နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီဂိုကို ယူရိုသန်း ၉၀နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေတဲ့ လစ်ဗာပူးလ်၊ အီဒါဆင် အကြောင်း စုံစမ်းထားတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ ဇန်နဝါရီ ၄ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ရိုဒရီဂို အတွက် ယူရို သန်း ၉၀ (ပေါင် ၇၈.၅ သန်း၊ ဒေါ်လာ ၁၀၈.၇ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်ကတော့ ဇန်နဝါရီမှာ ရောင်းချဖို့ မသေချာသေးကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နွေရာသီမှာ ဘုန်းမောက် တောင်ပံကစားသမား အန်တိုနီယို ဆီမီညိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က အသက် ၂၅ နှစ် အရွယ် ကစားသမား အတွက် အမ်ဘူမိုနဲ့ ကူညာ တို့ကို ပေးချေထားတဲ့ လစာထက် နည်းပါးတဲ့ ပမာဏကို ပေးချေချင်နေပါတယ်။ ဒါကြောင့် ဂါနာသားက ယူနိုက်တက်နဲ့ သဘောတူညီချက် ကနေ နုတ်ထွက်ခဲ့ပြီး စာချုပ် ဖျက်သိမ်းကြေးပါတဲ့ သဘောတူညီချက် အသစ်နဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ နီးကပ်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ အတ္တလန္တာ ကွင်းလယ်လူ အီဒါဆန် အကြောင်း စုံစမ်းလျက် ရှိပါတယ်။ ဒီကစားသမား အတွက် သတ်မှတ်ထားတဲ့ တန်ကြေးက ယူရို ၄၀ သန်း (ပေါင် ၃၄.၉ သန်း၊ ဒေါ်လာ ၄၇ သန်း) အောက်ကို ကျဆင်းသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် ယူနိုက်တက်က ထပ်မံ မေးမြန်းမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။ 

ချဲလ်ဆီး ကတော့ အက်စတွန်ဗီလာရဲ့ ငွေကြေး အခြေအနေကြောင့် ၂၀၂၆ ခုနှစ်မှာ ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ် အပေါ် သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြန်လည် စတင်လာခဲ့ပါတယ်။ အာဆင်နယ် ကွင်းလယ် ကြယ်ပွင့် အီသန် နွမ်နရီ ကလည်း ချဲလ်ဆီးရဲ့ ရေဒါထဲမှာ ရှိနေပါတယ်။ 

ဒေါမန် တောင်ပံ ကစားသမား ကာရင်မ် အဒီယီမီ ကတော့ ပြီးခဲ့တဲ့ ရာသီ အနည်းငယ် အတွင်း အသင်းနဲ့ ရှုပ်ထွေးမှုတွေ ရှိခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားက အာဆင်နယ် ကိုတော့ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း talkSPORT က ဖော်ပြပါတယ်။

အဲဗာတန်နဲ့ ဝက်စ်ဟမ်း ယူနိုက်တက် တို့ကတော့ လက်ရှိ ဆောင်းရာသီမှာ မန်စီးတီး ကနေ ထွက်ခွာဖို့ များနေတဲ့ ခံစစ်မှူး နေသန် အေခီကို ခေါ်ယူဖို့ အပြိုင်အဆိုင် ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ အတ္တလန္တာ ကွင်းလယ်လူ အီဒါဆန် အကြောင်း စုံစမ်းလျက် ရှိပါတယ်။
အတ္တလန္တာ ကွင်းလယ်လူ အီဒါဆန်ကို တဖန် ပြန်လည် စိတ်ဝင်စားလာတဲ့ ယူနိုက်တက်

ဘရန်နန် ဂျွန်ဆင်ကို ခရစ္စတယ်ပဲလေ့စ်ဆီ ရောင်းချပြီးနောက် တော့တင်ဟမ်ဟော့စပါးက မန်ချက်စတာစီးတီး တောင်ပံကစားသမား ဆာဗင်ညိုနဲ့ အစားထိုးဖို့ အာရုံစိုက်ထားကြောင်း သိရပါတယ်။ ဂျွန်ဆင်ကို ပဲလေ့စ်ဆီ ရောင်းချဖို့ တော့တင်ဟမ်ဟော့စပါး တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို အသင်းမှာ ရှိတဲ့ ကစားသမား အများအပြားက ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့ကြကြောင်း football.london က ဖော်ပြပါတယ်။

အက်စတွန်ဗီလာ၊ နယူးကာဆယ်ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့ကတော့ ဆဲလ်တာဗီဂို နောက်ခံလူ အော်စကာ မင်ဂွဲဇားကိုကို ခေါ်ယူဖို့ အသင့် ရှိနေပါတယ်။ ကစားသမား က‌တော့ လာလီဂါ ကလပ်နဲ့ လက်ရှိ စာချုပ် နောက်ဆုံး ၆ လထဲကို ဝင်ရောက်နေပြီလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ အင်္ဂလန် တောင်ပံကစားသမား ရာဟင်းမ် စတာလင်က ဝက်စ်ဟမ်းရဲ့ အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ဖူလ်ဟမ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ အသက် ၃၁ နှစ် အရွယ် ကစားသမားက ချဲလ်ဆီးနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပေမယ့် အသင်းမှာ ကစားခွင့် မရတာကြောင့် အသင်း ပြောင်းရွှေ့ဖို့ စီစဉ်နေတာပါ။ ချဲလ်ဆီး ကလည်း တစ်ပတ် လုပ်ခ လစာ ပေါင် ၃ သိန်းကျော် ပေးနေရတဲ့ စတာလင်ကို ရောင်းထုတ်ဖို့ လိုလားနေပါတယ်။ ဝက်စ်ဟမ်းက အငှားနဲ့ ကမ်းလှမ်းခဲ့ပေမယ့် တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ အသင်း ဖြစ်တာကြောင့် စတာလင်က ငြင်းပယ်ခဲ့တာ ဖြစ်ပြီး အဆင့် ၁၁ နေရာမှာ ရှိနေတဲ့ ဖူလ်ဟမ်ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်