မန်ချက်စတာယူနိုက်တက် ရူဘင် အမော်ရင် ကတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာသာ ဖြစ်ချင်ပြီးတော့ နည်းပြ မဖြစ်ချင်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အမော်ရင်က သူ့အနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိနေသေးပြီးတော့ အသင်းမှာပဲ စာချုပ် သက်တမ်းပြည့်ချိန် အထိ ဆက်ရှိနေသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။
ရူဘင် အမော်ရင်က “ကျွန်တော် ဒီအသင်းကို မန်နေဂျာ အဖြစ် လုပ်ဆောင်ဖို လာခဲ့တာပါ။ နည်းပြ အဖြစ် မဟုတ်ပါဘူး။ ဌာနတိုင်းမှာ ကင်းထောက်ဌာန၊ အားကစားဒါရိုက်တာတွေမှာ သူတို့ အလုပ်ကို သူတို့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့် နာမည်က (သောမတ်စ်) တူချယ် မဟုတ်ဘူး။ (အန်တိုနီယို) ကွန်တီ မဟုတ်ဘူး၊ (ဂျိုဆေး) မော်ရင်ဟို မဟုတ်ဘူး ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်ရဲ့ စာချုပ် ၁၈ လ အတွင်းမှာ မန်နေဂျာ အဖြစ် ကျွန်တော် လုပ်ဆောင်သွားချင်ပါတယ်။ အသင်းမှာ အပြောင်းအလဲ လုပ်ဖို လိုအပ်နေပါတယ်။”
“အဲဒါက ကျွန်တော့် လိုချင်တဲ့ အဓိက အချက်ပါ။ ကျွန်တော် ဒီအတိုင်းပဲ အဆုံးသတ်ချင်ပါတယ်။ ကျွန်တော် ထွက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော့် နေရာကို အစားထိုးဖို့ တခြားလူ တစ်ယောက် ရောက်လာတဲ့ အထိ ကျွန်တော့် အလုပ်ကို ကျွန်တော် ဆက်လုပ်သွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
မန်နေဂျာ ဆိုတာက အသင်းကို စီမံ အုပ်ချုပ်ခန့်ခွဲမှု၊ ကစားသမား ခေါ်ယူမှု၊ ရောင်းချမှုတွေကို စီမံခွင့် အပါအဝင် တခြားသော လုပ်ငန်းဆောင်တာ များစွာကို လုပ်ကိုင်ခွင့် ရှိသူ ဖြစ်ပေမယ့် နည်းပြ ပွဲစဉ်တွေကို ကိုင်တွယ်ဖို့သာ တာဝန်ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် ရူဘင် အမော်ရင်က သူ့အနေနဲ့ ယူနိုက်တက်မှာ မန်နေဂျာ အဖြစ်သာ လုပ်ကိုင်လိုကြောင်း ပြောဆိုခဲ့တာပါ။

အမော်ရင်က ခရစ္စမတ်ကာလတုန်း ကလည်း သူ့ရဲ့ ၃-၄-၃ ကစားကွက်ကို အောင်မြင်အောင် ပုံမဖော်နိုင်တာက ငွေကုန်ကြေးကျ များပြီး အချိန်ပေးရမှာ ဖြစ်တာကြောင့်လို့ အကြောင်းပြချက်ပေးခဲ့ဖူးပါတယ်။ ဒီလို ပြောကြားအပြီးမှာ ပေါ်တူဂီသား အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ရဲ့ တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး အဆင်မပြေမှု ရှိလာကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့်လည်း ဒီလို ကောလာဟလတွေ အပေါ် အမော်ရင်က သူ့နေရာကို အစားဝင်မယ့်သူ တစ်ယောက် ရောက်မလာမချင်း အသင်းက ထွက်သွားမှာ မဟုတ်ကြောင်း ပြန်လည် တု့န်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက်မှာ တန်းဆင်းဇုန်ထဲက ဝုဗ်နဲ့ တန်းတက် ကလပ် လိဒ်စ်ယူနိုက်တက် တို့ကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ သမိုင်းကြောင်း အစဉ်အလာအရ ခါးသီးတဲ့ ပြိုင်ဘက်ဖြစ်တဲ့ လိဒ်စ်နဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက်က တစ်ဂိုးစီ သရေကျခဲ့ပြီး ၂၀၀၂ စက်တင်ဘာနောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော်အတွင်း လိဒ်စ်အသင်းကို ပထမဆုံးအကြိမ် အရှုံးပေးရမယ့် အခြေအနေ ကိုတော့ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ အမော်ရင်ဟာ နယူးကာဆယ်နဲ့ ပွဲမှာ ၄ ယောက်တန်း ခံစစ်ကို ထူးထူးဆန်းဆန်း ပြောင်းလဲ အသုံးပြုခဲ့ပေမယ့် ဝုဗ်နဲ့ ပွဲမှာရော ဒီပွဲ မှာပါ ၃-၄-၂-၁ အခင်းအကျင်း ကိုပဲ ပြန်လည် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း အမော်ရင်က လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အတွင်း အသင်းရဲ့ ကစားသမား တချို့ကို ထွက်ခွာခွင့်မပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဇစ်ခ်ဇီး၊ မိန်နူး စတဲ့ ကစားသမားတွေဟာ ဒီလ အတွင်းမှာ အသင်း ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာပါ။ ဒါနဲ့ ပတ်သတ်လို့ အမော်ရင်က “ကျွန်တော်တို့ အသင်းရဲ့ လူစာရင်းကို ကြည့်ရင် တစ်စုံတစ်ယောက်ကို ထွက်ခွာခွင့်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ သူတို့ အနေနဲ့ ဂျေဆင် (ဝဲလ်ကော့၊ ဘောလုံးဒါရိုက်တာ)နဲ့ စကားပြောဖို့တော့ လိုပါတယ်။” လို့ အမော်ရင်က ဆိုပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


