နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာတေးတားဟာ အာဆင်နယ်ရဲ့ မှန်ကန်တဲ့ နည်းပြ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်လာတဲ့ လေးမန်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ဂိုးသမားဟောင်း ယန်း လေးမန်း ကတော့ လက်ရှိ နည်းပြ မီခဲလ် အာတေးတားရဲ့ စွမ်းဆောင်ရည်ဟာ အသင်း အတွက် လုံလောက်မှု ရှိရဲ့လား ဆိုပြီး မေးခွန်းထုတ်လာခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂၀၂၂/၂၃ ဘောလုံးရာသီက မန်စီးတီးရဲ့ အနောက် ဒုတိယနေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့သလို ၂၀၂၃/၂၄ မှာလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ပရီးမိးယားလိဂ် ချန်ပီယံဆုနဲ့ ကပ်ပြီး လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ရာသီ ဆက်တိုက် မန်စီးတီးကို ကျော်လွန်နိုင်ခြင်း မရှိခဲ့တဲ့ အာဆင်နယ်ရဲ့ အခြေအနေဟာ နည်းပြ မီခဲလ် အာတေးတား အပေါ်မှာ မူတည်နေတယ်လို့ ယန်းလေးမန်းက ယူဆနေပြီး သူ့ရဲ့ အမြင်တွေကို အခုလိုပဲ မျှဝေလာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၂၀၁၉ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို စတင် ကိုင်တွယ်ခဲ့ပြီး အက်ဖ်အေဖလား တစ်ကြိမ်၊ ကွန်မြူနတီဒိုင်း တစ်ကြိမ် ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ အာတေးတား အနေနဲ့ အာဆင်နယ်ကို တစ်နှစ်ထက် တစ်နှစ် တိုးတက်အောင် စွမ်းဆောင်ပေးထားနိုင်ပေမယ့် လက်ရှိ အချိန်ထိတော့ ပရိသတ်တွေနဲ့ အသင်း အလိုရှိတဲ့ ဆုဖလား အောင်မြင်မှုမျိုး ရယူပေးထားနိုင်ခြင်း မရှိသေးပါဘူး။

လေးမန်းဟာ အာဆင်နယ်တို့ ရှုံးပွဲ မရှိ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
အာဆင်နယ် နည်းပြ ဘဝမှာ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း ၂ ကြိမ် ရရှိထားတဲ့ အာတေးတား

The Telegraph နဲ့ အင်တာဗျူးမှာ အာဆင်နယ် ဂန္တဝင် လေးမန်းက အာတေးတားရဲ့ ရုန်းကန်နေရတဲ့ အခြေအနေကို မီးမောင်းထိုးပြခဲ့ပြီး နည်းပြ ဖြစ်သူရဲ့ အရည်အသွေးဟာ အသင်းရဲ့ ဆုဖလား အောင်မြင်မှု ရရှိမှု အပေါ် အတားအဆီး ဖြစ်နေပြီလားလို့ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ယန်း လေးမန်းက “အာတီတာက အာဆင်နယ်ကို အခြေအနေ တစ်ခု အထိ ရောက်အောင် ဆွဲတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုလက်ရှိမှာ သူက အာဆင်နယ် အတွက် မှန်ကန်တဲ့ နည်းပြလား ဆိုရင်တော့ မပြောတတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ အနေနဲ့ သက်သေပြဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က သူတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်လ အတွင်း ၃ ပွဲ သရေကျပြီး ၁ ပွဲ ရှုံးခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လေးမန်းက “နည်းပြ ငှားတဲ့သူတွေ တစ်ခါတလေ နားမလည်တာက နည်းပြရဲ့ အရည်အသွေး အရမ်း အရေးကြီးတယ်ဆိုတာပါပဲ။ နည်းပြရဲ့ အရည်အသွေးကို ကြည့်ဖို့ လိုပါတယ်။ သူက အောင်နိုင်သူလား ဒါမှမဟုတ် အဆင့်တစ်ခု အထိ ပို့ဆောင်ပေးနိုင်မယ့် နည်းပြကောင်း တစ်ဦးလား ဆိုတာ သိဖို့ လိုအပ်ပါတယ်။ ကံမကောင်းစွာပဲ။ အာဆင်နယ်က ဒီရာသီ ဖလားမရခဲ့ပါဘူး။ အသင်းကြီး တစ်သင်း အနေနဲ့ ဆုဖလားတွေ ရရှိဖို့ လိုအပ်ပါတယ်။ အမြဲတမ်း ဒုတိယ၊ တတိယ၊ စတုတ္ထတွေ ဖြစ်နေလို့ မရပါဘူး။ ကျွန်တော်တို့ဟာ ၂၀၀၃/၂၀၀၄ တုန်းက နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါက အရမ်းကို ကြာနေပါပြီ။ လေးမန်းဟာ အာဆင်နယ်တို့ ရှုံးပွဲ မရှိ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်သည့် နောက်ဆုံး ဂန်းနား ဂိုးသမား အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဂျာမန် ဂိုးသမားကြီးဟာ ကစားသမား ဘဝမှာ အထင်ကြီးလောက်စရာ အတွေ့အကြုံကောင်း များစွာ ပိုင်ဆိုင်ထားပြီး လက်ရှိ မှာတော့ သူ့ရဲ့ အတွေ့အကြုံတွေကို အသက်မွေးဝမ်းကြောင်း အဖြစ် အသုံးချနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်