နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိဒ်စ်ယူနိုက်တက် – ဆောက်သမ်တန် | ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ (ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် – ဆောက်သမ်တန်  

နည်းပြသစ်နဲ့ နိုင်ပွဲတွေ ပြန်ရှာတွေ့နေတဲ့ လိဒ်စ်ယူနိုက်တက်တို့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ မှာတော့ ခြေပျက်နေတဲ့ ဆောက်သမ်တန်နဲ့ အဲလန်ရုတ်ဒ်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ပွဲဆက် ပြန်ပြီး အနိုင်ရလိုက်တာကြောင့် တန်းဆင်းဇုန် ဖိအားတွေကို အတိုင်းအတာ တစ်ခု အထိ လျှော့ချထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တန်းဆင်းဇုန် ထဲက အသင်း အားလုံးထက် ပွဲပိုကစားထားပြီး ၇ မှတ် လောက်ပဲ ဖြတ်ထားနိုင်လို့ သိပ်တော့ စိတ်ချရတဲ့ အနေအထား မဟုတ်ပါဘူး။ ဒါ့အပြင် လက်ကျန် ပွဲစဉ်တွေမှာ လိဒ်စ်တို့ ချဲလ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်တို့လို ထိပ်သီးတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါသေးတယ်။ ခြေစွမ်းပိုင်းအရ ဆိုရင် မက်ရှ် အနေနဲ့ ဘီရဲယ်ဆာ လက်ထက်မှာ ယို့ယွင်းခဲ့တဲ့ ခံစစ် ပြသနာကို အနည်းနဲ့ အများ ဖြေရှင်းထားနိုင်ပြီး ကံကောင်းတာက ဒဏ်ရာကြောင့် အချိန်အတော်ကြာ အနားယူနေရတဲ့ ကစားသမားတွေ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မက်ရှ် အနေနဲ့ စတင် ကိုင်တွယ်ချိန်မှာ ၂ ပွဲဆက် အရှုံးနဲ့ တာထွက် မလှခဲ့သမျှ ၂ ပွဲ ဆက်တိုက် ပြန်လည် အနိုင်ယူပြီး သူ့ရဲ့ အရည်အချင်းကို စတင်ပြသထားနိုင်ခဲ့ပြီလို့ ပြောလို့ ရပါတယ်။ အခုပွဲမှာလည်း လိဒ်စ်တို့ နောက်ပိုင်းမှာ အသုံးများလာတဲ့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာဖွယ် ရှိပြီး တိုက်စစ်မှာ ဒန်ဂျိမ်းစ်၊ ဟာရစ်ဆင်၊ ရာဖင်ညာ၊ ရိုဒရီဂို တို့ကို မြင်တွေ့ရဖို့ ရှိပါတယ်။ ကွင်းလယ်မှာ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ကယ်ဗင်ဖီးလစ်နဲ့ ဖော်ရှော၊ ခံစစ်မှာ ယော်ရန်းတေး၊ စတျောက်ခ်၊ ဒါးလက်စ်၊ အေးလင်း၊ ဂိုးမှာတော့ မက်စ်လေးယားပဲ ပွဲထွက်လာဖို့ သေချာသလောက် ရှိနေပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ ဝက်ဖို့ဒ် တို့ကို ရှုံးနိမ့်ခဲ့ပြီး လက်တလော အမှတ်ပေးဇယား အဆင့် ၁၁ နေရာကို ပြန်လည် ရောက်ရှိနေပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးထားတဲ့ ဆောက်သမ်တန်

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းလောက် အထိ ဟုန်းဟုန်းတောက်ခဲ့သမျှ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် အရှုံးနဲ့ အတူ ဆုန်းဆုန်းမြုပ်နေခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ ဝက်ဖို့ဒ် တို့ကို ရှုံးနိမ့်ခဲ့ပြီး လက်တလော အမှတ်ပေးဇယား အဆင့် ၁၁ နေရာကို ပြန်လည် ရောက်ရှိနေပါတယ်။ အက်ဖ်အေဖလား မှာလည်း မန်ချက်စတာစီးတီးကို ဂိုးပြတ် အရေးနိမ့်ခဲ့လို့ ကွာတားဖိုင်နယ် အဆင့်က ထွက်ခွာထားခဲ့ရပါတယ်။ ခံစစ်ပိုင်း သိသိသာသာ အားနည်းနေမှုနဲ့ အတူ နောက်ဆုံး ၅ ပွဲမှာ ၁၁ ဂိုးအထိ ခွင့်ပြုပေးထားရပါတယ်။ အိမ်ကွင်း နောက်ဆုံး ၃ ပွဲဆက် ရှုံးထားပြီး လက်ရှိ ရာသီ အဝေးကွင်း ရှုံးပွဲ ကလည်း ၇ ပွဲ ရှိထားသလို အဝေးကွင်း နောက်ဆုံး ၉ ပွဲမှာ တစ်ပွဲကို ၂ ဂိုးနှုန်း ပေးထားရပါတယ်။ ဟက်ဆန်ဟက်တဲလ်ရဲ့ အသင်းမှာ မက်ကာသီ တစ်ဦးက လွဲလို့ ကျန်ကစားသမားတွေ အားလုံး ပွဲထွက်နိုင်ဖို့ ရှိပြီး အခုပွဲ အတွက် တိုက်စစ်မှာ ဘရိုဟာနဲ့ အဒမ်ကို ပြန်လည် ပွဲထုတ်လာနိုင်ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာတော့ အဲလ်ယွန်နူဆီ၊ ရိုမီယူ၊ ဝက်ဒ်ပရောက်စ်၊ အမ်းစတောင်း၊ ဝေါလ်ကာ ပီတာ၊ ဆယ်လီဆူ၊ ဘက်ဒ်နာရက်ခ်၊ လစ်ဗရာမန်တိုနဲ့ ဂိုးမှာတော့ ဖော်စတာပဲ ပွဲထွက်လာဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး တွေ့ဆုံမှု ၆ ကြိမ်မှာ လိဒ်စ်က ၃ ကြိမ်၊ ဆောက်သမ်တန်က ၃ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ သရေ ရလဒ် ထွက်ပေါ်ထားခြင်း မရှိပဲ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ပြတ်သားတဲ့ ရလဒ် ထွက်ပေါ်ထားခဲ့တာ တွေ့ရပါတယ်။ အဲလန်ရုတ်ဒ်မှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲ မှာတော့ ဆောက်သမ်တန် ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် ရှုံးထားခဲ့ပါတယ်။ အခုနှစ် ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာတော့ ဆောက်သမ်တန်တို့ စိန့်မေရီမှာ ဘရိုဟာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ လိဒ်စ်ယူနိုက်တက် အတွက် ၂.၃၀ ဆ၊ ဆောက်သမ်တန် အတွက် ၂.၈၇ ဆ၊ သရေ အတွက် ၃.၆၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လိဒ်စ်တို့ ၂ ပွဲဆက် အနိုင်ရထားလို့ စိတ်ဓာတ် တက်နေပြီး အဲလန်ရုတ်မှာ ဆောက်သမ်တန်ကို ကျိန်းသေပေါက် အနိုင်ယူဖို့ အားစိုက်လာပါလိမ့်မယ်။ လိဒ်စ်တို့ နည်းပြသစ် ဂျက်ဆီမက်ရှ် လက်အောက်မှာ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်း တိုးတက်လာခဲ့သလို တိုက်စစ် ကလည်း ဂိုးတွေ ပြန်ရှာတွေ့နေပါတယ်။ နောက်ပြီး အဓိကကစားသမားတွေ ဒဏ်ရာက ပြန်သက်သာပြီး အရန်အင်အား တောင့်တင်းနေလို့ ခြေပျက်နေတဲ့ ဆောက်သမ်တန် အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာဦးမှာပါ။ အစဉ်အလာ အရလည်း ဆောက်သမ်တန်တို့ လိဒ်စ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် ဂိုးပြတ် အရှုံးပေးထားရလို့ အခုပွဲ ကိုလည်း အိမ်ရှင် အသင်း ဘက်ကနေပဲ ခြေစုံပစ် ရပ်တည်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပြီး ဂိုးပေါ်နိုင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်