန်စီးတီး အနေနဲ့ လာမယ့် နိုဝင်ဘာလ နိုင်ငံတကာ ရက်သတ္တပတ် အတွင်း ဂွါဒီယိုလာ အနေနဲ့ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ 

ဂွါဒီယိုလာ အနေနဲ့ လာမယ့် နွေရာသီမှာ မန်ချက်စတာစီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိ အချိန်ထိတော့ စာချုပ်သစ်ချုပ်ဆိုဖို့နဲ့ ပတ်သတ်လို့ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ မန်စီးတီး ဘက်ကတော့ ပပ် ဂွါဒီယိုလာကို စာချုပ်သက်တမ်းတိုးဖို့ အသင့်ရှိနေပေမယ့်လည်း ကံယာကံရှင်ရဲ့ သဘောထားကသာ အဓိကကျနေတဲ့ အတွက် အကယ်၍ လမ်းခွဲမယ် ဆိုရင်တော့ ကြိုတင် ပြင်ဆင်ဖို့ အတွက် အမြန်ဆုံး အဆုံးအဖြတ်ပေးဖို့ လိုလားနေတာ ဖြစ်ကြောင်း သိရပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အနေနဲ့ ပပ် ဂွါဒီယိုလာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆိုကို ပစ်မှတ်ထားနေကြောင်းလည်း သိရပါတယ်။ ဒီမတိုင်ခင် ဂွါဒီယိုလာ ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားထားခဲ့ပါတယ်။ ဂွာဒီယိုလာက “ကျွန်တော်က မြက်ခင်းစိမ်းတွေကို သဘောကျပါတယ်။ ကျွန်တော့် အလုပ်ကို သဘောကျတယ်လို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဆုဖလားတွေ အကြောင်း ပြောရရင် ဒီကို ရောက်လာချိန်မှာ  အခုလို ဖြစ်မယ်လို့ လုံးဝ မမျှော်လင့်ထားပါဘူး။ တီကီ (ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်း) ကိုယ်စား ပြောတာ မဟုတ်ပေမယ့် ကျွန်တော်နဲ့ တီကီက ဒီကို ရောက်လာတဲ့ အချိန်မှာ အခုလိုမျိုး လုံးဝ မမျှော်လင့်ထားပါဘူး။ မနက်လင်းရင် အလုပ်လာရတာကို ကျွန်တော် သဘောကျနေတုန်းပဲ။ လေ့ကျင့် ပြင်ဆင်မှု လုပ်ရမှာတွေ၊ ကျွန်တော် မြင်ရတဲ့ ဓာတ်ပုံတွေ အကြောင်း ကစားသမားတွေကို ပြောရမှာတွေ တွေးနေတယ်။ အဲဒါကို သဘောကျနေတုန်းပါပဲ။ ဒါက ကျွန်တော် မန်နေဂျာ တစ်ယောက် ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းပါ။ အဲဒီလို မခံစားရတော့ဘူး ဆိုရင် မန်စီးတီးမှ မဟုတ်ဘဲ မန်နေဂျာ တစ်ယောက် ဖြစ်နေတော့မှာ မဟုတ်ဘူး။ လေ့ကျင့်မှုလည်း လုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒါ သေချာပါတယ်။”လို့ ပြောကြားထားခဲ့ပါတယ်။ 

အဲ့နောက် မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီး ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရယူပေးခဲ့ပါတယ်။
မန်စီးတီးမှာ အနာဂတ် မသေချာ ဖြစ်နေတဲ့ ဂွာဒီယိုလာ

ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို နည်းပြ ဘဝ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့နောက် မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီး ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရယူပေးခဲ့ပါတယ်။ ဂွာဒီယိုလာ အနေနဲ့ မန်စီးတီး နည်းပြ အဖြစ် ကိုင်တွယ်နေစဉ် အတွင်း အဓိက ဆုဖလား ၁၅ လုံး အထိ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

သူ့ အနေနဲ့ ချန်ပီယံလိဂ် ဖိုင်နယ် တစ်ကြိမ်နဲ့ အက်ဖ်အေဖလား ဖိုင်နယ် တစ်ကြိမ်သာ ရှုံးနိမ့်ပြီး ဆုဖလား ၂ လုံးသာ လက်လွှတ်ခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်