နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရက်ဘူးလ်နဲ့ လက်တွဲလိုက်တဲ့ ကလော့ပ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်ရဲ့ နည်းပြဟောင်း ဖြစ်တဲ့ ယာဂင် ကလော့ပ် ကတော့ လက်ရှိ မှာတော့ ဘောလုံးလောကထဲ ပြန်လည် ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အများ မျှော်လင့်ထားသလို နည်းပြ ရာထူးနဲ့ ပြန်လာခဲ့တာမျိုး မဟုတ်ပဲနဲ့ ကမ္ဘာကျော် ခွန်အားဖြည့် အချိုရည် တစ်ခု ဖြစ်တဲ့ Red Bull နဲ့ လက်တွဲပြီး Red Bull ပိုင်ဆိုင်ထားတဲ့ ဘောလုံး ကလပ်တွေ အတွက် အလုပ်လုပ်ကိုင်သွားရတော့မှာ ဖြစ်ပါတယ်။

Sky Germany ရဲ့ ဖော်ပြချက်တွေအရ ဆိုရင် အသက် ၅၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျာမန် လူမျိုး နည်းပြဟောင်း ယာဂင် ကလော့ပ် အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ရက်ဘူးလ် လိုက်ပ်ဇစ်၊ ဩစတြီးယား ကလပ် ရက်ဘူးလ် ဆဲလ်ဘာ့ဂ်နဲ့ မေဂျာလိဂ် ကလပ် နယူးယော့ခ် ရက်ဘူးလ် အသင်းတွေကို ပိုင်ဆိုင်ထားတဲ့ ရက်ဘူးလ် အဖွဲ့အစည်းရဲ့ Global Head of Soccer ရာထူးကို တာဝန်ယူရတော့မှာလည်း ဖြစ်ပါတယ်။ ကလော့ပ် အနေနဲ့ အဲဒီရာထူးကို လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအသင်းတွေရဲ့ နည်းပြ အဖွဲဝင် အဖြစ် touchline မှာ တာဝန်ယူရမှာ မဟုတ်ဘဲ အသင်း ၃ သင်းရဲ့ နည်းပြတွေ အတွက် ဗျူဟာမြောက် အကြံညဏ်တွေကို ပံ့ပိုးပေးသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ၉ နှစ် ကြာ ကိုင်တွယ်ပြီးနောက် ဆုဖလား အောင်မြင်မှု အားလုံး ရယူနိုင်ခဲ့တဲ့ ကလော့ပ် ကတော့ ပြီးခဲ့တဲ့ ရာသီအကုန်မှာပဲ ကလပ်နဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီအကုန်မှာပဲ လစ်ဗာပူးလ်နဲ့ လမ်းခွဲခဲ့တဲ့ လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ၉ နှစ် ကြာ ကိုင်တွယ်ပြီးနောက် ဆုဖလား အောင်မြင်မှု အားလုံး ရယူနိုင်ခဲ့တဲ့ ကလော့ပ် ကတော့ ပြီးခဲ့တဲ့ ရာသီအကုန်မှာပဲ ကလပ်နဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ် အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ကို စွန့်ခွာခဲ့ချိန်မှာတော့ အသင်းဟောင်း ဒေါ့မန်နဲ့ ဂျာမနီ လက်ရွေးစင် အသင်းတွေကို ကိုင်တွယ်လိမ့်မယ်လို ထင်ကြေးပေးခဲ့ကြတာ ဖြစ်ပါတယ်။ တချို့ ကတော့ ကလော့ပ်ဟာ အေးအေးဆေးဆေး အနားယူရင်း လာမယ့်နှစ်လောက်မှပဲ နည်းပြ အလုပ်ကို ပြန်လည် လုပ်ကိုင် ဖြစ်လိမ့်မယ်လို့ ယူဆထားကြတာပါ။ ဒါပေမယ့် ကလော့ပ်ကတော့ ဒီရက်ပိုင်း အတွင်းမှာ ဘောလုံး နည်းစနစ်ပိုင်းနဲ့ သက်ဆိုင်တဲ့ အခြားသော အလုပ်သစ် တစ်ခုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် ကလော့ပ်ရဲ့ တာဝန်တွေကတော့ Red Bull ပိုင်ဆိုင် ထားတဲ့ အသင်း ၃ သင်းရဲ့ ကစားပုံနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေမှာ ပိုမို တိုးတက်လာစေဖိုနဲ့ အရည်အသွေးမြင့် နည်းပြတွေနဲ့ လူငယ် ကစားသမားလေးတွေ ရှာဖွေဖို့အတွက် လုပ်ဆောင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Red Bull နဲ့ ကလော့ပ်တို့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာလည်း စာချုပ်ဖျက်သိမ်းနိုင်မယ့် အချက်အလက်တွေ ပါဝင်နေပါတယ်။ အထူးသဖြင့် ဂျာမနီ နည်းပြ ရာထူး အတွက် လက်ခံခဲ့မယ် ဆိုရင်လည်း လက်တွဲဖြုတ်နိုင်မယ့် သဘောတူညီချက်တွေပါ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ လိဂ်တွေမှာ အခြေအနေ အဆင့်အတန်း တစ်ခုမှာ ရှိနေကြတဲ့ ဒီအသင်း ၃ သင်း အနေနဲ့ ကလော့ပ်ရဲ့ နည်းစနစ်ပိုင်း ဆိုရင် လမ်းညွှန် အကြံပြုမှုတွေ အောက်မှာ အခုထက် ပိုပြီး တိုးတက်လာနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်