ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ကတော့နာပိုလီတိုက်စစ်မှူးဗစ်တာအိုဆင်မ်ဟန်ကိုခေါ်ယူဖို့အတွက်စတင်ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။ယူနိုက်တက်ရဲ့အိုဆင်မ်ဟန်ကိုခေါ်ယူမယ့်အစီအစဉ်ကတော့အသင်းမှာမျှော်လင့်ထားသလောက်ခြေစွမ်းမပြနိုင်တော့တဲ့ဟွိုက်ဂျ်လန်းနဲ့အလိုက်ပေးကမ်းလှမ်းဖို့ဖြစ်ကြောင်းသိရပါတယ်။
ရူဘင်အမော်ရင်နဲ့မန်ချက်စတာယူနိုက်တက်ဟာလာမယ့်နွေရာသီမှာအသင်းအတွက်ထိပ်တန်းတိုက်စစ်မှူးတစ်ဦးခေါ်ယူအားဖြည့်ဖို့စီစဉ်နေတာဖြစ်ပါတယ်။လက်ရှိမှာယူနိုက်တက်ကဂါလာတာဆာရေးမှာအငှားနဲ့သွားရောက်ကစားနေတဲ့နိုင်ဂျီးရီးယားတိုက်စစ်မှူးအိုဆင်မ်ဟန်ကိုဦးစားပေးအဖြစ်ခေါ်ယူဖို့ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ဒါကြောင့်ယူနိုက်တက်ဟာအသင်းမှာပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ဒိန်းမတ်တိုက်စစ်မှူးရက်စ်မက်စ်ဟွိုက်ဂျ်လန်းကိုအသုံးချကာအိုဆင်မ်ဟန်ကိုခေါ်ယူဖို့စီစဉ်နေတာဖြစ်ကြောင်းလည်းသိရပါတယ်။

လက်ရှိမှာအသက်၂၂နှစ်အရွယ်ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးဟွိုက်ဂျ်လန်းကအစောပိုင်းမှာပရီးမီးယားလိဂ်ကလပ်ယူနိုက်တက်ရဲ့တိုက်စစ်အတွက်အားထားရတဲ့အထောင်တိုက်စစ်မှူးဖြစ်ပါတယ်။ဒါပေမယ့်လည်းပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ၁၂ရက်နေ့ဗစ်တိုးရီးယားပယ်လ်ဇန်နဲ့ကစားခဲ့တဲ့ပွဲမှာနောက်ဆုံးဂိုးသွင်းနိုင်ခဲ့ပြီးနောက်၂၁ပွဲဆက်တိုက်ဂိုးပေါက်ပျောက်နေခဲ့တာဖြစ်ပါတယ်။အဲဒီနောက်လက်စတာစီးတီးနဲ့ပရီးမီးယားလိဂ်ပွဲစဉ်၊ပေါ်တူဂီနဲ့ကစားတဲ့နေးရှင်းလိဂ်ပွဲစဉ်တွေမှာနှစ်ပွဲဆက်ဂိုးသွင်းကာဟွိုက်ဂျ်လန်းတစ်ယောက်ဂိုးမိုးခေါင်မှုကိုအဆုံးသတ်ထားနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ဒိန်းမတ်တိုက်စစ်မှူးရက်စ်မက်စ်ဟွိုက်ဂျ်လန်းရဲ့ပြောင်းရွှေ့ကြေးတန်ဖိုးကိုပေါင်သန်း၅၀သတ်မှတ်ထားပြီးအိုဆင်မ်ဟန်အတွက်အလိုက်ပေးကမ်းလှမ်းဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။ဟွိုက်ဂျ်လန်းရဲ့တကယ်တမ်းဈေးကွက်တန်ကြေးကတော့ပေါင်၅၈သန်းရှိပြီးတော့ယခင်ထက်အနည်းငယ်လျော့ကျသွားခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအနေဖြင့်ဟွိုက်ဂျ်လန်းကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ဖူးတာကြောင့်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုလက်ခံဖွယ်ရှိနေကြောင်းလည်းသတင်းတွေထွက်ပေါ်နေပါတယ်။
အသက်၂၂နှစ်အရွယ်ဒိန်းမတ်တိုက်စစ်မှူးရက်စ်မက်စ်ဟွိုက်ဂျ်လန်းကတော့ငယ်စဉ်ကတည်းကယူနိုက်တက်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့နှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာအတ္တလန္တာကနေယူနိုက်တက်ကိုပေါင်၇၂သန်းနဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။လက်ရှိမှာယူနိုက်တက်ကစားသမားဘဝဒုတိယမြောက်ရာသီကိုဖြတ်သန်းနေတဲ့ဟွိုက်ဂျ်လန်းဟာယူနိုက်တက်အတွက်ပရီးမီးယားလိဂ်အပါအဝင်ပြိုင်ပွဲစုံ၈၂ပွဲကစားပြီး၂၄ဂိုးသွင်းယူထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.