နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီး အမှားမလုပ်ရင် နိုင်ပွဲရဖို့ မခက်ပါဘူး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ရှက်ဖီးလ်ယူနိုက်တက် – ချဲလ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ နဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ရှက်ဖီးလ်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ Bramall Lane မှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိနေတဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို ချဲလ်ဆီးတို့ အလွယ်တကူ အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပတ်သတ်လို့တော့ အထွေအထူး ပြောစရာ မရှိပါဘူး။ ရှက်ဖီးလ်ဟာ ကန်တိုင်း ရှုံးဖြစ်နေပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၃ ပွဲသာ ရထားခြင်းနဲ့ အတူ ၆ ပွဲ သရေ၊ ၂၁ ပွဲ ရှုံးနိမ့်ထားပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီး ရလဒ်တွေ ဆိုးရွားနေသလို တန်းဆင်းရဖို့ သေချာသလောက် ရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ကိုးလ် ပါးလ်မားရဲ့ နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို ပြန်ရောက်လာခဲ့ပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိထားပေမယ့် ခြေစွမ်း ကတော့ အားရစရာ မရှိပါဘူး။ နယူးကာဆယ်၊ ယူနိုက်တက် တို့လို အသင်းတွေကို အနိုင်ရခဲ့ပေမယ့် ဘရန့်ဖို့ဒ်၊ ဘန်လေ တို့လို ခြေစွမ်းကျဆင်းနေတဲ့ အသင်းတွေကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၅ ပွဲ နိုင်၊ ၃ ပွဲ သရေ၊ ၆ ပွဲ ရှုံးထားတာ တွေ့ရပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အခုပွဲ ကိုတော့ ရှက်ဖီးလ်ယူနိုက်တက် ဘက်က တွမ် ဒေးဗီးစ်၊ နော်ရင်တန် ဒေးဗီးစ်၊ ဘရူးစတား၊ လိုဝီ၊ အီဂန်၊ ဟမ်းမား၊ ဘောလ်ဒေါ့ခ်၊ ဂျက်ဘီဆင်၊ ဘက်ရှမ်း၊ အာချာတို့ လွဲချော်ဖို့ ရှိနေပါတယ်။

ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ကိုးလ် ပါးလ်မားရဲ့ နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို ပြန်ရောက်လာခဲ့ပါတယ်။
ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားတဲ့ ချဲလ်ဆီး

ချဲလ်ဆီး ကတော့ ဖိုဖာနာ၊ လာဗီယာ၊ ဆန်းချက်ဇ်၊ ဂျိမ်းစ်၊ ကိုးဝဲလ်၊ အူဂို ချူကဝူ၊ အန်ကွန်ကူ၊ ချေးဝဲလ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ရှက်ဖီးလ်ယူနိုက်တက် – ဂါဘစ်၊ ဟိုးလ်ဂိတ်၊ ရော်ဘင်ဆင်၊ အာမက်ဟော့ဇစ်၊ ဘိုဂဲလ်၊ အာဘလက်စတာ၊ ဟမ်းမား၊ ဆိုဇာ၊ ထရက်စတီ၊ မက်ဘန်နီ၊ ဒီးယက်ဇ်

ချဲလ်ဆီး – ပက်ထရိုဗစ်၊ ဂူစတို၊ ဒီယာဆီ၊ ဘာဒီယာရှီးလ်၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ အန်ဇို၊ ပါးလ်မား၊ ဂယ်လာဟာ၊ မာဒူအီကီ၊ ဂျက်ဆန်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၆ ကြိမ် တွေ့ဆုံခဲ့ရာမှာ ရှက်ဖီးလ်ယူနိုက်တက်က ၁ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ချဲလ်ဆီး ကတော့ ၄ ကြိမ် အနိုင်ရခဲ့ပါတယ်။ ချဲလ်ဆီးဟာ ရှက်ဖီးလ်နဲ့ ကစားခဲ့တဲ့ ၄ ကြိမ် ဆက်တိုက် အနိုင်ရခဲ့ပြီး ရဂိုး ၁၀ ဂိုး၊ ပေးဂိုး ကတော့ ၂ ဂိုးပဲ ရှိခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပြီး ချဲလ်ဆီး ကတော့ ၃ ပွဲ နိုင်၊ ၂ ပွဲ သရေကျထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ရှက်ဖီးလ်ယူနိုက်တက် နိုင်ရင် ၆.၂ ဆ၊ ချဲလ်ဆီး နိုင်ရင် ၁.၃၆ ဆ၊ သရေ ဆိုရင်တော့ ၄.၈၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ချဲလ်ဆီး က ၁ လုံး တစ်ဝက်ရှုံး၊ ၁ လုံး အရှုံးကြေးတွေ ဖွင့်ထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ဟာ ချဲလ်ဆီး အတွက် အဓိက ပြိုင်ဘက် မဟုတ်ပေမယ့် ပိုချက်တီနိုရဲ့ အသင်းက တန်းဆင်းဇုန်ထဲက ဘန်လေ ကိုတောင် အသည်းအသန် ကန်ခဲ့ရလို့ အနည်းငယ်တော့ သံသယ ဖြစ်မိပါတယ်။ ချဲလ်ဆီး အနိုင်သေချာပေမယ့် ဂိုးပြတ်နိုင်ဖို့ အလားအလာတော့ မတွေ့ပါဘူး။

ခန့်မှန်းရလဒ်

ရှက်ဖီးလ်ယူနိုက်တက် ၁-၂ ချဲလ်ဆီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်