နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိဒ်စ်ယူနိုက်တက် – ချဲလ်ဆီး | ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ (ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် – ချဲလ်ဆီး

လာမယ့် ကြာဿပတေးနေ့ မနက်အစောပိုင်း မှာတော့ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး လိဒ်စ်ယူနိုက်တက်တို့ ချဲလ်ဆီးကို အဲလန်ရုတ်ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး ရုန်းကန်နေရတဲ့ လိဒ်စ်တို့ ခြေစွမ်းပိုင်း မတည်ငြိမ်မှုနဲ့ အတူ အဆင့် ၃ နေရာကိုပါ ခြိမ်းခြောက်ခံနေရတဲ့ ချဲလ်ဆီးကို ဘယ်လောက်အထိ ဒုက္ခပေးသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
အာဆင်နယ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ လက်တလော အဆင့် ၁၈ နေရာကို ရောက်ရှိနေပြီး တန်းဆင်းရဖို့ ရာခိုင်နှုန်း များနေခဲ့ပါတယ်။ နောက်ဆုံး ၃ ပွဲမှာ ပဲလေ့စ်၊ မန်စီးတီး၊ အာဆင်နယ် တို့နဲ့ ကစားခဲ့ရခြင်းက လိဒ်စ်ကို ၁ မှတ်သာ ရရှိစေခဲ့ပြီး အခုလာမယ့် ပွဲမှာလည်း ချဲလ်ဆီးနဲ့ တွေ့ဆုံရဦးမှာ ဖြစ်လို့ မချောင်တာတော့ သေချာပါတယ်။ နော့ဝှစ်ချ်စီးတီးနဲ့ ဝက်ဖို့ဒ် တို့က စောစောစီးစီး တန်းဆင်းသွားခဲ့ရပြီ ဖြစ်ပေမယ့် အဆင့် ၁၈ နေရာ ကနေ ဘယ်အသင်း တန်းဆင်းရမလဲ ဆိုတာ အတွက် လိဒ်စ်၊ ဘန်လေ၊ အဲဗာတန် တို့ရဲ့ လက်ကျန်ပွဲ ရလဒ်တွေက အဖြေထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဘန်လေက လက်ကျန် ၃ ပွဲမှာ စပါး၊ ဗီလာ၊ ကာဆယ် တို့နဲ့ ကစားဖို့ ကျန်သေးသလို အဲဗာတန် ကလည်း ဝက်ဖို့ဒ်၊ ဘရန့်ဖို့ဒ်၊ ပဲလေ့စ်၊ အာဆင်နယ် တို့နဲ့ ကစားဖို့ ကျန်နေသေးလို့ ချဲလ်ဆီး၊ ဘရိုက်တန်၊ ဘရန့်ဖို့ဒ် တို့နဲ့ပဲ ကစားဖို့ ကျန်တဲ့ လိဒ်စ်တို့ တတ်နိုင်သမျှ ရမှတ် ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာလည်း လိဒ်စ်တို့ အားစိုက်ရုန်းခဲ့သေးပေမယ့် လုခ် အေးလင်း စောစောစီးစီး ထွက်ခွာသွားရတာကြောင့် ၂-၁ ရလဒ်နဲ့ ရှုံးပြီး အန်းမရိတ်စ် ကနေ အမှတ်ဗလာနဲ့ အိမ်ပြန်ထားခဲ့ရပါတယ်။ခြေစွမ်းပိုင်းအရ ဆိုရင်တော့ လိဒ်စ်ရဲ့ အခြေအနေက ခပ်ရဲ့ရဲ့သာ ရှိပြီး ယုံကြည်ရလည်း ခက်နေပါတယ်။ တန်းမဆင်းရရေး အတွက်သာ ဖောင်ဖျက် တိုက်နေပေမယ့် အသင်းလိုက် ကစားပုံ တော်တော်လေး ညံ့နေပြီး တိုက်စစ်ပိုင်း အားရစရာ မရှိသလို ခံစစ်ကလည်း နောက်ဆုံး ၁၀ ပွဲမှာ ပေးဂိုး မရှိတဲ့ပွဲ တစ်ပွဲသာ ရှိထားပါတယ်။ အခုပွဲကိုတော့ အဓိက နောက်ခံလူ လုခ်အေးလင်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်သလို ဖော်ရှော၊ ဘမ်းဖို့ဒ်၊ ဒါးလက်စ်၊ ဆမ်းမားဗီးလ်နဲ့ လီယမ်ကူပါး တို့လည်း လွဲချော်မှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – မက်လေးယာ၊ ယော်ရန်းတေး၊ စတျောက်ခ်၊ ကော့ချ်၊ ဖီယာပို၊ ကလစ်ချ်၊ ဖီးလစ်၊ ရာဖင်ညာ၊ ရိုဒရီဂို၊ ဟာရစ်ဆင်၊ ဂဲလ်ဟတ်ဒ်

ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ ရလဒ်ကတော့ စိတ်ပျက်စရာကောင်းခဲ့ပြီး နိုင်ပွဲ ၁ ပွဲသာ ရထားခဲ့သလို ၂ ပွဲသရေ၊ ၂ ပွဲ ရှုံးထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီး

ရာသီကုန်ခါနီးမှ ခြေပျက်နေတဲ့ ချဲလ်ဆီးတို့ ပြီးခဲ့တဲ့ ပွဲမှာလည်း ပွဲပြီးခါနီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရခြင်းနဲ့ အတူ ဝုဗ်ကို တစ်ဖက် နှစ်ဂိုးစီနဲ့ သရေကျခဲ့ပြန်ပါတယ်။ ဂိုးပေါက်ပျောက်နေတဲ့ လူကာကူ ဂိုးမြူးခဲ့သလို ပိုင်ရှင်သစ် တော့ဒ်ဘိုလေ လာပြီး အားပေးတဲ့ ရှေ့မှာမှ နိုင်ပွဲပျောက်ခဲ့လို့ လက်တလောအမှာ အဆင့် ၄ နေရာက အာဆင်နယ်ရဲ့ ၁ မှတ် အကွာနဲ့ အနီးကပ် ဖိအားပေးခြင်းကို ခံနေရပါပြီ။ အက်ဖ်အေဖလား ဗိုလ်လုပွဲကို အာရုံစိုက်နေတယ် ဆိုပေမယ့် ချဲလ်ဆီးလို အသင်းကြီး တစ်သင်း အနေနဲ့ ဝုဗ်လို့ ခံစစ်ကောင်းပြီး တိုက်စစ်ညံ့တဲ့ အသင်း တစ်သင်းကို လွယ်လွယ်ကူကူ ချေပဂိုးတွေ ခွင့်ပြုခဲ့ရတာ ကတော့ မဖြစ်သင့်ဘူးလို့ပဲ ပြောရမှာပါ။ အကယ်၍သာ ဒီပွဲမှာ သောမက်စ် တူချယ်တို့ အုပ်စု ထပ်ပြီး ခြေချော်ဦးမယ် ဆိုရင်တော့ အာဆင်နယ်ရဲ့ ကျော်တက်ခြင်း ခံရမှာ ဖြစ်လို့ မဖြစ်မနေ အားပြန်စိုက်လာမယ့် သဘောတော့ ရှိပါတယ်။ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ ရလဒ်ကတော့ စိတ်ပျက်စရာကောင်းခဲ့ပြီး နိုင်ပွဲ ၁ ပွဲသာ ရထားခဲ့သလို ၂ ပွဲသရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ ဘန်ချေးလ်ဝဲလ်နဲ့ အိုဒွိုင်း တို့ကတော့ ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပြီး မားကို့စ် အလွန်ဆို ကိုလည်း ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဦးမှာ မဟုတ်ပါဘူး။ ကန်တေနဲ့ ဂျော်ဂျင်ဟို တို့ကလည်း ဒဏ်ရာ အကင်း မသက်သာသေးလို့ လွဲချော်ဖို့ များနေတယ်လို့ သိရပြီး ဒီပွဲပြီးရင် အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှိလို့ တူချယ် အနေနဲ့ အဓိကကစားသမား အများစုကို အနားပေးသွားဖွယ် ရှိနေပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – မန်ဒီ၊ ရူဒီဂါ၊ ဆား၊ ခရစ္စတန်ဆန်၊ လော့ဖ်တပ်စ်ချိခ်၊ ကိုဗာချစ်၊ ဆာအူးလ်နီဂွက်ဇ်၊ အက်ဇ်ပီလီကွယ်တာ၊ ဇီယက်ချ်၊ ဗာနာ၊ လူကာကူ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၄ ကြိမ်မှာ ချဲလ်ဆီးတို့ လိဒ်စ်ကို လုံးဝ ရှုံးနိမ့်ထားခြင်း မရှိသလို ၃ ပွဲနိုင်ပြီး ၁ ပွဲသရေ ကစားထားခဲ့ပါတယ်။ အဲလန်ရုတ်ဒ်က ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု မှာတော့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပြီး ဒီရာသီ ပထမအကျော့ စတန်းဖို့ဒ်ဘရစ်ချ် ပွဲစဉ် မှာတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ ချဲလ်ဆီးက ၃-၂ ရလဒ်နဲ့ ကပ်ပြီး အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ


လိဒ်စ်ယူနိုက်တက် – ချဲလ်ဆီး

SBOTOPရဲ့ 1X2 မှာ လိဒ်စ်ယူနိုက်တက် အတွက် ၅.၄၀ ဆ၊ ချဲလ်ဆီး အတွက် ၁.၆၆ ဆ၊ သရေ အတွက် ၃.၆၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ဒီပွဲမှာ လိဒ်စ်ယူနိုက်တက်ရဲ့ တန်းဆင်းဇုန် ရုန်းအား ဘယ်လောက်အထိ ပြင်းထန်လာမလဲ ဆိုတာ စောင့်ကြည့်ချင်နေပါတယ်။ ချဲလ်ဆီးတို့ အဆင့် ၃ နေရာ အတွက် အမှတ်လိုနေပေမယ့် ဒီပွဲ ပြီးရင် အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရဦးမှာ ဖြစ်လို့ ကစားအား ချွေတာနိုင်ပါတယ်။ နောက်ပြီး ချဲလ်ဆီး ကွင်းလယ် ကျောရိုးနဲ့ ခံစစ်က မထင်ရင် မထင်သလို ပျော့ဖတ်လွန်းတတ်တာကြောင့် တန်ပြန်တိုက်စစ်ကောင်းတဲ့ လိဒ်စ်နဲ့ အတွေ့မှာ ဂိုးတွေ ပေးရဦးမှာလား ဆိုတာ စဉ်းစားစရာပါ။ ဒီပွဲမှာတော့ အရဲစွန့်ပြီး အိမ်ရှင် ဘက်က ရပ်တည်ချင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်