နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်တို့ ဗီလာပါ့ခ် စာမေးပွဲမှာ ဘယ်လို ရလဒ်ထွက်မလဲ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

အက်စတွန်ဗီလာ – မန်ချက်စတာယူနိုက်တက်

ဒီပွဲကလည်း အခုတစ်ပတ် ပရီးမီးယားလ်ဂ်ရဲ့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်ပါတယ်။ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းပိုင်း တိုးတက်လာတဲ့ ယူနိုက်တက်တို့ ဗီလာကိုရော အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာက အစကတော့ ဟုတ်မလိုလိုနဲ့ ရာသီကုန်ခါနီးလေတဖြည်းဖြည်း ခြေစွမ်းကျဆင်းလာလေပါပဲ။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ရှက်ဖီးလ်ယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရခဲ့တာက လွဲရင် ကျန်ပွဲအားလုံးမှာ ရလဒ်ဆိုးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗီလာက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေဆဲ ဖြစ်ပြီး ဥရောပဝင်ခွင့် တစ်နေရာကို မျှော်လင့်နိုင်ဆဲ ဖြစ်ပါတယ်။ ဗီလာဟာ ကြားရက်မှာ ကစားတဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာလည်း ချဲလ်ဆီးကို ဂိုးပြတ် ရှုံးထားပါသေးတယ်။

အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက် ကတော့ ခြေစွမ်း ပြန်လည် တည်ငြိမ်လာပေမယ့် ဘယ်အချိန်အထိ အခုလို ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရဦးပါမယ်။ လက်တလော အသင်းမှာ ဟွိုက်ဂျ်လန်း၊ ဂါနာချိုနဲ့ မိန်းနူး တို့လို လူငယ်ကစားသမားတွေ ခြေစွမ်းပြနေတာ ကလည်း တန်ဟက်ဂ် အတွက် စိတ်အေးစရာ ဖြစ်နေခဲ့တာပါ။ ဒါပေမယ့်လည်း တိုက်စစ်က ဂိုးရနေသလောက် ခံစစ်က ဂိုးတွေ ပြန်ပေးနေရတာ ကတော့ သိပ်ပြီး ပျော်စရာမကောင်းပါဘူး။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာအထိ ပြန်လည် ရောက်ရှိနေခဲ့ပေမယ့် စပါးနဲ့ ၆ မှတ် ကွာဟနေပါသေးတယ်။ ယူနိုက်တက်တို့ ထပ်ပြီး အားစိုက်ရဦးမှာပါ။


နှစ်ဖက်အသင်း သတင်းများ

လက်တလော ဗီလာမှာ ဒစ်ဂ်နီး၊ ဟောက်စ်၊ မင်းဂ်၊ ပါအူတောရက်စ်၊ ဘူအန်ဒီရာနဲ့ ဒူရန်တို့ ဒဏ်ရာရနေပါတယ်။

ယူနိုက်တက် မှာတော့ လင်ဒီလော့ဖ်၊ ဘစ်ဆာခါ၊ မာတီနက်ဇ်၊ မလာဆီယာ၊ မောင့်နဲ့ မာစီရယ်တို့ ဒဏ်ရာရနေပြီး ဒီပွဲကို လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာအထိ ပြန်လည် ရောက်ရှိနေခဲ့ပေမယ့် စပါးနဲ့ ၆ မှတ် ကွာဟနေပါသေးတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာ ရောက်လာတဲ့ ယူနိုက်တက်

အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကားလို့စ်၊ လန်းဂ်လတ်၊ ကတ်ရှ်၊ မိုရီနို၊ ကာမာရာ၊ လူးဝစ်ဇ်၊ တေးလီမန့်စ်၊ ဘိုင်လီ၊ မက်ဂင်းန်၊ ဝက်ကင်န်စ်

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ ဗာရန်း၊ မက်ဂွိုင်းယား၊ ဒါးလော့တ်၊ ရှော၊ ကတ်စ်မဲရိုး၊ မိန်းနူး၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ ရက်ရှ်ဖို့ဒ်၊ ဟွိုက်ဂျ်လန်း


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လိုက်ဇစ်
ရီးယဲလ်မက်ဒရစ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဒီနှစ်သင်းက ၂၄ ကြိမ် တွေ့ဆုံခဲ့ရာမှာ ယူနိုက်တက်က ၁၇ ကြိမ် နိုင်ပြီး ဗီလာ ကတော့ ၂ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဗီလာနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပြီး တွေ့ဆုံမှု တော်တော်များများမှာ အပြန်အလှန် ဂိုးတွေ သွင်းလေ့ ရှိတာ တွေ့ရပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဗီလာက ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီးတော့ ယူနိုက်တက် ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာတော့ အက်စတွန်ဗီလာ ဘက်ကနေရင် ၂.၂၁ ဆ ရမှာ ဖြစ်ပြီးတော့ ယူနိုက်တက် ဘက်က ဆိုရင်တော့ ၂.၈၂ ဆ ရမှာ ဖြစ်ပါတယ်။ သရေ ဆိုရင်တော့ ၃.၃၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ဗီလာဟာ ယူနိုက်တက် ခြေကျနေချိန်မှာတောင် အသာမရခဲ့ပါဘူး။ လက်တလော မှာလည်း ယူနိုက်တက်က ခြေစွမ်းမှန် ပြန်ရနေလို့ ဗီလာတို့ ရုန်းကန်ရဦးမှာပါ။ ယူနိုက်တက် ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေလည်း ရှိလာနိုင်လို့ ဂိုးပေါ် ကြိုက်ပါတယ်။

ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၁-၂ မန်ချက်စတာယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်