နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကလပ်က အလိုရှိနေသမျှ အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေမယ် ဆိုတဲ့ ဘရူနို ဖာနန်ဒက်စ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကတော့ အသင်း ဘက်က အလိုရှိနေသမျှ ကာလပတ်လုံး အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေမယ်လို့ ပြတ်ပြတ်သားသား ပြောဆိုလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဖာနန်ဒက်စ်ဟာ ဘေယန်မြူးနစ်၊ ဆော်ဒီပရိုလိဂ် အသင်းတွေနဲ့ ချိတ်ဆက်မှုတွေ ရှိနေတဲ့လို့ ထင်ကြေးပေး ဖော်ပြမှုတွေ ရှိခဲ့ပေမယ့်လည်း ကစားသမား ကိုယ်တိုင်က အခုလို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်က သူ ဆန္ဒရှိသရွေ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်နေဦးမှာပါလို့ အမြဲတမ်းလိုလို ပြောကြားခဲ့ဖူးသူပါ။ ဗုဒ္ဓဟူးနေ့ညက နယူးကာဆယ်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ယူနိုက်တက် အသင်းခေါင်းဆောင်က သူ့အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ရှာဖွေရမယ့် ပဟေဋ္ဌိရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေဆဲလို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

“ ကလပ်က ကျွန်တော့်ကို အလိုရှိချိန်အထိ ကျွန်တော် ဒီမှာရှိနေမှာ ဖြစ်ပြီး ကလပ် ဘက်က ကျွန်တော့်ကို အနာဂတ်ရဲ့ အစိတ်အပိုင်း ဖြစ်စေချင်တယ်။ အကြောင်းတစ်ခုခုကြောင့် ကျွန်တော့်ကို မလိုချင်ဘူး ဆိုရင်တော့ ကျွန်တော် သွားမှာပါ” လို့ ဖာနန်ဒက်စ်က Sky Sports ကို ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် ရမှတ် ၅၇ မှတ်နဲ့ အတူ ဥရောပ ဝင်ခွင့် တစ်နေရာ အတွက် မျှော်လင့်ချက်တွေ ဆက်လက် ရှင်သန်ခဲ့ပါတယ်။ နယူးကာဆယ် ကတော့ သူတို့ရဲ့ အဆင့် ၆ နေရာကို ချဲလ်ဆီးကို ဖယ်ပေးခဲ့ရပေမယ့် သူတို့လည်းပဲ ဥရောပဝင်ခွင့် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် အတွက် ပရီးမီးယားလိဂ် အသင်း ၃ သင်း နောက်ဆုံး ပွဲအထိ ယှဉ်ပြိုင်သွားရဦးမှာ ဖြစ်ပါတယ်။ ဒီ ၃ သင်းထဲမှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အဆင့် ၆ နေရာ ရရှိဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး နယူးကာဆယ်နဲ့ ယူနိုက်တက် ကတော့ ချဲလ်ဆီးရဲ့ ခြေချော်မှုကို စောင့်ရတော့မှာ ဖြစ်ပါတယ်။ 

ဆက်လက်ပြီး ဖာနန်ဒက်စ်က “အလုပ်က မပြီးသေးဘူး ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့မှာ ဒီရာသီရဲ့ အကြီးဆုံးပွဲ ဖြစ်တဲ့ FA Cup ဗိုလ်လုပွဲ တစ်ပွဲ ကျန်သေးတယ်။ ဒါဟာ ခက်ခဲတဲ့ ရာသီတစ်ခု ဖြစ်တယ် ဆိုတာ အမှတ်ပေးဇယား ဇယားက သက်သေပါပဲ။ အဲဒါကို ကျွန်တော်တို့အားလုံး သတိပြုမိကြပါတယ်။ ပရိသတ်တွေက အံ့သြစရာကောင်းပြီး ရာသီ တစ်လျှောက်လုံး ကျွန်တော် တို့ရဲ့ အနောက်မှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ အတွက် သူတို့ လုပ်ပေးခဲ့တာတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က ပိုကောင်းအောင် လုပ်ချင်တယ်၊ ကွဲပြားအောင် လုပ်ချင်ပါတယ်။ ဒါက သူတို့ (ပရိသတ်တွေ)နဲ့ ထိုက်တန်ပါတယ်။”

“ သူတို့က ငါတို့အတွက် အံ့သြစရာကောင်းပြီး တစ်ခုခု လုပ်ပေးရမှာပေါ့၊ ငါတို့ ကြိုးစားနေပေမယ့် ရလဒ်တွေက မကောင်းသေးပါဘူး။ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားပြီး လူတိုင်းက အကောင်းဆုံး လုပ်ဆောင်နေကြပေမယ့် မလုံလောက်သေးပါဘူး၊ ကျွန်တော်တို့ ပိုလုပ်ရဦးမှာပါ။”

“ ဒါက အသင်းခေါင်းဆောင် တစ်ယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ အသင်းရဲ့ စွမ်းဆောင်ရည် တစ်ခုပါ။ ကျွန်တော့် လက်မောင်းမှာ လက်ပတ် ရှိနေလို့ တခြားသူတွေနဲ့ မတူပါဘူး။ ကျွန်တော် အမြဲတမ်း အကောင်းဆုံး ကြိုးစားပြီး အသင်း အတွက် အကောင်းဆုံး ဖြစ်အောင် အမြဲတမ်း လုပ်ဆောင်နေပါတယ်၊ ဒါကို ဘယ်သူမှ ဖုံးကွယ်ထားလို့ မရပါဘူး။ ကျွန်တော် တို့ဟာ ကလပ် အသင်းကြီး တစ်သင်း အတွက် ကစားပေးနေပြီး ပွဲတိုင်းကို အဆင့်အတန်း မြှင့်တင်ရမှာ ဖြစ်ပါတယ်။” လို့ ဖာနန်ဒက်စ်က ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်