နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုဒရီဂိုကို ခေါ်ယူဖို့ ပေါင် သန်း ၁၀၀ အထိ သုံးစွဲဖို့ ရှိနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် လစ်ဗာပူးလ် ကတော့ ရိုဒရီဂိုကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ အထိ အသုံးပြုသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါဟာ လစ်ဗာပူးလ်ရဲ့ ကလပ် အသင်း သမိုင်းတလျှောက် ကစားသမား ခေါ်ယူမှု အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ခုလည်း ဖြစ်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် တောင်ပံ တိုက်စစ် ကစားသမား ရိုဒရီဂို ကတော့ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နေသူပါ။ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ် အတွက် ပွဲတိုင်းနီးပါး ခြေစွမ်းပြ ကစားထားနိုင်ပြီး လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၂၂၅ ပွဲ ကစားခဲ့ရာမှာ ၅၇ ဂိုးသွင်းပြီး ဖန်တီးမှု ၄၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ 

ရိုဒရီဂိုဟာ ၂၀၁၉ ခုနှစ်မှာ ဘရာဇီးလ် ကလပ် ဆန်းတို့စ် ကနေ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ် လူငယ် အသင်းမှာ ၃ ပွဲသာ ကစားပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ချက်ချင်းပဲ စီနီယာ အသင်းကြီးရဲ့ လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲ့နောက် ရီးရဲလ်မက်ဒရစ် အတွက် တောက်လျောက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ရိုဒရီဂိုက လက်ရှိ အချိန် လာလီဂါ၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားတို့ အပါအဝင် ကစားသမားဘဝ အမြင့်ဆုံး အောင်မြင်မှု ဆုဖလားတွေ ရရှိထားခဲ့ပါတယ်။

အဓိက ကတော့ ပရီမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ဟာ အသင်းရဲ့ တိုက်စစ် ကြယ်ပွင့် မိုဟာမက် ဆာလာ ထွက်ခွာရင် သူ့နေရာမှာ ရိုဒရီနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဂို ကတော့ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေတဲ့ ကစားသမား ဖြစ်ပြီးတော့ သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိခဲ့ရင်တော့ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ မကြာသေးခင် အချိန်က အသင်းကို ကီလီယန် အမ်ဘာပေး ရောက်ရှိလာခြင်းနဲ့ အတူ အနာဂတ် မရေရာတော့ကြောင့် သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူကိုယ်တိုင် ကတော့ လာလီဂါ ကလပ်မှာပဲ ဆက်နေလိုကြောင်း ပြောကြားထားခဲ့သလို အမ်ဘာပေးနဲ့လည်း အဆင်ပြေတဲ့ ဆက်ဆံရေး ရှိကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

အဓိက ကတော့ ပရီမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ဟာ အသင်းရဲ့ တိုက်စစ် ကြယ်ပွင့် မိုဟာမက် ဆာလာ ထွက်ခွာရင် သူ့နေရာမှာ ရိုဒရီနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီဂိုကို ဆာလာ နေရာမှာ အစားထိုး ခေါ်ယူချင်နေတဲ့ လစ်ဗာပူးလ်

ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်နဲ့ လာလီဂါ အောင်မြင်မှုတွေ ရရှိဖို့ အဓိက နေရာကနေ ပါဝင်ခဲ့သူ ဖြစ်ပေမယ့် ဘယ်လွန်ဒေါဆု ဆန်ကာတင် စာရင်း မှာတော့ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် သူကိုယ်တိုင်က စိတ်မကောင်းကြောင်း ပြောကြားထားခဲ့ပါသေးတယ်။

ရိုဒရီဂိုကို အနေနဲ့ အခုလိုမျိုး သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောကြားထားတာကြောင့် လစ်ဗာပူးလ် အနေနဲ့ သူ့ကို ပရီးမီးယားလိဂ်ဆီ အရောက် ခေါ်ယူဖို့ အသေအချာ စည်းရုံးနိုင်ဖို့ လိုအပ်နေပါတယ်။ ရိုဒရီဂိုဟာ အသက်အရွယ် ငယ်ရွယ်ပေမယ့် ဘောလုံး ပါရမီ ပါတဲ့ ဘရာဇီးလ် ကစားသမား တစ်ဦး ဖြစ်ပြီး အထောင် တိုက်စစ်နေရာမှာ သာမက လိုအပ်ရင် လိုအပ်သလို ဘယ်တောင်ပံ၊ ညာတောင်ပံနဲ့ ဘယ်ခြမ်း ကွင်းလယ်တွေမှာပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်