နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုးထရက်ဖို့ဒ်ကို မစွန့်ခွာချင်တဲ့ ဟယ်ရီ မက်ဂွိုင်းယား (ပရီးမီးယားလိဂ် သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၉ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အိုးထရက်ဖို့ဒ်ကို မစွန့်ခွာချင်တဲ့ ဟယ်ရီ မက်ဂွိုင်းယား

ဟယ်ရီ မက်ဂွိုင်းယားဟာ အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ် ပြိုင်ဘက် ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့လိုခြင်း မရှိဘူးလို့ သိရပါတယ်။

ဝက်စ်ဟမ်း အသင်းက မက်ဂွိုင်းယား အတွက် ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ The Times ရဲ့ ဖော်ပြချက်အရ အင်္ဂလန် နောက်ခံလူဟာ နောက်ထပ် နာမည်ကြီး ကလပ် တစ်ခု အတွက်သာ ကစားပေးချင်နေပြီး အိုးထရက်ဖို့ဒ်မှာ နေရာ ရဖို့ တိုက်ပွဲဝင်သွားချင်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်
နော်တင်ဟမ် ဖောရက်စ်
ရှက်ဖီး ယူနိုက်တက်
1X2 ရှက်ဖီး ယူနိုက်တက် @ 3.05
နော်တင်ဟမ် ဖောရက်စ် အာရှ အကျောပေး -0.25 @ 1.86
ဂိုး‌အောက် 2.25 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းလူစာရင်းထဲမှာ နေရာ ပျောက်ဆုံးခဲ့ပြီး အသင်းခေါင်းဆောင် ရာထူး ကနေပါ ဒီနွေရာသီမှာ ဖယ်ရှားခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်က အင်္ဂလန် နောက်ခံလူကို ရောင်းထုတ်ချင်ပေမယ့် ကစားသမားရဲ့ မြင့်မားတဲ့ လစာက ခေါ်ယူချင်နေတဲ့ အသင်းတွေ အတွက် အဟန့်အတား တစ်ခု ဖြစ်နေခဲ့တာပါ။


ဟယ်ရီကိန်း အတွက် တွေ့ဆုံပွဲ ဖျက်ခဲ့တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် အသင်း တာဝန်ရှိသူတွေဟာ တော့တင်ဟမ်ဟော့စပါး ဥက္ကဌ ဒန်နီရယ် လီဗိုင်းနဲ့ သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပေမယ့် တွေ့ဆုံမယ် အစီအစဉ်ဟာ ပျက်သွားတယ်လို့ သိရပါတယ်။ ကိန်းဟာ လာမယ့် ၁၂ လအတွင်း ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကနေ အလွတ်နဲ့ ထွက်ခွာခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဧပြီလမှာ အသင်းဒါရိုက်တာ ဖေဘီယို ပရာတီစီဟာ အသင်းကနေ မထွက်ခွာခင် အင်္ဂလန် ကြယ်ပွင့်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အသက် ၂၉ နှစ် အရွယ် တိုက်စစ်မှူးဟာ ရွေးချယ်စရာတွေ ရှိနေတာကြောင့် စာချုပ်သစ် ချုပ်ဖို့ အလျင်လိုနေခြင်း မရှိဘဲ ဘေယန်မြူးနစ်နဲ့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ကိန်းဟာ လာမယ့် ၁၂ လအတွင်း ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကနေ အလွတ်နဲ့ ထွက်ခွာခွင့်ရတော့မှာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းကို ခေါ်ယူချင်နေတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် အသင်း တာဝန်ရှိသူတွေဟာ သောကြာနေ့မှာ စပါးစ်ဥက္ကဌ လီဗိုင်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့်လည်း ကြာသပတေးနေ့ ညမှာ မြူးနစ် ကနေ လန်ဒန်ကို ထွက်ခွာမယ့် သီးသန့် ဂျက်လေယာဉ် ခရီးစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ သိရပြီး အချိန်ပြောင်းတာ ဖြစ်နိုင်သလို တွေ့ဆုံမှုကို လုံးဝ ဖျက်သိမ်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။


အာဆင်ဗန်းဂါးကို အတုယူဖို့ ကြိုးပမ်းနေကြောင်း ဖွင့်ဟလာတဲ့ အာတီတာ

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားဟာ ဂန္တဝင် နည်းပြကြီး အာဆင်ဗန်းဂါးရဲ့ ခြေရာ အတိုင်း လိုက်နင်းဖို့ ကြိုးစားနေပြီး ပြင်သစ် လူမျိုး နည်းပြကြီးနဲ့ တူတဲ့ အရာက သစ္စာစောင့်သိမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ် ဂန္တဝင် နည်းပြကြီးဟာ အသင်းကို ဆယ်စုနှစ် ၂ ခုကျော်ကြာ နည်းပြခဲ့ပြီးနောက် အအောင်မြင်ဆုံး နည်းပြ အဖြစ်နဲ့ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အတွက် အောင်မြင်မှုတွေ ရယူပေးနိုင်နေတဲ့ အချိန်မှာ ရီးရဲလ်မက်ဒရစ် အသင်းက အာဆင်ဗန်းဂါးကို ခေါ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ပြင်သစ် လူမျိုး နည်းပြကြီးက အမ်းမရိတ်စ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“ ကျွန်တော် သူ့ဆီကနေ အများကြီး လေ့လာ သင်ယူခဲ့ရပြီး သူ့ဆီကနေ ကြီးမားတဲ့ တန်ဖိုးတွေ ထဲက တစ်ခုကို ယူရမယ် ဆိုရင် သူ့ရဲ့ သစ္စာစောင့်သိမှုနဲ့ အသင်းကို သူ ကာကွယ် စောင့်ရှောက်ခဲ့တဲ့ ပုံစံပါ။ ပြိုင်ပွဲ အပေါ်သူထားတဲ့ စိတ်ဆန္ဒပြင်းပြမှုက သူမတူအောင် ထူးခြားပြီး ခင်ဗျားလည်း မြင်မှာပါ။ သူက ပြိုင်ပွဲကို လေးစားမှု ရှိချင်ပြီး တိကျတဲ့ ပုံစံနဲ့ ကစားချင်ခဲ့တာပါ။ အသင်းကို အရာအားလုံးထက် ရှေ့တန်းတင်ခဲ့တာ ကလည်း ကျွန်တော် အတုယူဖို့ ကြိုးစားနေတဲ့ အရာပါ။ သူ အသင်းကို ကာကွယ် စောင့်ရှောက်တဲ့ ပုံစံ၊ သူ့ကိုယ်သူ ဖော်ပြတဲ့ ပုံစံ၊ ကစားသမားတွေ၊ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေ အပေါ် ထားတဲ့ သစ္စာစောင့်သိမှုက သူ့ဆီ ကနေ ကျွန်တော် အတုယူခဲ့တဲ့ အရာပါ။ သူက ကျွန်တော့် အတွက် စံနမူနာပါ” လို့ ပြောကြားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်