နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံချင်နေတဲ့ ယာအို ဖိလစ်၊ ယူနိုက်တက်ကို အနိုင်ကန်မယ်လို့ ကြုံးဝါးလိုက်တဲ့ ဒန့်ခ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံချင်နေတဲ့ ယာအို ဖိလစ်၊ ယူနိုက်တက်ကို အနိုင်ကန်မယ်လို့ ကြုံးဝါးလိုက်တဲ့ ဘရိုက်တန် အသင်းခေါင်းဆောင် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၁ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံချင်နေတဲ့ ယာအို ဖိလစ်

ချဲလ်ဆီး ကစားသမား ယာအို ဖိလစ် ကတော့ အသင်းဟောင်း ပေါ်တူဂီ ကလပ် ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ချဲလ်ဆီးက ကွာတားဖိုင်နယ်မှာ စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်၊ ဘင်ဖီကာ ကတော့ အီတလီ စီးရီးအေ ကလပ် အင်တာမီလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

ဘန်ဒက် လီဂါ
ဘိုင်ယန်မြူးနစ်
ဒေါ့မွန်
1X2 သရေ @ 4.00
ဒေါ့မွန် အာရှ ဟန်းဒီးကပ် +1.00 @ 2.17
ဂိုးပေါ် 3.50 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နှစ်သင်းစလုံး ဗိုလ်လုပွဲ အထိ ရောက်ဖို့ ဆိုရင်တော့ ဆီမီးဖိုင်နယ်မှာ ပွဲကြပ်တွေ ရင်ဆိုင်ရဦးမှာ ဖြစ်လို့ လွယ်တော့ မလွယ်ကူပါဘူး။ ဘင်ဖီကာနဲ့ အတူ ထင်ပေါ် ကျော်ကြားခဲ့ပြီး ခရစ္စတီယာ နိုရော်နယ်ဒို လက်သစ်လို့ တင်စားခံခဲ့ရတဲ့ ယာအို ဖိလစ်က ပရီးမီးယားလိဂ် ကလပ်မှာ အငှားနဲ့ လာကစားပြီး ခြေစွမ်းကောင်းတွေ ပြသနေတာလည်း ဖြစ်ပါတယ်။ 

ယာအို ဖိလစ်က “ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘင်ဖီကာနဲ့ ရင်ဆိုင်ချင်တယ်၊ Estasdio Da Luz ကို ပြန်သွားချင်တယ်၊ ဒီလိုဖြစ်လာရင်တော့ ရှယ်ပဲဗျာ၊ ဒါပေမယ့် အရာရာတိုင်းက သူ့အစီအစဉ် အတိုင်းပါပဲ၊ အရင်ဆုံးတော့ ကျနော်တို့ ဗိုလ်လုပွဲကို ရောက်နိုင်အောင် ကြိုးစားရပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။ 


ယူနိုက်တက်ကို အနိုင်ကန်မယ်လို့ ကြုံးဝါးလိုက်တဲ့ ဘရိုက်တန် အသင်းခေါင်းဆောင် 

ဘရိုက်တန် အသင်းခေါင်းဆောင် လီဝစ် ဒန့်ခ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရတော့မယ့် မန်ချက်စတာယူနိုက်တက် အသင်းကို သတိပေးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ဘရိုက်တန်ဟာ ဂရမ်းစ်ဘီတောင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်လာခဲ့ကာ ဆုဖလား တစ်လုံး အတွက် မျှော်လင့်ချက်တွေ ရှိနေတာလည်း ဖြစ်ပါတယ်။ 

ဘရိုက်တန်ဟာ ယူနိုက်တက်ကို ဒီရာသီ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ခဲ့ရတုန်းက အနိုင်ယူခဲ့ပြီး ဒီနှစ်သင်း တွေ့တိုင်းမှာ ယူနိုက်တက်တို့ အသည်းအသန် ကစားနေခဲ့ရတာလည်း ဖြစ်ပါတယ်။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ယူနိုက်တက်ကို အနိုင်ယူဖို့ စိတ်အားထက်သန်နေတဲ့ ဒန့်ခ်

“ ကျနော် တို့က ကွဲပြား ခြားနားတဲ့ နေရာ တစ်ခုကို ရောက်နေပါပြိ။ ကမ္ဘာ့ဖလားမှာ ကျနော်တို့ ဘရိုက်တန် ကစားသမားတွေ ဘယ်လောက် အထိ ပါဝင်ခဲ့လဲ ပြန်ကြည့်လိုက်ပါ၊ ဒီလို အကြီးမားဆုံး ပြိုင်ပွဲမှာကို ပါဝင်ခဲ့ကြတာပါ၊ ဒါကြောင့်လည်း ဝင်ဘလေကို ယုံကြည်မှု အပြည့်နဲ့ သွားမှာ ဖြစ်ပြီး ကျနော်တို့ အရည်အသွေးနဲ့ ဗိုလ်လုပွဲကို ချီတက်ဖို့ အားထုတ်မှာပါ”

“ ပွဲတိုင်းမှာ ကျနော်တို့ ဘာတွေ လုပ်နေလဲ ဆိုတာကို အတိအကျ သိထားပြီး ကျနော်တို့ ဘယ်သူ့ကို မဆို အနိုင်ယူနိုင်တယ် ဆိုတာ သိပါတယ်” လို့ လီဝစ် ဒန့်ခ်က ပြောဆိုခဲ့ပါတယ်။ ဘရိုက်တန်ဟာ ယူနိုက်တက်ကို ဒီရာသီ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ခဲ့ရတုန်းက အနိုင်ယူခဲ့ပြီး ဒီနှစ်သင်း တွေ့တိုင်းမှာ ယူနိုက်တက်တို့ အသည်းအသန် ကစားနေခဲ့ရတာလည်း ဖြစ်ပါတယ်။ 


ကွန်တီကို နိုင်ငံတကာ ပွဲတွေ ကစားနေချိန်မှာ ထုတ်ပယ်သွားမယ့် စပါး

အန်တိုနီယို ကွန်တီဟာ ဆောက်သမ်တန် အသင်းနဲ့ သရေကျခဲ့တဲ့ ပွဲမှာ စပါး အသင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် အသင်း ဘက်က သူ့ကို ထုတ်ပယ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါး အသင်းဟာ ဆောက်သမ်တန်ကို ၃-၁နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးဆုံးချိန်မှာ ၃ ဂိုးစီ သရေကျခဲ့တဲ့ အတွက် ကွန်တီဟာ သူ့ရဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အသင်းပိုင်ရှင်ရော၊ ကစားသမားတွေ ကိုပါ ပြင်းပြင်းထန်ထန်ကို ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် စပါး အသင်း ဥက္ကဌ ဒန်နီရယ် လီဗိုင်းက ဒီတစ်ပတ် မကုန်ခင်မှာ ကွန်တီကို ထုတ်ပယ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ စပါးဟာ ကွန်တီကို ထုတ်ပယ်ပြီးရင် ကစားသမားဟောင်း ဖြစ်တဲ့ ရိုင်ယန် မေဆင်ကို ယာယီ နည်းပြ အဖြစ် ရာသီအကုန်ထိ ခန့်အပ်သွားဖို့ ရှိနေပါတယ်။ ကွန်တီ ကတော့ လက်ရှိမှာ အီတလီ နိုင်ငံကို ပြန်သွားတာကြောင့် စပါး အသင်းထံ ပြန်လာဖို့ မဖြစ်နိုင်တော့ဘူးလို့ သတင်းတွေက ဖော်ပြထားတာပါ။

ကွန်တီဟာ အေစီမီလန်ကို သရေကျပြီး ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ သူဟာ မကြာခင်မှာ ထုတ်ပယ်ခံရတော့မယ်လို့ ပြောခဲ့သေးပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်နဲ့ ပွဲအပြီးမှာ ပြောခဲ့တဲ့ စကားတွေကြောင့် အသင်းဟာ အီတလီ နည်းပြ အပေါ် တော်တော်လေး စိတ်ပျက်သွားခဲ့တာ ဖြစ်ပါတယ်။ ကွန်တီနဲ့ စပါးတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး သူကလည်း စာချုပ်ကုန်ဆုံးချိန်မှာ အသင်း ကနေ ထွက်ခွာဖို့ အစီအစဉ် ရှိနေတာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်