နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗလာဟိုဗစ်ကို ယူရို သန်း ၂၀ ကမ်းလှမ်းမယ့် လစ်ဗာပူးလ်၊ ဆီမီညို ရောက်ရင် မန်စီးတီး ကနေ ထွက်ခွာမယ့် အော်စကာ ဘော့ဘ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၇ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် တောင်ပံကစားသမား မိုဟာမက် ဆာလာရဲ့ အေးဂျင့် ကတော့ မကြာသေးခင်က တူရကီ ထိပ်သီး ကလပ် ဖီနာဘာချီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် အပြောင်းအရွှေ့ ကိုတော့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ သတင်းတွေအရ ဆိုရင်တော့ မိုဆာလာက အပြောင်းအရွှေ့ နှစ်ခုသာ စဉ်းစားနေပြီး လစ်ဗာပူးလ်မှာ ဆက်နေဖို့ ဒါမှမဟုတ် ဆော်ဒီအာရေဗျသို့ ပြောင်းရွှေ့ဖို့ ဖြစ်ကြောင်း သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ် ချန်ပီယံ တို့ကတော့ လာမယ့် ဇန်နဝါရီမှာ ဒဏ်ရာရနေတဲ့ အလက်ဇန္တား အိဆက်ခ်ရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမား တစ်ဦး ခေါ်ယူဖို့ ရှာဖွေနေကြောင်း သိရပါတယ်။ လစ်ဗာပူးလ်ဟာ ရာသီအကုန်မှာ ဂျူဗင်တပ်စ် ကနေ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ ရှိနေတဲ့ ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ယူရို ၂၀ သန်း (ပေါင် ၁၇.၄ သန်း၊ ဒေါ်လာ ၂၃.၆ သန်း) နဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး အနေနဲ့ အန်တိုနီယို ဆီမီညိုကို ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် အသက် ၂၂ နှစ်အရွယ် အော်စကာ ဘော့ဘ် ကတော့ အက်တီဟတ် ကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ အင်္ဂလန်သားကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲ မှာတော့ ဒေါ့မန်က ထိပ်ဆုံးက ပါဝင်နေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး အနေနဲ့ အန်တိုနီယို ဆီမီညိုကို ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် အသက် ၂၂ နှစ်အရွယ် အော်စကာ ဘော့ဘ် ကတော့ အက်တီဟတ် ကနေ ထွက်ခွာဖို့ ရှိနေပါတယ်။
ဆီမီညိုကို ခေါ်ယူခဲ့ရင် အက်တီဟတ်ကို စွန့်ခွာမယ့် အော်စကာ ဘော့ဘ်

အာဆင်နယ် ကတော့ အေစီမီလန်နဲ့ လမ်းခွဲဖို့ ဆန္ဒမရှိတဲ့ အသက် ၁၉ နှစ် အရွယ် နောက်ခံလူ ဒါဗီဒီ ဘာတီဆာဂီကို ယူရို ၂၅ သန်း (ပေါင် ၂၁.၈ သန်း၊ ဒေါ်လာ ၂၉.၅ သန်း) နဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

ကီနန် ယီလ်ဒစ်ဇ်ရဲ့ လုပ်ခလစာ တောင်းဆိုမှုတွေက ဂျူဗင်တပ်စ်နဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေ အတွက် ပြဿနာတွေ ရှိလာပါတယ်။ တူရကီသား ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့က မကြာခင်မှာ အပြိုင်အဆိုင် ကမ်းလှမ်းဖို့ ဆန္ဒရှိနေကြပါတယ်။ 

ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ နယူးကာဆယ်ယူနိုက်တက် ကွင်းလယ်လူ ဂျိုးလင်တန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

လာမယ့် ဇန်နဝါရီ မှာတော့ နယူးကာဆယ်က ချဲလ်ဆီးရဲ့ အပယ်ခံ တောင်ပံ ကစားသမား ရာဟင်းမ် စတာလင်ကို ခေါ်ယူဖို့ အလားအလာ ရှိနေပါတယ်။ ငှက်ကြားတွေဟာ ယူရို ၂၅ သန်း (ပေါင် ၂၁.၈ သန်း၊ ဒေါ်လာ ၂၉.၅ သန်း) နဲ့ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားနိုင်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကတော့ ဘရန့်ဖို့ဒ်၊ အစ်ပ်ဆွစ်ချ်တောင်း တို့နဲ့ အတူ တော့တင်ဟမ်ဟော့စပါး တောင်ပံ ကစားသမား ဘရန်နန် ဂျွန်ဆင်ကို ခေါ်ယူဖို့ ကြိုးပပ်းနေပါတယ်။ ကစားသမား ကတော့ လာမယ့် ဇန်နဝါရီမှာ အမြဲတမ်း စာချုပ် ဒါမှမဟုတ် အငှားစာချုပ်နဲ့ စပါး ကနေ ထွက်ခွာနိုင်ခြေ ရှိနေပါတယ်။

ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ ဆာဆွယ်လို တောင်ပံ ကစားသမား အာမန် လောရီယန်တေး ကို ခေါ်ယူဖို့ နာပိုလီ အပြိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။ ဆာဆွယ်လို ဘက်ကတော့ သူတို့ရဲ့ ကစားသမားကို ပေါင် ၂၁ သန်း (ဒေါ်လာ ၂၈.၄ သန်း) လောက်နဲ့ ထွက်ခွာခွင့်ပြုထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်