နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခက်ခဲတဲ့ လန်ဒန်ဒါဘီ ဖြစ်ပေမယ့် အမှားခံမှာ မဟုတ်တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

အာဆင်နယ် – ချဲလ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ရဲ့ ပွဲကျန် တစ်ပွဲ အဖြစ် အာဆင်နယ်တို့ လန်ဒန်မြို့ခံ ပြိုင်ဘက် ချဲလ်ဆီးကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးကို အိမ်ကွင်း နောက်ဆုံး နှစ်ပွဲဆက် ဂိုးပြတ် အနိုင်ယူထားတဲ့ အာဆင်နယ်တို့ သူတို့ အတွက် လိုအပ်နေတဲ့ နိုင်ပွဲ တစ်ပွဲ ထပ်မံ ရှာဖွေသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ် ကနေ ပြုတ်လာပြီးနောက် ကစားခဲ့တဲ့ ဝုဗ်နဲ့ ပွဲမှာ ၀-၂ နဲ့ အနိုင်ရခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်လည် ရုန်းထထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝုဗ်နဲ့ ပွဲ အာဆင်နယ်ရဲ့ ခြေစွမ်းက အားရစရာ သိပ်မရှိပဲ တိုက်စစ်ပိုင်း ကလည်း ဘာလုပ်ချင်မှန်း မသိခဲ့ပါဘူး။ မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့တဲ့ ချန်ပီယံလိဂ် ကနေ ထွက်လာရလို့လည်း ကစားသမားတွေ အနေနဲ့ စိတ်ဓာတ်ပိုင်း အနည်းငယ် နိမ့်ပါးနေခဲ့ပုံရပြီး ပွဲပန်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အာဆင်နယ်ဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဂိုးကွာခြားချက်နဲ့ ယာယီ ဆက်လက် ရပ်တည်နေပြီး လက်ကျန် ပွဲတွေမှာ တတ်နိုင်သလောက် နိုင်ပွဲ ရှာရင်း ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်ကို ဆက်လက် အသက်သွင်းဖို့ကြိုးပမ်းလာဦးမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကလည်း ယူနိုက်တက်လိုပဲ ဒီအသင်းက ဟာသဟေ့လို့ ပြောရမလိုပါပဲ။ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် မှာဆိုရင် မန်စီးတီးကို ခြေရည်တူ ကစားနိုင်ခဲ့သလို တချို့ အချိန်တွေမှာ သာခဲ့ပေမယ့် တိုက်စစ်က လျှမ်းလျှမ်းတောက် ဂျက်ဆန်ကြောင့် အခွင့်အရေးပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် မှာတော့ နိုင်ပွဲတွေ ပြန်လည် ရှာတွေ့လာပြီး အဆင့် ၁၀ အတွင်းကို ပြန်ရောက်လာတာ တွေ့ရပါတယ်။ ချဲလ်ဆီးဟာ နောက်ပိုင်း ပွဲတွေမှာ ကိုးလ်ပါးလ်မားရဲ့ ထမ်းတင်ပေးမှုနဲ့ ခြေစွမ်းပိုင်း တိုးတက်လာခဲ့ပေမယ့် မာဒူအီခီ၊ ဂျက်ဆန်နဲ့ မူဒရစ်ခ် တို့ကတော့ တလွဲတွေ လုပ်နေဆဲပါ။ ဒါကြောင့် အာဆင်နယ်လို Form မိတဲ့ အသင်း တစ်သင်းနဲ့ ရင်ဆိုင်တဲ့ အခါမှာ လွယ်ကူပါ့မလား ဆိုတာ စဉ်းစားစရာပါ။ နောက်ပြီး ချဲလ်ဆီးဟာ အာဆင်နယ်ကို နောက်ဆုံး ၅ ကြိမ်မှာ ၁ ကြိမ်သာ အနိုင်ရထားပြီး ပထမအကျော့ တွေ့ဆုံမှုမှာတော့ ၂ ဂိုးစီ သရေကျထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် မှာတော့ နိုင်ပွဲတွေ ပြန်လည် ရှာတွေ့လာပြီး အဆင့် ၁၀ အတွင်းကို ပြန်ရောက်လာတာ တွေ့ရပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီး

အခုပွဲကိုတော့ အာဆင်နယ် ဘက်က ကစားသမား အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေပြီးတော့ ချဲလ်ဆီး ဘက်မှာတော့ ချေးဝဲလ်၊ ပါးလ်မား၊ အန်ကွန်ကူ၊ အူဂိုချူကဝူ၊ ကိုးဝဲလ်၊ ဂူစတို၊ ဂျိမ်းစ်၊ ဆန်းချက်ဇ်၊ လာဗီယာ၊ ဖိုဖာနာ တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

အာဆင်နယ် – ရာယာ၊ ဂါဘရီရယ်၊ ဆလီဘာ၊ ဝှိုက်၊ ခီဗီယော၊ ရိုက်စ်၊ ဂျော်ဂျင်ဟို၊ အိုဒီဂတ်၊ ဟာဗက်ဇ်၊ မာတင်နယ်လီ၊ ဆာကာ

ချဲလ်ဆီး – ပီထရိုဗစ်၊ ချာလိုဘာ့ရ်၊ ဆေးလ်ဗား၊ ဒီယာဆီ၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ အန်ဇို၊ ဂယ်လာဟာ၊ မာဒူအီခီ၊ မူဒရစ်ခ်၊ ဂျက်ဆန်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၆ ကြိမ်နိုင်၊ ချဲလ်ဆီးက ၁၅ ကြိမ် နိုင်ပြီး ၈ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ အာဆင်နယ်က ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ချဲလ်ဆီးက ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ အာဆင်နယ်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးပြီး ချဲလ်ဆီး ကတော့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၄၅ ဆ၊ ချဲလ်ဆီး နိုင်ရင်တော့ ၅.၄ ဆ၊ သရေ ဆိုရင်တော့ ၄.၃၄ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ်က တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ၊ တစ်လုံး အရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ အနိမ့်ဆုံး ၃ လုံးက ဖွင့်ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပြီး ပွဲတိုင်းကို အမှားအယွင်းမရှိ ကစားနေတာ တွေ့ရပါတယ်။ ချဲလ်ဆီး ကတော့ နောက်ပိုင်း ပွဲတွေမှာ ရလဒ်ကောင်းခဲ့ပေမယ့် Winning Mentality မှာ အာဆင်နယ်ကို မယှဉ်နိုင်သလို ကစားပုံ ကလည်း အနည်းငယ် ဖရိုဖရဲဆန်ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ ပထမအကျော့ စတန်းဖို့ဒ်ဘရစ်ချ်မှာ အာဆင်နယ်ကို သရေကစားခဲ့ပေမယ့် အမ်းမရိတ်စ်မှာတော့ သရေ တစ်မှတ်ရဖို့ မလွယ်ပါဘူး။ အာဆင်နယ်ပဲ ကြိုက်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေတော့ ရှိလာနိုင်ပါတယ်။


ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၁ ချဲလ်ဆီ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်