နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

7 Up အချိုရည်ဗူးကြီး ရှေ့ချပြီး ပွဲခံနေခဲ့တဲ့ ကာရေဂါ၊ ပင်နယ်တီ ပြန်ကန်ခိုင်းတာက ဟာသပဲလို့ ပြောလိုက်တဲ့ ဘယ်လင်ဟမ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

7 Up အချိုရည်ဗူးကြီး ရှေ့ချပြီး ပွဲခံနေခဲ့တဲ့ ကာရေဂါ၊ ပင်နယ်တီ ပြန်ကန်ခိုင်းတာက ဟာသပဲလို့ ပြောလိုက်တဲ့ ဘယ်လင်ဟမ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၈ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


7 Up အချိုရည်ဗူးကြီး ရှေ့ချပြီး ပွဲခံနေခဲ့တဲ့ ကာရေဂါ

လစ်ဗာပူးလ် ကစားသမားဟောင်းနဲ့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ ဂျင်မီ ကာရေဂါဟာ မနေ့ညက ချဲလ်ဆီးနဲ့ ဒေါ့မန် တို့ရဲ့ ချန်ပီယံလိဂ် ပွဲကို စီစဉ် တင်ဆက်နေခဲ့ရာမှာ 7 up အချိုရည်ဗူးကို သူ့ရှေ့မှာ ချထားခဲ့ပါတယ်။ ကာရေဂါက အဲ့ဒီ အချိုရည် ကိုလည်း သောက်သုံးခဲ့တယ်လို့ သိရပြီး သူ့ရဲ့ လုပ်ရပ်က ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ ဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဘရိုက်တန်
1X2 လိဒ်ယူနိုက်တက် 3.25
လိဒ်ယူနိုက်တက် အာရှ ဟန်းဒီးကပ် +0.75 @1.66
ဂိုးပေါ် 2.50 @ 1.86
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်က ယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့နောက်မှာ ကာရေဂါက ရည်ရွယ်ချက်ရှိရှိနဲ့ လှောင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူနဲ့ အတူ ဝေဖန်သုံးသပ်လေ့ရှိတဲ့ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ကို အဓိကထားပြီး လှောင်ပြောင်ခဲ့တယ် လို့လည်း ယုံကြည်ရပါတယ်။

ကွင်းအတွင်း မှာတင် မဟုတ်ဘဲ ဝေဖန်တင်ဆက်သူတွေ ကြားထဲမှာပါ တစ်သင်းနဲ့ တစ်သင်း အားပေးပုံချင်း ပြိုင်ဆိုင်နေသလို တစ်ဖက်နဲ့ တစ်ဖက် ထိုးနှက် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ဒီအပေါ်မှာ အရင်ကထက် ပိုမို စိတ်ဝင်စားလာကြပြီး ကစားသမားဟောင်းတွေ အကြား တိုက်ပွဲ ကိုလည်း အားပေးနေကြတာ ဖြစ်ပါတယ်။


ပင်နယ်တီ ပြန်ကန်ခိုင်းတာက ဟာသပဲလို့ ပြောလိုက်တဲ့ ဘယ်လင်ဟမ်

ဂျူ့ဒ် ဘယ်လင်ဟမ်က ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ကိုင် ဟာဗတ်ဇ်ကို ပင်နယ်တီ ပြန်ကန်ခိုင်းခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် စိတ်ပျက်နေပါတယ်။

ဒီပွဲမှာ ချဲလ်ဆီး အတွက် အဖိုးတန် အနိုင်ဂိုး ဖြစ်စေမယ့် ပင်နယ်တီကို ဟာဗတ်ဇ် ပထမအကြိမ် ကန်သွင်းရာမှာ မဝင်ခဲ့ပါဘူး။ ဒါပေမယ့် ဒေါ့မန် ကစားသမား အော့ဇ်ကန်ဟာ ဟာဗတ်ဇ် ပင်နယ်တီ မကန်သွင်းခင် ဧရိယာထဲ ဝင်ခဲ့တယ် ဆိုပြီး ဒိုင်လူကြီးက ပြန်ကန်ခိုင်းခဲ့ရာမှာ ဂျာမန် ကစားသမားက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျူ့ဒ် ဘယ်လင်ဟမ်က ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ကိုင် ဟာဗတ်ဇ်ကို ပင်နယ်တီ ပြန်ကန်ခိုင်းခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် စိတ်ပျက်နေပါတယ်။
ကိုင်ဟာဗက်ဇ်ကို ပင်နယ်တီ ပြန်ကန်ခိုင်းတာက ဟာသပဲလို့ ပြောလိုက်တဲ့ ဘယ်လင်ဟမ်

ဘယ်လင်ဟမ်က “ ပင်နယ်တီကို ပြန်ကန်ခိုင်းတာက ဟာသ တစ်ခုလို့ ဖြစ်ခဲ့ပြီး ကျွန်တော်တို့ အတွက် စိတ်ပျက်စရာပါပဲ။ ပင်နယ်တီတိုင်းကို အရှိန်လျော့ ပြေးပြီး ကန်သွင်းဖို့ လုပ်ရင် လူတွေ ကတော့ ဧရိယာထဲ ပြေးဝင်လာကြမှာပါပဲ။ ဒါပေမယ့် ကွင်းလယ်ဒိုင် ကတော့ ဒီလို ဆုံးဖြတ်ချက်ချခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။


ပင်နယ်တီ ပြန်ကန်ချိန်မှာ မကြည့်ရဲခဲ့ဘူးလို့ ပေါ်တာ ဝန်ခံ

ချဲလ်ဆီး နည်းပြ ဂရေဟမ်ပေါ်တာက ဒေ့ါမန်နဲ့ ပွဲမှာ ကိုင်ဟာဗက်ဇ်က ပင်နယ်တီ ဒုတိယအကြိမ် ကန်သွင်းခဲ့ချိန်မှာ သူ မကြည့်ခဲ့ဘူးလို့ ဝန်ခံလိုက်ပါတယ်။ ပထမအကြိမ်မှာ ကိုင်ဟာဗက်ဇ် ကန်သွင်းချက် လွဲချော်ခဲ့ပေမယ့် ဒေါ့မန် ကစားသမား တစ်ဦးက ဧရိယာ အတွင်းကို ကြိုရောက်နေတယ် ဆိုပြီး ကွင်းလယ်ဒိုင်က ပြန်ကန်စေခဲ့ရာမှာမှ ဂိုးဝင်ခဲ့တာပါ။

ပေါ်တာက “ စည်းမျဉ်း စည်းကမ်းတွေကို ကျနော် စောဒက တက်မှာ မဟုတ်ပါဘူး၊ ပင်နယ်တီကို ဒုတိယအကြိမ် ပြန်ကန်ခွင့် ရလို့ ပျော်မိပါတယ်၊ အဲဒီတစ်ကြိမ် ကိုတော့ ကျနော် မကြည့်ခဲ့တော့ဘူး၊ ပထမ ပင်နယ်တီကို ကျနော် ကြည့်နေခဲ့ပြီး ကိုင်ဟာဗက်ဇ် လွဲချော်ခဲ့တယ်လေ၊ ကျနော် ပရိသတ်တွေရဲ့ အသံနဲ့ အောင်ပွဲခံတာ ကိုပဲ နားစွင့်နေခဲ့တော့တာပါ” လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီး ကတော့ နှစ်ကျော့ပေါင်း ရလဒ် ၂-၁ နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး နည်းပြ ပေါ်တာလည်း ဖိအားတွေ လျော့ကျခဲ့ရပါတယ်။ ဒေါ့မန် ကတော့ ၂၀၂၃ အတွင်း ရှုံးပွဲ မရှိတဲ့ စံချိန် ပျက်ပြယ်ခဲ့ရသလို ချန်ပီယံလိဂ် ကနေလည်း ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်