နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တစ်ယောက်လျော့ အဲဗာတန်ကို မာဆေးလ်ဆိုက်ဒ် ဒါဘီမှာ အနိုင်ကန်ခဲ့တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

countdown banner

လစ်ဗာပူးလ် 2 – 0 အဲဗာတန်

စနေနေ့ညနေ အစောပိုင်းမှာ ကစားသွားခဲ့တဲ့ အန်ဖီးလ်က ပရီးမီးယားလိဂ် မာဆေးလ်ဆိုက်ဒ် ဒါဘီ ပွဲစဉ်မှာတော့ လစ်ဗာပူးလ်က အဲဗာတန်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲ ကိုတော့ အိမ်ရှင် အသင်း ဘက်က ကာတစ် ဂျုံးစ် ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့သလို ကိုဒီ ဂက်ခ်ပို၊ အန်ဒီ ရော်ဘတ်ဆန်နဲ့ သီယာဂိုတို့ လွဲချော်ခဲ့ပါတယ်။ အဲဗာတန် ဘက်မှာလည်း ကိုးလ်မန်း၊ အလီနဲ့ အန်ဒရီ ဂိုးမက်ဇ်တို့ ပါဝင်နိုင်ခြင်း မရှိခဲ့ပေမယ့် နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်းနဲ့တော့ ပွဲထွက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လစ်ဗာပူးလ်ရဲ့ တိုက်စစ်မှာ ဂျိုတာ၊ မိုဆာလာ၊ ဒီးရာ့ဇ်တို့ ဦးဆောင်လာခဲ့ပြီး ဆဘို့ဇ်လိုင်း၊ မက်အဲလစ္စတာ၊ ဂရာဗန်ဘာ့ချ်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ဆီမီကတ်စ်၊ အာနိုးလ်နဲ့ အလီဆန်တို့ ပွဲထွက်ခဲ့ပါတယ်။ အဲဗာတန် ဘက်မှာလည်း ကဲလ်ဗက်လီဝင်း၊ အိုနာနာ၊ ဟာရစ်ဆန်၊ တာကောစကီး၊ အက်ရှ်လေယန်းတို့ ပါဝင်ကစားခဲ့ပါတယ်။

လစ်ဗာပူးလ် အနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကြောင့် အိမ်ကွင်းမှာ ရလဒ်ကောင်း ပြန်လည် ရှာဖွေရေး အားစိုက် ကစားခဲ့တာ မြင်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ပိုင်းမှာ ဆက်ရှိနေခဲ့တဲ့ အဲဗာတန်

ပွဲအစပိုင်းမှာ အဲဗာတန်ရဲ့ ကောင်းမွန်တဲ့ တုန့်ပြန်မှုကြောင့် လစ်ဗာပူးလ်တို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၇ မိနစ်မှာ အက်ရှ်လေယန်း နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံရပြီးနောက် ပွဲက အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။ အဲဗာတန်တို့ ခံစစ်ကို အားပြုပြီး အမှားအနည်းဆုံးနဲ့ ကစားနေလို့ လစ်ဗာပူးလ်တို့ သွင်းဂိုးတွေ ရဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ အိမ်ရှင်တို့ ထပ်မံ ကံကောင်းခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ ဒီးရာ့ဇ်ရဲ့ ဖြတ်တင်ဘောကို မိုက်ကိန်း တားဆီးရာမှာ လက်နဲ့ ထိခဲ့လို့ လစ်ဗာပူးလ်တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ မိုဟာမက် ဆာလာက အမှားအယွင်း မရှိကန်သွင်းခဲ့လို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။

ဦးဆောင်ဂိုး ရပြီးနောက် တစ်ယောက်လျော့နေတဲ့ အဲဗာတန်ကို လစ်ဗာပူးလ်တို့ တောင်ပံတွေ ကနေ ဖိအားပေး ဆက်လက် တိုက်စစ်ဆင်ခဲ့ပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကြောင့် အိမ်ကွင်းမှာ ရလဒ်ကောင်း ပြန်လည် ရှာဖွေရေး အားစိုက် ကစားခဲ့တာ မြင်ခဲ့ရပါတယ်။ အဲဗာတန် ကတော့ တစ်ယောက်လျော့ ပြီးကတည်းက ဘာမှ မတတ်နိုင်ခဲ့ပဲ ဒီးရာ့ဇ်ရဲ့ တောင်ပံ တစ်လျှောက် မြန်နှုန်းမြင့် ထိုးဖောက်မှုတွေကို ခက်ခက်ခဲခဲ တားဆီးနေခဲ့ရပါတယ်။

လာလီဂါ
ဘာစီလိုနာ
ဘီလ်ဘာအို
1X2 အက်သလက်တစ် ဘီဘာအို @ 4.60
ဘာစီလိုနာ အာရှ အကျောပေး -1.00 @ 2.17
ဂိုး‌အောက် 2.50 @ 2.16
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လက်ကျန် မိနစ်တွေ မှာတော့ လစ်ဗာပူးလ်တို့ နောက်ထပ် သွင်းဂိုးတွေရဖို့ မကြိုးစားပဲ ပွဲကို ထိန်းကစားခဲ့လို့ ပွဲက ပျင်းစရာကောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပို အရောက်မှာတော့ နူညက်ဇ်ရဲ့ တန်ပြန်တိုက်စစ် ကနေ ဆွဲပြေးပြီး ခင်းပေးလိုက်တဲ့ ဘောလုံးကို ဆာလာက အပိုင် ပိတ်သွင်းခဲ့လို့ ပွဲအပြီးမှာ လစ်ဗာပူးလ်တို့ ၂ ဂိုးပြတ် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကို ယာယီ တက်လှမ်းနိုင်ခဲ့ပေမယ့် အဲဗာတန် ကတော့ အဆင့် ၁၆ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် သောကြာနေ့မှာ တူးလော့စ်နဲ့ ယူရိုပါလိဂ် ကစားရဖို့ ရှိပြီး အဲဗာတန် ကတော့ လာမယ့် အပတ် တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်