နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြိုင်ဘက်တွေ ရမှတ်လျော့မှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

လစ်ဗာပူးလ် ၂-၁ ဘရိုက်တန်

လစ်ဗာပူးလ်နဲ့ ဘရိုက်တန် တို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ကလည်း အကြိတ်အနယ် ရှိပြီး ကြည့်ကောင်းခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ဘရိုက်တန်ကို ဦးဆောင်ခွင့် ပေးပြီးမှ နောက်က လိုက်ကစားပြီး လိုအပ်နေတဲ့ နိုင်ပွဲ ရအောင် ယူသွားခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ဒီနေ့ပွဲမှာ ခယ်လာဟာ၊ ဗန်ဒိုက်ခ်၊ ကွန်ဆာ၊ ဂိုးမက်ဇ်၊ ဘရက်ဒ်လီ၊ အန်ဒို၊ မက်အယ်စ္စတာ၊ ဆဘို့ဇ်လိုင်း၊ ဒီးယက်ဇ်၊ ဆာလာ၊ နူညက်ဇ် တို့နဲ့ လူစုံထုတ်လာခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန် ကလည်း သူတို့ရဲ့ ထုံးစံ အတိုင်း လစ်ဗာပူးလ်ကို ဒုက္ခပေးဖို့ အတွက် ဗာဘရက်ဂျန်၊ ဒန့်ခ်၊ ဟက်ကီ၊ ဗဲလ်မန်း၊ အက်စတူပီနန်၊ ဂရော့စ်၊ ဘယ်လီဘာ၊ မိုဒါ၊ လမ့်ပ်တေး၊ အက်ဒင်ဂရာ၊ ဝဲလ်ဘက် တို့ပါဝင်တဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ပွဲအစပိုင်းမှာ အထနှေးနေတဲ့ လစ်ဗာပူးလ်ကို ဘရိုက်တန်တို့ လျင်မြန်တဲ့ တိုက်စစ် ကူးပြောင်းမှုနဲ့ ဒုက္ခပေးနိုင်ခဲ့ပြီး လမ့်ပ်တေးနဲ့ အက်ဒင်ဂရာ တို့ရဲ့ တောင်ပံ နှစ်ဖက်ကလည်း လုပ်အားနှုန်း ကောင်းခဲ့ပါတယ်။ ပွဲချိန် ၂ မိနစ်မှာပဲ ဘရိုက်တန်တို့ ဦးဆောင်ခွင့်ရခဲ့ပြီး ဝဲလ်ဘက်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့ နောက်မှာတော့ လစ်ဗာပူးလ်တို့ ဘရိုက်တန် ဘက်ကို တစ်ဖက်သတ် ဖိကစားခဲ့ပြီး မက် အယ်လစ္စတာရဲ့ ဆာလာ ဆီ တိုက်ရိုက် ဖန်တီးပေးမှုတွေ ကလည်း ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ဆာလာရဲ့ အဆုံးသတ် အားနည်းချက်တွေကြောင့် လစ်ဗာပူးလ်တို့ ဂိုးမရခဲ့ပါဘူး။ ဒါပေမယ့်လည်း ပွဲချိန် ၂၇ မိနစ်မှာတော့ လစ်ဗာပူးလ်တို့ ချေပဂိုး ရသွားခဲ့ပြီး လူးဝစ် ဒီးယက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်တိုက် ဆိုသလိုပဲ လစ်ဗာပူးလ်တို့ ဂိုးတွေ ထပ်သွင်းဖို့ ဘရိုက်တန် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နေခဲ့ပေမယ့် ၁-၁ ရလဒ်နဲ့ပဲ ပထမပိုင်းပြီးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လစ်ဗာပူးလ် တို့ပဲ ပွဲကို ဆက်လက် ထိန်းချုပ်ထားခဲ့ပြီး ထိုးဖောက်နေရင်းကနေ ၆၅ မိနစ် မှာတော့ အနိုင်ဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ မက် အယ်လစ္စတာရဲ့ ဖန်တီးပေးမှု ကနေ မိုဟာမက် ဆာလာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် မှာတော့ မက် အယ်လစ္စတာနဲ့ ဆာလာ တွဲဖက်မှုက အလုပ်ဖြစ်သွားခဲ့ပြီး လစ်ဗာပူးလ်တို့လည်း စိတ်အေးခဲ့ရပါတယ်။ လက်ကျန် မိနစ် တချို့မှာ အပြန်အလှန် ရှိခဲ့ပေမယ့် လစ်ဗာပူးလ် ကပဲ အနိုင်ရလဒ်ကို ထိန်းသွားနိုင်တာကြောင့် ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ အာဆင်နယ်နဲ့ မန်စီးတီး ပွဲမတိုင်ခင် သူတို့ လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ရအောင် ယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေတဲ့ အသင်းတွေထဲမှာ လက်ကျန်ပွဲ အချောင်ဆုံး ဖြစ်ပြီး ဒီလို ခြေစွမ်း၊ စိတ်ဓာတ်မျိုးနဲ့ဆို ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း များနေပြီလို့ပဲ ပြောရပါမယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ထုံးစံ အတိုင်း ရာသီကုန်ခါနီးလည်း ရင်ခုန်စရာ ပိုကောင်းလာဖို့ ရှိပြီး မထင်မှတ်တဲ့ အလှည့်အပြောင်းတွေ ဖြစ်လာမလား ဆိုတာ‌ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဘရိုက်တန် ကတော့ ရှုံးနိမ့်ခဲ့တာကြောင့် ဥရောပ ဝင်ခွင့် တစ်နေရာ အတွက် ဆက်လက် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ အဖြစ် ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားရဖို့ ရှိပြီး ဘရိုက်တန် ကတော့ ဘရန့်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်