နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟွိုက်ဂျ်လန်း တောက်ပနေပေမယ့် ယုံကြည်လို့ မရသေးတဲ့ ယူနိုက်တက်ရဲ့ ခြေစွမ်း | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

ယူနိုက်တက် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ လူတန်တောင်းကို ဟွိုက်ဂျ်လန်းရဲ့ အစောပိုင်း သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်ဟာ ခြေစွမ်းပိုင်းအရ လိုအပ်ချက်တွေ များခဲ့ပေမယ့်လည်း ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လူတန်တောင်းက ကာမင်းစကီး၊ အိုရှို၊ ဘဲလ်၊ မန်ဂီ၊ လိုကွန်ညာ၊ ဘာကလီ၊ ဒေါ့တီ၊ အော့ဂ်ဘီနီ၊ ချောင်၊ မောရစ်၊ ဝုဒ်ဒရိုး တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ယူနိုက်တက် ကတော့ အိုနာနာ၊ မက်ဂွိုင်းယား၊ ဗာရန်း၊ ဒါးလော့တ်၊ ရှော၊ ကတ်စ်မဲရိုး၊ မိန်းနူး၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ ရက်ရှ်ဖို့ဒ်၊ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း တို့ ပါဝင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဧည့်သည် ယူနိုက်တက်က ပွဲစပြီး ၃၇ စက္ကန့်မှာတင်ပဲ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဒီဂိုး ကိုတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ ဂိုးမြူးနေတဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဟွိုက်ဂျ်လန်းက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ၆ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်သွားခဲ့သလို ဒီနှစ် ပရီးမီးယားလိဂ်ရဲ့ အစောဆုံး သွင်းဂိုးလည်း ဖြစ်ဖို့ ရာခိုင်နှုန်း များသွားခဲ့ပါတယ်။ ပွဲချိန် ၇ မိနစ် မှာလည်း ယူနိုက်တက်တို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ဂါနာချိုရဲ့ ဧရိယာ ထိပ်က ကန်ချက်ကို ဟွိုက်ဂျ်လန်းက ရင်ဘတ်နဲ့ လမ်း‌ကြောင်းပြောင်းပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အနိုင်ရခဲ့တဲ့ ယူနိုက်တက် ကတော့ ရမှတ် ၄၄ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဗီလာနဲ့ စပါးကို ဖိအားပေးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်

အဲ့နောက် အိမ်ရှင် လူတန်တို့ ချေပဂိုးရဖို့ အားစိုက်လာခဲ့ပြီး ယူနိုက်တက် ခံစစ် ကလည်း တော်တော်လေး သတိထား ထိန်းချုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ၁၄ မိနစ် အရောက် မှာတော့ တိုက်စစ်မှူး မောရစ်က လူတန် အတွက် ချေပဂိုး သွင်းယူပေးခဲ့လို့ ၁-၂ ဖြစ်သွားခဲ့ပါတယ်။ လက်ကျန် မိနစ် တော်တော်များများ မှာလည်း ယူနိုက်တက်တို့ အပိုင် အခွင့်အရေးတွေ ရခဲ့ပေမယ့် ပြီးစလွယ် ဖြုန်းတီးပစ်ခဲ့ကြပါတယ်။ ဒါ့အပြင် ခံစစ်ပိုင်းက ဗာရန်း၊ ဒါးလော့တ်တို့ အမှားနည်းခဲ့သလို လူတန်တို့ အဆုံးသတ်ပိုင်း အားနည်းခဲ့လို့သာ ယူနိုက်တက်တို့ ကံကောင်းခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက် အနိုင်ရခဲ့ပေမယ့် ကစားသမားတွေရဲ့ ခြေစွမ်းက စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ တစ်ပွဲထက် တစ်ပွဲ တည်ငြိမ်မှု အားနည်းနေတာ တွေ့ရပြီး ဟွိုက်ဂျ်လန်း ခြေစွမ်းပြနေပေမယ့် ဒေါက်တာလေး ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချို တို့ ဘယ်အချိန် ထဖောက်မလဲ ဆိုတာ ယူနိုက်တက် ပရိသတ်တွေ စိုးရိမ်နေရပြီ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်း အနေနဲ့ ယူနိုက်တက်ကို ရောက်စမှာ ရုန်းကန်ခဲ့ရပေမယ့် အခုတော့ ပွဲပေါင်း ၃၀ ကစားပြီးချိန်မှာ သွင်းဂိုး ၁၁ ဂိုး အထိ ရှိလာခဲ့ပြီး နောက်ဆုံး ၆ ပွဲမှာ သွင်းဂိုး ၇ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်းက တန်ဟက်ဂ်ရဲ့ ကစားကွက်နဲ့ အသားကျလာခဲ့ပြီး အပိုင်အခွင့်အရေးတွေ အသုံးချနိုင်ခဲ့တာကြောင့်လည်း ယူနိုက်တက် အတွက် စိတ်အေးစရာ ဖြစ်ခဲ့ရပြီလို့ပဲ ဆိုရပါမယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အင်တာမီလန်
အက်တလက်တီကို
1X2 အက်တလက်တီကို @ 4.29
ဂိုးပေါ် 2.50 @ 2.17
ဂိုးပေါင်း 0-1 @ 2.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပွဲ အပြီးမှာ လူတန်က အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲက အသင်းတွေနဲ့လည်း ရမှတ် ကွာဟချက် တော်တော်လေး ကျဉ်းမြောင်းနေပြီ ဖြစ်ပါတယ်။ အနိုင်ရခဲ့တဲ့ ယူနိုက်တက် ကတော့ ရမှတ် ၄၄ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဗီလာနဲ့ စပါးကို ဖိအားပေးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လူတန်ဟာ လာမယ့် ကြားရက်မှာ လစ်ဗာပူးလ်နဲ့ ကစားရဖို့ ရှိနေပြီး ယူနိုက်တက် ကတော့ စနေနေ့မှာ ဖူလ်ဟမ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်