နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရမှတ် လိုအပ်ချက် ကိုယ်စီ အတွက် အားစိုက် ရုန်းကြရဦးမယ့် လိဒ်စ်နဲ့ ဘရိုက်တန် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် ဘရိုက်တန်

စနေနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ လိဒ်စ်ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ရှိနေပါတယ်။ ရမှတ် ရှာဖွေရ ခက်နေတဲ့ အိမ်ရှင် လိဒ်စ်တို့ပဲ ရလဒ် ဆိုးတွေ အောက်က ရုန်းထနိုင်မလား။ ဒါမှမဟုတ် ခြေတက်နေတဲ့ ဘရိုက်တန် ကပဲ အသာရသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သတ်ပြီး ပွဲကြိုခန့်မှန်းချက်တွေ ဖော်ပြပေးရမယ် ဆိုရင်တော့…

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေတဲ့ ဘရိုက်တန်က ဥရောပ ပြိုင်ပွဲ ဝင်ခွင့် တစ်နေရာစာကို မျှော်လင့်နေတဲ့ အသင်းပါ။
ဥရောပပြိုင်ပွဲ ဝင်ခွင့် တစ်နေရာ မျှော်လင့်ချက်နဲ့ ကစားနေတဲ့ ဘရိုက်တန်

လိဒ်စ်ယူနိုက်တက်ရဲ့ အခြေအနေက မကောင်းတာမှ တော်တော်လေး မကောင်းတာပါ။ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် နည်းပြ အပြောင်းအလဲတွေကြောင့် တည်ငြိမ်တဲ့ ခြေစွမ်း မရသေးပါဘူး။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ဆောက်သမ်တန် တစ်သင်းတည်းကို နိုင်ပြီး ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားတဲ့ လိဒ်စ်တို့ အဆင့် ၁၇ နေရာမှာ ရှိနေပါတယ်။ အဆင့် ၂၀ နေရာက ဘုန်းမောက်နဲ့တောင် ၁ မှတ်ပဲ ကွာဟတဲ့ လိဒ်စ် အနေနဲ့ ဒီပုံအတိုင်း ဆက်သွားနေရင် ချန်ပီယံရှစ် ပြန်ဆင်းရနိုင်ချေ များပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေတဲ့ ဘရိုက်တန်က ဥရောပ ပြိုင်ပွဲ ဝင်ခွင့် တစ်နေရာစာကို မျှော်လင့်နေတဲ့ အသင်းပါ။ တကယ်တမ်းလည်း အဆင့် ၅ နေရာမှာ ရှိနေတဲ့ လစ်ဗာပူးလ်နဲ့ ၄ မှတ်ပဲ ကွာဟသလို ၂ ပွဲလျော့ ကစားထားတဲ့ အတွက်လည်း ဖြစ်နိုင်ချေ ရှိပါတယ်။ ပဲလေ့စ်နဲ့ သရေကျပြီး ဖူလ်ဟမ်ကို ရှုံးခဲ့ပေမယ့် နောက်ဆုံး ပွဲမှာ ဝက်စ်ဟမ်းကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဇင်ယော်တွေရဲ့ ခြေစွမ်းက အားရစရပါ။

ဒီပွဲကိုတော့ လိဒ်စ် ဘက်က ဒါးလက်စ်၊ ရိုဒရီဂို၊ စင်နီစတာရာ၊ ကူ့ပါး၊ ဖော်ရှောတို့ ဒဏ်ရာပြသနာတွေကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ဘရိုက်တန် ဘက် ကတော့ လမ့်ပ်တေး၊ ကိုလ်ဝဲလ်၊ မိုဒါ၊ လယ်လာနာတို့ လွဲချော်ဖို့ ရှိပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

လိဒ်စ်ယူနိုက်တက် မက်စ်လေယာ၊ ဝိုဘာ၊ ကို့ချ်၊ ဖီယာပို၊ အေးလင်း၊ အဒမ်၊ မက်ကင်နီ၊ ရိုကာ၊ ဝီလ်ဖရိုင်း ဂျီနွန်တို၊ ဆမ်းမားဗီးလ်၊ ဘမ်းဖို့ဒ်

ဘရိုက်တန် ဆန်းချက်ဇ်၊ ဝက်ဘ်စတား၊ ဒန့်ခ်၊ ဗဲလ်မန်း၊ အက်စတူပီနန်၊ ဂရော့စ်၊ ကိုင်စီဒို၊ မက်အဲလစ္စတာ၊ မီတိုမာ၊ မက်ချ်၊ ဖာဂူဆန်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ်စလုံး လိဒ်စ်တို့ ဘရိုက်တန်ကို အသာမရခဲ့ပါဘူး။ ဘရိုက်တန်က ၃ ပွဲ နိုင်၊ ၂ ပွဲသရေ ကစားထားပါတယ်။ လိဒ်စ်ရဲ့ လိဂ် နောက်ဆုံး ၅ ပွဲကို ပြန်ကြည့်ရင် နိုင်ပွဲ ၁ ပွဲပဲ ရှိပြီး ၃ ပွဲအထိ ရှုံးထားသလို ဂိုးမသွင်းနိုင်တဲ့ ပွဲ ၃ ပွဲ ရှိခဲ့ပါတယ်။ ဘရိုက်တန် ကတော့ ဂိုးမသွင်းနိုင်တဲ့ ပွဲ ၁ ပွဲပဲ ရှိထားပြီး ကျန် ၄ ပွဲစလုံး ဂိုးရခဲ့သလို ဂိုးပေါ် ၂ ပွဲ ရှိခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့1X2 မှာ လိဒ်စ် အတွက် ၃.၄၅ ဆ၊ ဘရိုက်တန် အတွက် ၂.၀၂ ဆ ဖွင့်လှစ်ပေးထားပြီး Handicap မှာတော့ ဘရိုက်တန် ဘက်က ခပ်ပါးပါး အကြောပေးထားပါတယ်။ ဂိုးပေါင်း ကလည်း ၂ လုံး ကတော့ စဖွင့်ထားပါတယ်။ လိဒ်စ်ရဲ့ ခံစစ်က အားနည်းချက်တွေ များနေပြီး ဘရိုက်တန်ရဲ့ တိုက်စစ်က ဂိုးရလွယ်နေတာကြောင့် ဒီပွဲ ကတော့ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပါတယ်။ အခြေအနေအရ ဘရိုက်တန် ဘက်က ရပ်တည်ရမှာ ဖြစ်ပေမယ့် ကျနော် ကတော့ ဂိုးပေါ် ၂.၅၀ ကို သဘောအကျဆုံး ဖြစ်နေပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်