နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူစားလဲခံရလို့ ပေါက်ကွဲခဲ့တဲ့ ဆာလာရဲ့အပြုအမူကို တုံ့ပြန်ခဲ့တဲ့ ကလော့ပ် (ပရီးမီးယားလိဂ် သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၄ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လူစားလဲခံရလို့ ပေါက်ကွဲခဲ့တဲ့ ဆာလာရဲ့အပြုအမူကို တုံ့ပြန်ခဲ့တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က တနင်္ဂနွေနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ ၁-၁ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက် ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့ မိုဟာမက် ဆာလာကို နားလည်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကလော့ပ်ဟာ ဆာလာကို ၇၇ မိနစ်မှာ လူစားလဲခဲ့တာ ဖြစ်ပြီး အီဂျစ် တိုက်စစ်မှူးက ဟာဗေး အဲလီးယော့တ်နဲ့ လူစားလဲခံခဲ့ရတာကြောင့် ဒေါသတကြီးနဲ့ လက်က တိတ်တွေကို ခွာခဲ့ပြီး လွှင့်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဆာလာဟာ ပထမပိုင်းမှာ လစ်ဗာပူးလ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာက ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ်တွေမှာ ၇ ပွဲ ပါဝင် ကစားပေးခဲ့ရာမှာ ဂိုးပါဝင် ပတ်သက်မှု ၁၂ ဂိုး အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှူးရဲ့ သွင်းဂိုးကို VAR က လူကျွံဘော အဖြစ် ငြင်းပယ်ခဲ့တာကြောင့် သွင်းဂိုးပါ ရရှိခဲ့ခြင်း မရှိတာ ဖြစ်ပြီး ကလော့ပ်က ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့ ဆာလာကို လုံးဝ နားလည်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ရာသီအဖွင့်ပွဲစဉ်မှာ မိုသာ ဂိုးတွေ သွင်းယူနိုင်ခဲ့ရင် စံချိန်သစ်တွေ ဖြစ်ခဲ့မှာ ဖြစ်လို့ ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒါကို မစဉ်းစားခဲ့ပါဘူး။ ကျွန်တော်တို့မှာ တည်ငြိမ်မှုနဲ့ လန်းဆန်းတဲ့ ခြေထောက်တွေ လိုအပ်ခဲ့ပါတယ်။ အားလုံး အတွက် အရမ်းကို ပြင်းထန်တဲ့ ပွဲဖြစ်ခဲ့တယ်။ ကျွန်တော် လူစားလဲခဲ့တာနဲ့ ပတ်သက်ပြီး ပြောနိုင်တာ ဒါအကုန်ပဲ။ သူ့ရဲ့ တုံ့ပြန်မှုက လုံးဝကို အဆင်ပြေပါတယ်။ ကျွန်တော် ကစားသမား တစ်ယောက်ကို လူစားလဲဖို့ လုပ်တဲ့အခါမှာ ၁-၁ ဖြစ်နေပြီး သူက ဂိုးသွင်းနိုင်မယ်လို့ ထင်တဲ့ တိုက်စစ်မှူး ဖြစ်နေပြီးတော့ သူက ကျွန်တော့်ကို ပွေ့ဖက်ပြီး နှုတ်ဆက်ရင် ကျွန်တော် အံ့အားသင့်မိပါလိမ့်မယ်။ အဲဒီတော့ ဒါက လုံးဝကို အဆင်ပြေပါတယ်”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
နော်တင်ဟမ် ဖောရက်စ်
ရှက်ဖီး ယူနိုက်တက်
1X2 သရေ (Draw) @ 3.40
ဂိုးအောက် 2.00 @ 2.21
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နီကိုးလတ်စ် ဂျက်ဆင်နဲ့ ပတ်သက်ပြီး ပြဿနာရှိခဲ့တာကို ပြောပြခဲ့တဲ့ ပိုချက်တီနို

မူရီဆီယို ပိုချက်တီနိုက လစ်ဗာပူးလ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဥ်က နီကိုးလတ်စ် ဂျက်ဆင်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပေမယ့်လည်း တိုက်စစ်မှူးဟာ အရမ်း အထီးကျန်နေခဲ့ပြီး အထောက်အပံ့တွေ ပိုလိုအပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ နည်းပြသစ် ပိုချက်တီနို လက်ထက် ပထမဆုံး ပွဲစဉ်မှာ ၁၈ မိနစ်မှာပဲ ဦးဆောင်ဂိုး ပေးခဲ့ရတာ ဖြစ်ပြီး မိုဟာမက် ဆာလာရဲ့ ဖန်တီးပေးပို့မှုကနေ တဆင့် လူးဝစ္စ ဒီယက်ဇ်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အီဂျစ် တိုက်စစ်မှူးက နောက်ထပ် မိနစ် အနည်းငယ်အကြာမှာ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပေမယ့်လည်း လူကျွံဘော အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာ ဖြစ်ပြီး ချဲလ်ဆီးက အဲဒီနောက်မှာ ဒီဆာဆီရဲ့ သွင်းဂိုးကြောင့် ချေပဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘန် ချေးဝဲလ်ဟာ ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီ ထင်ခဲ့ပေမယ့်လည်း VAR က နောက်ထပ် တစ်ကြိမ် ကြားဝင်ခဲ့ပြီး ဂိုးကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

နီကိုးလတ်စ် ဂျက်ဆင်ဟာ တိုက်စစ်မှာ မခိုမကပ်ဘဲ ကစားခဲ့ပြီး ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုက အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးကို အသင်းဖော်တွေက ပုံမှန် ဘောလုံးပေးပို့နိုင်စွမ်း မရှိမှုသာ ဒီပွဲစဉ်က အနုတ် လက္ခဏာဆောင်တဲ့ အချက် အနည်းငယ်ထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့ပြီး နီကိုးလတ်စ် ဂျက်ဆင်နဲ့ ပတ်သက်ပြီး ပျော်ရွှင်မိတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


ချဲလ်ဆီးနဲ့ ဆေးစစ်မှု ခံယူဖို့ စီစဉ်နေပြီဖြစ်တဲ့ ကိုင်စီဒို

ဒါပေမယ့် ပရီးမီးယားလိဂ် ထိပ်သီးတို့က ဘရိုက်တန်ရဲ့ ကစားသမား အတွက် သတ်မှတ်ထားတဲ့ စျေးနှုန်းအတိုင်း ပေးချေဖို့ကို တွန့်ဆုတ်နေခဲ့တာ ဖြစ်ပါတယ်။
ယူရို ၁၃၃ သန်းနဲ့ ချဲလ်ဆီး အသင်းထံ ရောက်ရှိတော့မယ့် မွိုက်စ် ကိုင်စီဒို

ချဲလ်ဆီးဟာ ဘရိုက်တန် ကနေ မွိုက်စ် ကိုင်စီဒိုကို ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပါတယ်။ စင်ရော်တွေဟာ ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ ထပ်ဆောင်း ပေးချေမှု ပေါင် ၁၅ သန်းကို ရရှိမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပတ်မှာ လစ်ဗာပူးလ်နဲ့ ၎င်းတို့ အကြားမှာ ပြင်းထန်တဲ့ လွန်ဆွဲမှု ဖြစ်ခဲ့တဲ့ ကစားသမားကို စျေးကွက်ပေါက်စျေးထက် ပိုပေးခဲ့တာ မဟုတ်ဘူးလို့ ယုံကြည်နေပြီး ကလော့ပ်ရဲ့ အသင်းက ပေါင်သန်း ၁၁၀ နဲ့ အံ့အားသင့်ဖွယ် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ကိုင်စီဒိုဟာ မာဆေးဆိုဒ်ထက် စတမ်းဖို့ဒ်ဘရစ်ချ်ကို ပိုမို ပြောင်းရွှေ့ချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ထိပ်သီး တို့က ဘရိုက်တန်ရဲ့ ကစားသမား အတွက် သတ်မှတ်ထားတဲ့ စျေးနှုန်းအတိုင်း ပေးချေဖို့ကို တွန့်ဆုတ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ မှာတော့ ချဲလ်ဆီးဟာ အနည်းဆုံး ဇန်နဝါရီလတုန်းက ဘင်ဖီကာ ကနေ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူခဲ့တဲ့ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးကို ကျိုးပျက်စေမယ့် ပမာဏကို ဘရိုက်တန်ကို ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပြီး ကိုင်ဆေဒိုဟာ ချဲလ်ဆီးနဲ့ ဆေးစစ်မှုတွေ ခံယူသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်