နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပါးနဲ့ ပွဲမတိုင်ခင် စိတ်လှုပ်ရှားလို့ အိပ်မပျော်ခဲ့ဘူး ဆိုတဲ့ ဝေါလ်ကာ | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်စီးတီး နောက်ခံလူ ကိုင်လီ ဝေါလ်ကာက သူ့ အနေနဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားမယ့် ပွဲမတိုင်ခင် အိပ်လို့တောင် မပျော်ခဲ့ဘူးလို့ ဖွင့်ဟလာခဲ့ပါတယ်။ 

မန်စီးတီးရဲ့ ၄ နှစ်ဆက်   ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေး မျှော်လင့်ချက် အတွက် စပါးနဲ့ ပွဲက သေရေရှင်ရေးတမျှ အရေးပါခဲ့ပြီး မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း ကစားချိန် မှာတော့ ပပ်ဂွာဒီယိုလာရဲ့ အသင်းက အာလင်း ဟာလန်းရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ အတူ စပါး အိမ်ကွင်းမှာ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းကျော် သေချာခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ အဲ့ဒီပွဲမှာသာ မန်စီးတီး အနေနဲ့ သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့မယ် ဆိုရင် အာဆင်နယ်ကို ပရီးမီးယားလိဂ်  ချန်ပီယံဆု ထိုးအပ်လိုက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ မန်စီးတီးက   ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၂ မှတ်ဖြတ် ဦးဆောင်လိုက်နိုင်ပြီး နောက်ဆုံး ပွဲမှာ ဝက်စ်ဟမ်းနဲ့ အိမ်ကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စီးတီးတို့   ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ သေချာသလောက် ရှိသွားခဲ့ပြီး အာဆင်နယ် ကတော့ နှစ်နှစ်ဆက်တိုက် စည်သူလွင် (ဒုတိယလူ) အဖြစ်နဲ့ပဲ ကျေနပ်ရတော့မှာပါ။

စပါးကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီးနောက်မှာတော့ Walker က “တစ်ခါတလေ လူတွေက ငါတို့ဟာ လူသားတွေ ဖြစ်ပြီး စိတ်ခံစားမှုတွေ၊ အာရုံကြောတွေ၊ adrenaline တွေအကုန်လုံး မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လည်ပတ်နေတယ်လို့ ငါထင်ပါတယ်။

“ မနေ့ညက ကျွန်တော် အိပ်မပျော်ဘူး။ ပွဲမစခင် ဟိုတယ်မှာ နာရီဝက်လောက် ရုန်းထွက်ဖို့ ရုန်းကန်နေရတယ်။ ပွဲစဖို့ပဲ လိုခဲ့ပါတယ်၊ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ ဒါက ကျွန်တော့် အတွက် အထူးအဆန်း မဟုတ်ပါဘူး၊ ပွဲတော်တော်များများကြောင့် စိတ်လှုပ်ရှားပြီး အိပ်မရခဲ့တဲ့ ညပေါင်းများစွာ ရှိခဲ့ပါတယ်။

“ဒီလို ပြိုင်ပွဲတွေမှာ ကစားရတာကို မကြိုက်ရင် ဘောလုံး မကစားသင့်ပါဘူး။ ဒီလို ဖိအားရှိတဲ့ ပွဲတွေက သာမန် ကစားသမားတွေနဲ့ တကယ့် ကစားသမားကောင်းတွေကို ပိုင်းခြားစေပါတယ်။ အကယ်၍ မင်း အတွက်ရော ကလပ် အတွက်ပါ ဖိအားတွေ ရှိနေပြီ ဆိုရင် မင်းအနေနဲ့ သွားပြီး ကူညီ ပံ့ပိုးပေးဖို့ လိုပါတယ်။ ကလပ်က ငါတို့ကို လစာ ကောင်းကောင်းပေးချေထားပြီး ငါတို့က ပရော်ဖက်ရှင်နယ်တွေ ဖြစ်တဲ့ အတွက် ငါတို့ တတ်နိုင်သမျှ လုပ်ခဲ့တဲ့အတိုင်း ဒီကလပ် အတွက် ပံ့ပိုးပေးဖို့လိုတယ်။” လို့ ဝေါလ်ကာက ဆိုပါတယ်။ 

“ကျွန်တော်တို့ဟာ ဒီကလပ်မှာ နှစ် အတော်ကြာအောင် အောင်ပွဲခံနိုင်ခဲ့ပြီး အကြိမ် အနည်းငယ်တော့ ကံကောင်းစွာနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဒါက စုပေါင်း ကစားနည်း တစ်ခုပါ။ တင်းနစ် မဟုတ်ဘူး၊ တစ်ကိုယ်တော် အားကစားလည်း မဟုတ်ဘူး။” လို့ ဆက်လက် ပြောကြားသွားခဲ့ပါတယ်။ 

မန်စီးတီး အနေနဲ့ ပွဲစဉ် ၃၈ မှာ ဝက်စ်ဟမ်းကို အနိုင်ရခဲ့ရင် ၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကိုင်မြှောက်နိုင်တော့မှာ ဖြစ်သလို မြို့ခံ ပြိုင်ဘက် ယူနိုက်တက်ရဲ့ ၃ နှစ်ဆက် ချန်ပီယံ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်