နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ ခက်ခဲခဲ့တယ်လို့ ဖွင့်ဟခဲ့တဲ့ ဆလော့တ် | ပရီးမီးယားလိဂ်

countdown banner

အာနေး ဆလော့တ်က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ ခက်ခဲခဲ့တယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ်ဟာ အာနေး ဆလော့တ်ကို ကလော့ပ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်မယ့် နည်းပြ အဖြစ် တရားဝင် ကြေညာခဲ့ပြီး ကလော့ပ် ကိုလည်း နှုတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။

အာနေး ဆလော့တ်က သူ့ အနေနဲ့ နယ်သာလန် ကလပ် ဖီယင်နော့ဒ် ကနေ ထွက်ခွာဖို့က လွယ်ကူတဲ့ ဆုံးဖြတ်ချက် မဟုတ်ခဲ့ပေမယ့် လစ်ဗာပူးလ်ရဲ့ ကမ်းလှမ်းမှု ကိုတော့ ငြင်းဆန်ဖို့ ခက်ခဲလွန်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆလော့တ်ဟာ ကလော့ပ်ရဲ့ မန်နေဂျာ ရာထူးကို ဆက်ခံမှာ ဖြစ်ကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်လူမျိုး နည်းပြ ယာဂင် ကလော့ပ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝုဗ်ကို ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ သူ ကိုးနှစ်နီးပါး ကိုင်တွယ်ခဲ့တဲ့ မာဆေးလ်ဆိုက်ဒ် ကလပ်ကို နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်က အန်ဖီးလ်မှာ နှုတ်ဆက် မိန့်ခွန်း ပြောစဉ် အတွင်းတွင် “အာနေး ဆလော့တ် လာလာလာ ဆိုပြီး ပရိသတ်တွေကို သံပြိုင် ရွတ်ဆိုစေခဲ့ပြီး နောက်ရက် မှာတော့ ကလပ် ဘက်က အသက် ၄၅ နှစ် အရွယ် နယ်သာလန်သား နည်းပြကို အလုပ်ခန့်အပ်ကြောင်း တရားဝင် ကြေငြာခဲ့တာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆလော့တ်ဟာ ကလော့ပ်ရဲ့ မန်နေဂျာ ရာထူးကို ဆက်ခံမှာ ဖြစ်ကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ရဲ့ ကမ်းလှမ်းမှုကို မငြင်းနိုင်ခဲ့တဲ့ ဆလော့တ်

ဆလော့တ်ဟာ ဖီယင်နော့ဒ်ကို သူတာဝန်ယူ ကိုင်တွယ်စဉ် အတွင်း နယ်သာလန် အမှတ်ပေးဖလား အပြင် KNVB ဖလား ရယူပေးနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မှာတော့ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်ပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဖီယင်နော့ဒ်ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ Slot က “ကျွန်တော့် အနေနဲ့ အရမ်းကောင်းတဲ့ အခိုက်အတန့်တွေကို တွေ့ကြုံခံစားခဲ့ရပါတယ်။ အံ့သြစရာကောင်းတဲ့ လူပေါင်းများစွာနဲ့ အောင်မြင်စွာ အလုပ်တွဲလုပ်ဖြစ်ခဲ့တဲ့ ကလပ် တစ်ခု ကနေ ထွက်ခွာလာဖို့ ဆိုတာ လွယ်ကူတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။

“ဒါပေမယ့် အားကစားသမား တစ်ယောက် အနေနဲ့ ပရီးမီးယားလိဂ်မှာ နည်းပြ တစ်ယောက် ဖြစ်လာဖို့၊ ကမ္ဘာ့အကြီးအကျယ်ဆုံး ပရီးမီးယားလိဂ် ကလပ်တွေ ထဲက တစ်ခု ဖြစ်တဲ့ လစ်ဗာပူးလ်ကို လစ်လျှူရှုဖို့ ခက်ခဲခဲ့ပါတယ်။” လို့ ပြောဆိုခဲ့တာပါ။

“တစ်ဆက်တည်းမှာပဲ၊ လစ်ဗာပူးလို ကလပ် တစ်ခုမှာ အလုပ်လုပ်ရတာဟာ ထူးခြားတဲ့ အခွင့်အရေး တစ်ခု ဆိုတာ ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ အဲဒီစိတ်နဲ့ အတူတူ အဖြေတစ်ခု ရှာနိုင်မလား ဆိုတာ သိဖို့အတွက် စကားပြောခဲ့တာပါ။ အောင်မြင်ခဲ့ပါတယ်။” လို့ ဆလော့တ်က ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ ယာဂင် ကလော့ပ် နေရာ အတွက် ဆလော့တ်နဲ့ အစားထိုးခဲ့ခြင်း အတွက် ပရိသတ်တွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေပြီး ဘောလုံးသမားဟောင်းတွေနဲ့ သုံးသပ်သူ တချို့ကတော့ နယ်သာလန်သား နည်းပြ အနေနဲ့ ကလပ် အသစ်မှာ အလျင်အမြန် အသားကျသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ကလော့ပ် ကိုယ်တိုင် ကလည်း ဆလော့တ်ရဲ့ တိုက်စစ် ကစားဟန်ကို နှစ်သက်ကြောင်း ပြောကြားခဲ့ပြီး ခန့်အပ်ဖို့လည်း ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်