နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒုတိယပိုင်းမှ ဂိုးတွေ လိုက်သွင်းပြီး နိုင်ပွဲ ဆက်ခဲ့တဲ့ လိဒ်စ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၂-၃ လိဒ်စ်ယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ မှာတော့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ရဲ့ အိမ်ကွင်း မိုလီနက်စ်မှာ လိဒ်စ်ယူနိုက်တက်တို့ အံ့အားသင့်စရာ အနိုင်ရလဒ် တစ်ခုကို ရှာဖွေသွားနိုင်ခဲ့ပါတယ်။ လိဒ်စ်တို့ ပထမပိုင်း အပြီးမှာ ၂ ဂိုးပြတ် အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ တစ်ယောက်လျော့ ဝုဗ်ကို ချေပဂိုးတွေရော၊ အနိုင်ဂိုးပါ လိုက်သွင်းပြီး ၂-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲ ကိုတော့ နှစ်သင်းလုံး ပုံမှန် သုံးနေကျ ကစားကွက် အခင်းအကျင်းတွေနဲ့ပဲ ပွဲထွက်ခဲ့ကြပါတယ်။ ဘရူနို လာ့ချ် အသင်းရဲ့ တိုက်စစ်မှာ ဂျင်မီနက်ဇ်၊ ပိုဒန့်စ်၊ ဒန်ဒွန်ကာတို့ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်မှာ မော်တင်ဟိုနဲ့ နီးဗက်ဇ်၊ တောင်ပံနဲ့ ခံစစ်မှာ နျူရီ၊ ဂျွန်နီ၊ ဆာအိစ်၊ ကိုဒီနဲ့ ဘိုလီတို့ ပါဝင်ခဲ့ကြပါတယ်။ ဂျက်ဆီ မက်ရှ် ကတော့ နော့ဝှစ်ချ်စီးတီးကို အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်း အတိုင်း အပြောင်းအလဲ မရှိ ပွဲထုတ်လာခဲ့ပြီး တိုက်စစ်မှာ ဘမ်းဖို့ဒ်၊ ဟာရစ်ဆင်၊ ဒန်ဂျိမ်းစ်၊ ရိုဒီရီဂို၊ ကွင်းလယ်မှာ ကလစ်ခ်၊ ဖော်ရှော၊ ခံစစ်နဲ့ ဂိုးမှာတော့ ဒါးလက်စ်၊ စတျောက်ခ်၊ ယော်ယန်းတေး၊ အေးလင်းနဲ့ မက်လေယား တို့ပဲ ကစားခဲ့ပါတယ်။

သူတိုက် ကိုယ်တိုက် ကစားခဲ့ကြလို့ အကြိတ်အနယ် ရှိခဲ့ပြီး ပွဲစကတည်းက နှစ်သင်းလုံး ဒဏ်ရာရ ကစားသမားတွေ များပြားခဲ့ပါတယ်။ ဝုဗ် ဘက်က ရူဘင်နီးဗက်စ် နာသွားခဲ့လို့ ထရင်ကာအိုနဲ့ အစားထိုးခဲ့ရသလို လိဒ်စ် ဘက်ကတော့ ဘမ်းဖို့ဒ် အစား ဆမ် ဂရင်းဝုဒ်၊ ယော်ယန်းတေး အစား ကော့ချ် လူစားဝင်ခဲ့ရပါတယ်။ ပွဲချိန် ၂၆ မိနစ် မှာတော့ လိဒ်စ်‌ နောက်တန်းရဲ့ လေးလံနေမှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ဝုဗ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ လူစားဝင် တောင်ပံ ကစားသမား ထရင်ကာအိုရဲ့ ပေးပို့မှုကို ဂျွန်နီက အလွယ်တကူ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ၄၅ မိနစ် ပြည့်ပြီးလို့ နာကျင် အချိန်ပို ၈ မိနစ် အထိ သတ်မှတ်ပေးခဲ့ရပြီး ကလစ်ချ် ထပ်နာသွားခဲ့လို့ ၁၁ မိနစ် အထိ ရောက်သွားခဲ့ပါတယ်။ ခရာမမှုတ်ခင်မှာပဲ ပိုဒန့်စ် ဖန်တီးပေးတာကို ထရင်ကာအိုက ဒုတိယ ဦးဆောင်ဂိုး အဖြစ် ပြောင်းလဲပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ၂-၀ ဖြစ်နေခဲ့ပါတယ်။

ဝုဗ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ရှုံးပွဲ ၇ ပွဲအထိ ရှိလာခဲ့ပြီး လက်ရှိမှာ ပွဲပိုတွေလည်း ကစားထားတာကြောင့် ဥရောပဝင်ခွင့်လည်း မှေးမှိန်သထက် မှေးမှိန်လာခဲ့ပြီ ဖြစ်ပါတယ်။
အခုနှစ် ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲ ၇ ပွဲ အထိ ရှိလာခဲ့တဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ဒုတိယပိုင်းမှာ ပွဲက ကြမ်းသထက် ကြမ်းလာခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ လိဒ်စ် ဂိုးသမား မက်လေယား ကို အဝင်ကြမ်းတဲ့ ရာအူးလ် ဂျင်မီနက်ဇ် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ၁၀ ယောက် ၁၁ ယောက် ဖြစ်သွားချိန်မှာ လိဒ်စ်တို့ ပွဲကို တောက်လျောက် စိုးမိုးနိုင်ခဲ့ပြီး ၆၃ မိနစ်မှာ ချေပဂိုး စတင် သွင်းယူနိုင်ခဲ့ပါတယ်။ လုခ်အေးလင်းရဲ့ ပထမ တစ်ကြိမ် ကန်ချက် တိုင်ထိခဲ့ပြီး ဒုတိယ တစ်ကြိမ် ကန်ချက်ကို ကိုဒီ ကာကွယ်နိုင်ခဲ့ပေမယ့် အသင့် စောင့်နေတဲ့ ဂျက်ဟာရစ်ဆင်က ပိတ်သွင်းခဲ့လို့ လိဒ်စ်တို့ ဂိုးရခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၃ မိနစ် အကြာမှာလည်း လိဒ်စ်တို့ ဒုတိယ‌ ချေပဂိုး ထပ်ရခဲ့ပြီး ရိုဒရီဂို က သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ဘရူနို လာ့ချ် အနေနဲ့ ဟီချန်ဟွမ်၊ ဖေဘီယို ဆေးလ်ဗား၊ အိုလစ်ဗီယာ တို့ ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် တစ်ယောက်သာနေတဲ့ လိဒ်စ်ကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ပါဘူး။ ဒါ့အပြင် နာကျင် အချိန်ပို ၈ မိနစ် အထိ ထပ်မံ သတ်မှတ်ပေးခဲ့တာက လိဒ်စ် အတွက် အခွင့်အရေး ဖြစ်ခဲ့ပြီး လုခ် အေးလင်းက ၉၀+၁ မှာ အဖိုးတန် အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒါကြောင့် ၂-၃ ရလဒ်နဲ့ ပွဲပြီးဆုံးပြီး ဂျက်ဆီမက်ရှ်ရဲ့ အသင်း ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပွဲက‌တော့ ကောင်းလည်း ကောင်းခဲ့သလို ကြမ်းလည်း ကြမ်းခဲ့ပါတယ်။ နှစ်သင်းပေါင်း ကစားသမား ၅ ဦးအထိ ဒဏ်ရာရခဲ့တဲ့ အထိကို ပွဲကြမ်းခဲ့ကြတာ ဖြစ်ပါတယ်။ လိဒ်စ်ဟာ အဆုံးသတ်ညံတဲ့ အသင်းဖြစ်သလို ဝုဗ်ဟာ ခံစစ် မာကျောတဲ့ အသင်း ဖြစ်တာကြောင့် ပွဲမစခင်က နှစ်သင်းပေါင်း သွင်းဂိုး နည်းလိမ့်မယ်လို့ အများစု ခန့်မှန်းခဲ့ကြပေမယ့် ပွဲချိန် အတွင်း အလှည့်အပြောင်း များစွာ ဖြစ်ခဲ့လို့ သွင်းဂိုးတွေလည်း မထင်မှတ်ပဲ များသွားခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ရာဖင်ညာ ကိုဗစ် ၁၉ ကူးစက်ခံထားရလို့ လွဲချော်ခဲ့ပေမယ့် ကာလရှည်ကြာ အနားယူနေရတဲ့ ကယ်ဗင်ဖီးလစ်၊ လီယမ်ကူပါးတို့ လူစာရင်းမှာ ပြန်ပါလာတာကြောင့် လိဒ်စ် ပရိသတ်‌တွေ ဝမ်းသာမယ် ကြံကာ ရှိသေး အဓိက ကစားသမား ၄ ဦးလောက် ထပ်နာသွားတာ ကတော့ စိတ်မကောင်းစရာပါပဲ။ လိဒ်စ်တို့ ၁၁ ယောက်-၁၁ ယောက် အနေအထားမှာ Come Back ဖို့ မဖြစ်နိုင်ပေမယ့် ဂျင်မီနက်ဇ် ထွက်သွားတာက ပွဲ အဖြေကို ပြောင်းလဲပေးလိုက်သလို ဖြစ်ခဲ့ပြီး လုခ်အေးလင်းနဲ့ ဟာရစ်ဆင် တို့ရဲ့ အပိုင်အခွင့်အရေး အသုံးချနိုင်မှု ကလည်း လိဒ်စ် အတွက် အရေးပါခဲ့ပါတယ်။

လိဒ်စ်တို့ နည်းပြသစ်နဲ့ နိုင်ပွဲ ဆက်ခဲ့တဲ့ လိဒ်စ်တို့ အဆင့် ၁၆ နေရာမှာပဲ ဆက်ရှိနေပေမယ့် ဝက်ဖို့ဒ်ကို ၇ မှတ် ဖြတ်ထားနိုင်ခဲ့တာကြောင့်တော့ တန်းဆင်းဇုန် ဖိအားတွေကို အနည်းငယ် လျှော့ချနိုင်ခဲ့ပါတယ်။ ဝုဗ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ရှုံးပွဲ ၇ ပွဲအထိ ရှိလာခဲ့ပြီး လက်ရှိမှာ ပွဲပိုတွေလည်း ကစားထားတာကြောင့် ဥရောပဝင်ခွင့်လည်း မှေးမှိန်သထက် မှေးမှိန်လာခဲ့ပြီ ဖြစ်ပါတယ်။

လာလီဂါ
ဆီဗီလာ FC
ရီးယဲလ် ဆိုစီဒက်
1X2 သရေ @ 3.30
ရီးယဲလ် ဆိုစီဒက် အာရှ ဟန်းဒီးကပ် +0.25 @ 2.17
ဂိုးပေါ် 2.25 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့် ပွဲစဉ်များ

နိုင်ငံတကာ ခြေစမ်းပွဲတွေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ကစားမှာ ဖြစ်လို့ ရှေ့လမှ အမှတ်ပေးပြိုင်ပွဲတွေ အားလုံး ပြန်စမှာ ဖြစ်ပါတယ်။ ဝုဗ်တို့ ဧပြီလ ၂ ရက်နေ့မှာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ရင်ဆိုင်ရဖို့ ရှိပြီး လိဒ်စ် ကတော့ ဆောက်သမ်တန်ကို အဲလန်ရုတ်ဒ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်