ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
လစ်ဗာပူးလ်ကတော့ပရီးမီးယားလိဂ်ကိုပြန်လာဖို့မျှော်လင့်နေတဲ့ဘေယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းကိုခေါ်ယူဖို့ယူရိုသန်း၁၂၀ (ပေါင်၁၀၀.၃သန်း)နဲ့ကမ်းလှမ်းဖို့ရှိနေတယ်လို့သိရပါတယ်။ကိန်းကတော့လက်ရှိကလပ်ဘေယန်မြူးနစ်မှာခြေစွမ်းပြနေပေမယ့်လည်းထူးဆန်းစွာနဲ့ပရီးမီးယားလိဂ်ကိုပြန်လာချင်နေကြောင့်အခုရက်ပိုင်းအတွင်းသတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဟယ်ရီကိန်းကိုတော့နောက်ထပ်ပရီးမီးယားလိဂ်ကလပ်၃သင်းဖြစ်တဲ့အာဆင်နယ်၊ချဲလ်ဆီးနဲ့မန်ချက်စတာယူနိုက်တက်တို့ကစိတ်ဝင်စားနေကြပါတယ်။
အာဆင်နယ်ကတော့ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူမာတင်ဇူဘီမန်ဒီကိုခေါ်ယူနိုင်ဖို့လစ်ဗာပူးလ်၊ရီးရဲလ်မက်ဒရစ်တို့နဲ့အပြိုင်ကြိုးပမ်းရဖို့ရှိနေပါတယ်။ဒါပေမယ့်လည်းဂန်းနားတွေဟာစပိန်သားကိုခေါ်ယူနိုင်ဖို့အခြေအနေအကောင်းဆုံးဖြစ်နေကြောင်းစပိန်သတင်းစာ AS ကဖော်ပြလာပါတယ်။ဆက်စပ်သတင်းတွေအရအာဆင်နယ်ရဲ့ရေဒါထဲမှာဘရန့်ဖို့ဒ်တိုက်စစ်မှူးဘရိုင်ယန်အမ်ဘူအမ်မိုနဲ့ဘုန်းမောက်တောင်ပံကစားသမားအန်တွန်ဆီမီညိုတို့ပါဝင်နေတယ်လို့သိရပါတယ်။
လာလီဂါကလပ်ဘာစီလိုနာကတော့အခုနွေရာသီမှာနယူးကာဆယ်တိုက်စစ်မှူးအလက်ဇန္တားအိဆက်ခ်ကိုတခြားအသင်းတွေနဲ့အပြိုင်ခေါ်ယူဖို့မဖြစ်နိုင်ကြောင်းလက်ခံလိုက်ပြီလို့သိရပါတယ်။ဒါကြောင့်ဘာစီလိုနာဟာသူတို့ရန်ပုံငွေလုံလောက်စွာရှိနေမယ့်လာမယ့်၂၀၂၆ခုနှစ်မှသာဆွီဒင်လက်ရွေးစင်အားအသင်းပြောင်းရွှေ့ဖို့တိုက်တွန်းသွားမှာဖြစ်ကြောင်းသိရပါတယ်။
ရိုးမားဗဟိုခံစစ်မှူးအီဗန်အန်ဒီကာကတော့ကလပ်တွင်အနာဂတ်မရေမရာဖြစ်နေပြီးအာဆင်နယ်၊နော့တင်ဟမ်ဖောရက်စ်နဲ့ရီးရဲလ်မက်ဒရစ်တို့ကစိတ်ဝင်စားလျက်ရှိကြောင်း La Gazzetta dello Sport ကဖော်ပြပါတယ်။

အေစီမီလန်ကတော့တော့တင်ဟမ်ဟော့စပါးဗဟိုခံစစ်မှူးရာဒူဒရာဂူဆင်ကိုအသင်းရဲ့ဗဟိုခံစစ်မှူးဖီကာယိုတိုမိုရီနဲ့တိုက်ရိုက်အလဲအလှယ်ပြုလုပ်ဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ဒရာဂူဆင်ကတော့လက်ရှိဈေးကွက်တန်ကြေးယူရိုသန်း၃၀ (ပေါင်၂၅.၁သန်း) ဝန်းကျင်ရှိနေသူလည်းဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲတော့တင်ဟမ်ဟော့စပါးဟာအသင်းကိုကြီးမားတဲ့ပြန်လည်တည်ဆောက်မှုတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ဒေါ့မန်တောင်ပံကစားသမားဂျေမမီဘိုင်နိုဂစ်တင်န်စ်ကိုခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။
ချဲလ်ဆီးကတော့ဘီလ်ဘာအိုတောင်ပံကစားသမားနီကိုဝီလီယမ်စ်ကိုပရီးမီးယားလိဂ်ကလပ်တွေနဲ့အပြိုင်အဆိုင်ခေါ်ယူဖို့ကြိုးပမ်းလာခဲ့ပြီလို့သိရပါတယ်။လက်ရှိမှာချဲလ်ဆီးကကစားသမားရဲ့အေးဂျင့်နဲ့အသည်းအသန်ချိတ်ဆက်နေပြီးတော့လက်ဦးမှုရယူခေါ်ယူဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
ဒေါ့မန်နဲ့လေဗာကူဆင်တို့ကတော့နွေရာသီအပြောင်းအရွှေ့မှာချဲလ်ဆီးကိုအပြီးသတ်ရောက်ရှိနိုင်တဲ့ဂျေဒန်ဆန်ချိုကိုပြန်လည်ခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ဒေါ့မန်ဟာသူတို့အသင်းမှာခပ်မြန်မြန်အသားကျနိုင်တာကြောင့်ဆန်ချိုကိုသဘောကျနေတာဖြစ်ပြီးလေဗာကူဆင်ကတော့အသင်းရဲ့တောင်ပံကစားသမားတချို့လက်လွှတ်ရဖို့ရှိတာကြောင့်ဆန်ချိုနဲ့ပြန်လည်အစားထိုးချင်နေတာဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.