နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်အယ်လစ္စတာရဲ့ လှပတဲ့ သွင်းဂိုး အပါအဝင် ရှက်ဖီးလ်ယူနိုက်တက်ကို ဂိုးပြတ် နိုင်ခဲ့တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

လစ်ဗာပူးလ် ၃-၁ ရှက်ဖီးလ်ယူနိုက်တက်

  ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လစ်ဗာပူးလ်နဲ့ ရှက်ဖီးလ်ယူနိုက်တက် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ လစ်ဗာပူးလ်က ၃-၁ ရလဒ်နဲ့ အမှားအယွင်းမရှိ အနိုင်ရသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်ခွင့်ရဖို့ လစ်ဗာပူးလ်တို့ အမှားအယွင်း မရှိ ကစားသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လစ်ဗာပူးလ်က ခယ်လာဟာ၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ဂိုးမက်ဇ်၊ ဘရက်ဒ်လီ၊ မက်အယ်လစ္စတာ၊ ဆဘို့ဇ်လိုင်း၊ ဂရာဗန်ဘက်ချ်၊ ဆာလာ၊ ဒီးယက်ဇ်၊ နူညက်ဇ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် ကတော့ ဂါဘစ်၊ ဟိုးလ်ဂိတ်၊ ဟမ်းမား၊ ထရက်စတီ၊ မက်အတီး၊ ဒီးရာ့ဇ် တို့ပါဝင်တဲ့ လူစာရင်းနဲ့ လစ်ဗာပူးလ်ကို ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။

ထုံးစံအတိုင်း လစ်ဗာပူးလ်ဟာ High Pressing နဲ့ ကစားပြီး ရှက်ဖီးလ်ယူနိုက်တက်ကို တစ်ဖက်သတ် ဖိကစားနိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံး ပိုင်ဆိုင်မှု ၈၃ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး ဂိုးပေါက် ကန်ချက် ၂၉ ကြိမ် မှာ ၉ ကြိမ် ဂိုးပေါက်တည့်ခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် ကတော့ လစ်ဗာပူးလ်ရဲ့ တိုက်စစ်ကို ပိတ်ဆော့ဖို့ ကြိုးစားခဲ့ပြီး အလုပ်တော့ မဖြစ်ခဲ့ပါဘူး။ ပွဲချိန် ၁၇ မိနစ်မှာတော့ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ဂိုးသမား ဂါဘစ်ရဲ့ အမှားကို နူညက်ဇ်က ပါးပါးနပ်နပ် ဟန့်တားပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လစ်ဗာပူးလ်တို့ ရှက်ဖီးလ်ယူနိုက်တက် ဂိုးပေါက်ကို အကြိမ်ကြိမ် ထိုးဖောက်နိုင်ခဲ့ပေမယ့် ဂါဘစ် လက်စွမ်းပြမှုနဲ့ အဆုံးသတ် အားနည်းချက်တွေကြောင့် ဂိုးတော့ မရခဲ့ပါဘူး။

ဒါ့အပြင် ဒုတိယပိုင်း ပွဲပြန်စပြီး ၅၈ မိနစ်မှာ ရှက်ဖီးလ်တို့ ချေပဂိုး ရသွားခဲ့ပြီး လစ်ဗာပူးလ် နောက်တန်းက ဘရက်ဒ်လီ တားဆီးရင်းကနေ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ လစ်ဗာပူးလ် ကွင်းလယ်က အလက်ဆစ် မက်အယ်လစ္စတာ ရဲ့ ခြေစွမ်းပြမှုနဲ့ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး ဒီကစားသမားက ဘီးကုပ်ထိပ်ကနေ အလှပဆုံး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မက်အယ်လစ္စတာရဲ့ ဖရီးကစ် ကန်ချက် တိုင်ထိ ထွက်ခဲ့လို့ လစ်ဗာပူးလ်တို့ နစ်နာခဲ့ရပြီး မိနစ် ၉၀ မှာတော့ အနိုင်သေချာစေမယ့် ဂိုးကို ကိုဒီ ဂက်ခ်ပိုက ခေါင်းတိုက် သွင်းယူသွားခဲ့လို့ ပွဲအပြီးမှာ ၃-၁ ရလဒ်နဲ့ လစ်ဗာပူးလ်တို့ အနိုင်ရခဲ့ပါတယ်။ 

လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ပွဲတုန်းကလည်း ဘရိုက်တန်ကို ဦးဆောင်ဂိုး ခွင့်ပြုပေးပြီးမှ ချေပဂိုးတွေ အနိုင်ဂိုးတွေ လိုက်သွင်းပြီး နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာလည်း လစ်ဗာပူးလ်ဟာ ရှက်ဖီးလ်ယူနိုက်တက်ရဲ့ ခံစစ် ပိတ်ဆော့တဲ့ ကစားဟန်ကြောင့် ဂိုးရဖို့ အနည်းငယ် ခက်ခဲခဲ့ပြီး ကစားသမားတွေရဲ့ တစ်ဦးချင်း ခြေစွမ်းတွေကြောင့်သာ နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ ဆက်တိုက် ခြေစွမ်းပြနေတဲ့ မက်အယ်လစ္စတာ ကို ချီးကျူးရမှာ ဖြစ်ပြီး ဒီနေ့ပွဲမှာ သူသွင်းယူခဲ့တဲ့ ဂိုးက တော်တော်လေး လှပခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား ကိုပြောပါဆိုရင်လည်း မက် အယ်လစ္စတာလို့ပဲ ဆိုရမှာပါ။ 

လစ်ဗာပူးလ်ဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ လက်ကျန် ပွဲစဉ် အနေအထားအရဆိုရင် လစ်ဗာပူးလ် အတွက် တော်တော်လေး ပွဲချောင်နေတာကြောင့် လက်ရှိ ခြေစွမ်းအတိုင်းသာ ဆိုရင် ကလော့ပ် တစ်ယောက် ပရီးမီးယားလိဂ် ဖလား ယူပြီးမှ ထွက်ခွာသွားနိုင်ဖွယ် ရှိနေပြီ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် ဧပြီလ ၇ ရက်နေ့မှာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကို သွားပြီး ရင်ဆိုင်ရဖို့ ရှိနေပြီး ရှက်ဖီးလ်ယူနိုက်တက် ကတော့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်