အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၉ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ကတော့ အင်တာမီလန် အသင်းရဲ့ ဗဟိုနောက်ခံလူ အလက်ဆန်ဒရို ဘတ်စတိုနီကို ခေါ်ယူဖို့ အတွက် ပေါင် ၈၀ သန်း အသုံးပြုဖို့ ဆန္ဒရှိနေပါတယ်။ အီတလီသား ကတော့ ပရီးမီးယားလိဂ် ကလပ်က ဗာဂျယ် ဗန်ဒိုက်ခ်ရဲ့ ရေရှည် ဆက်ခံသူ အဖြစ် သတ်မှတ်ခံထားရပါတယ်။ စီးရီးအေ ကလပ် ကတော့ သူတို့ရဲ့ အဓိက ကစားသမားကို လက်မလွှတ်ချင်ပေမယ့် ပေါင် သန်း ၈၀ နဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေပါတယ်။
တစ်ဖက် မှာလည်း ဘတ်စတိုနီက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။ လာလီဂါ ကလပ်ဟာ အင်တာ ဗဟိုနောက်ခံလူကို ခေါ်ယူဖို့ အလွန်အမင်း စိတ်အားထက်သန်နေတာကြောင့် အကယ်ဒမီထွက် ဂါဗီနဲ့ အလဲအလှယ် လုပ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ဒဏ်ရာရ ကစားသမား များနေတဲ့ ကွင်းလယ်ပိုင်းကို အင်အားမြှင့်တင်ဖို့ အတွက် မန်ချက်စတာယူနိုက်တက်ဟာ အဲဗာတန် လူငယ် ကစားသမားလေး ဂျိမ်းစ် ဂါနာကို ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေကြောင်း Daily Mail က ဖော်ပြပါတယ်။ မန်ချက်စတာယူနိုက်တက်က တစ်ဖက် မှာလည်း ရိုးမားရဲ့ မာနူ ကိုနေးကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ပြင်သစ် လက်ရွေးစင် ကစားသမားဟာ ဒီဆောင်းရာသီမှာ ခေါ်ယူနိုင်ဦးမှာ မဟုတ်ပဲ ရာသီပြီးဆုံးချိန်မှာသာ ယူရို ၆၅ သန်း (ပေါင် ၅၆.၇ သန်း၊ ဒေါ်လာ ၇၆.၅ သန်း) ဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါ အတွက် လစ်ဗာပူးလ်ရဲ့ ယူရို သန်း ၇၀ (ပေါင် ၆၁.၁ သန်း၊ ဒေါ်လာ ၈၂.၄ သန်း)နဲ့ ကမ်းလှမ်းမှုကို ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။ လာလီဂါ ကလပ်ဟာ ပြင်သစ် ကွင်းလယ်လူကို လက်လွှတ်လိုခြင်း မရှိကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ AZ အဲလ်ခမာ အံ့ဖွယ် ကြယ်ပွင့်လေး ကီးစ် စမစ်ရဲ့ အပြောင်းအရွှေ့ အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်နေရပါတယ်။ လက်ရှိ ဒတ်ချ် ကွင်းလယ်လူရဲ့ တန်ကြေးက ယူရို သန်း ၆၀ (ပေါင် ၅၂.၃ သန်း၊ ဒေါ်လာ ၇၀.၆ သန်း) ရှိနေပြီး နယူးကာဆယ်၊ ဘာစီလိုနာနဲ့ ဒေါ့မန် တို့ကလည်း စိတ်ဝင်စားနေပါတယ်။
ဘရူနို ဖာနန်ဒက်စ် ကတော့ မန်ချက်စတာယူနိုက်တက် အတွက် သူ့ရဲ့ နောက်ဆုံးပွဲကို ကစားခဲ့ကြောင်း ရဲရင့်တဲ့ ပြောဆိုမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပေါ်တူဂီ ကြယ်ပွင့် ကွင်းလယ်လူ ကတော့ ဇန်နဝါရီလလယ် အထိ ဒဏ်ရာကြောင့် အနားယူရဖို့ ရှိနေတာကြောင့် မကြာခင်မှာ ယူနိုက်တက် ကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက် ကနေ ထွက်ခွာခဲ့ရင်တော့ ဆော်ဒီပရိုလိဂ် ကိုသာ ပြောင်းရွှေ့ဖို့ များနေပါတယ်။
အာဆင်နယ် အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘုန်းမောက် တိုက်စစ်မှူးကို စိတ်ဝင်စားမှု ပြသလာဖွယ် ရှိကြောင်း သတင်းတွေက ဖော်ပြပါတယ်။ အန်တိုနီ ဆီမီညို ကတော့ မန်စီးတီးကို ပြောင်းရွှေ့ဖို့သာ ဦးစားပေး ဆုံးဖြတ်ထားပြီး လစ်ဗာပူးလ် ကတော့ လက်ရှိအချိန်ထိ လက်မလျှော့သေးကြောင်း သိရပါတယ်။
ရာဟင်းမ် စတာလင် ကတော့ လာမယ့် ဇန်နဝါရီလမှာ ခရစ္စတယ်ပဲလေ့စ် သို့မဟုတ် ဖူလ်ဟမ် တစ်သင်းသင်းဆီ ပြောင်းရွှေ့ခြင်းဖြင့် သူ့ရဲ့ ချဲလ်ဆီး ကစားသမား ဘဝ ကနေ လွတ်မြောက်နိုင်ဖွယ် ရှိနေပါတယ်။ လန်ဒန် ကလပ် နှစ်သင်းစလုံး ကတော့ အင်္ဂလန် လက်ရွေးစင်ဟောင်းကို စိတ်ဝင်စားနေကြပါတယ်။ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာရဲ့ ဗဟိုနောက်ခံလူ ပါအူ တောရက်စ် ကိုတော့ ဘာစီလိုနာက စိတ်ဝင်စားနေပါတယ်။ အူနိုင်း အမ်မရီ ကတော့ အသင်းမှာ အသင်းမှာ ဆက်လက် ထိန်းသိမ်းလိုနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


