နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘေယန်ကို ပြောင်းဖို့ ကိုယ့်ကိုယ်ကို ပြန်ဝယ်ချင်နေတဲ့ ဟယ်ရီကိန်း (ပရီးမီးယားလိဂ် သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကိုယ့်ကိုကိုယ် ပြန်ဝယ်ချင်နေတဲ့ ဟယ်ရီ ကိန်း 

ဟယ်ရီကိန်း ကတော့ ဒီနွေရာသီမှာ ဘေယန်မြူးနစ် အသင်းထံ အပြီးသတ် ပြောင်းရွှေ့နိုင်ဖို့ စာချုပ် နောက်ဆုံးနှစ် အတွက် ကိုယ့်ကိုကိုယ် ပြန်ဝယ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဂျာမနီက သတင်းတွေက ဖော်ပြပါတယ်။ ပရီးမီးယားလိဂ် ကလပ် စပါး ကတော့ အင်္ဂလန် တိုက်စစ်မှူး အတွက် ပြောင်းရွှေ့ကြေးပေါင် သန်း ၁၀၀ တောင်းဆိုထားပြီး ဘေယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှု ၃ ကြိမ်စလုံးကို ငြင်းပယ်ထားခဲ့ပါတယ်။ 

ဘေယန်မြူးနစ်ရဲ့ တတိယအကြိမ် ကမ်းလှမ်းမှုဟာ ပေါင် ၈၅ သန်း ဝန်းကျင် ရှိတယ်လို့ ယုံကြည်ရပါတယ်။ ဂျာမနီ ကလပ် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်ပေမယ့်လည်း စပါးရဲ့ သတ်မှတ်ထားတဲ့ စျေးကို လိုက်မမီသေးတာလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် ဟယ်ရီ ကိန်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ချေ ရှိတယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။ အဲ့နောက် စပါး အသင်းခေါင်းဆောင်ဟာ တစ်နှစ်လုပ်ခ လစာပေါင် ၂၀.၆ သန်း ဝန်းကျင် ရှိတဲ့ နောက်ဆုံး ၁၂ လစာ မယူတော့ဘဲ ကိုယ့်ကိုကိုယ် ပြန်ဝယ်ဖို့ ဆုံးဖြတ်နိုင်တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 


ယူနိုက်တက်မှာ ဝတ်ဆင်ချင်တဲ့ ကျောနံပါတ် မရနိုင်တဲ့ ဟော့ဂျ်လန်း 

ရက်စ်မက်စ် ဟော့ဂျ်လန်း ကတော့ အတ္တလန္တာ ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပေါင် ၇၂ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ အင်္ဂလန်ကို ရောက်လာခဲ့တဲ့ ဟော့ဂျ်လန်းဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှု အောင်မြင်ခဲ့ပြီး အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့သာ ကျန်တော့တာ ဖြစ်ပါတယ်။ ဟော့ဂျ်လန်း အတွက် ကံဆိုးတာက အိုးထရက်ဖို့ဒ်ရဲ့ နာမည်ကြီး ကျော်နံပါတ်ကို မေဆန် မောင့်က ဝတ်ဆင်နေတာကြောင့် ကျောနံပါတ် ၇ ကို ဝတ်ဆင်နိုင်မှာ မဟုတ်ပါဘူး။ လက်ရှိမှာ အန်သိုနီ မာစီယယ်လ်က ကျောနံပါတ် ၉ ကို ဝတ်ဆင်ထားပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်က ၁၀ ဝတ်ဆင်ထားတာကြောင့် ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူးဟာ မန်ယူနိုက်တက် ဂန္တဝင် ရိုင်ယန် ဂစ် ဝတ်ဆင် ကစားသွားခဲ့တဲ့ ကျောနံပါတ် ၁၁ ကိုသာ ရွေးချယ်စရာ ရှိတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကျောနံပါတ် ၁၁ ကို လက်ရှိမှာ ဂရင်းဝုဒ်က ရယူထားဆဲ ဖြစ်ပြီး အင်္ဂလန် တိုက်စစ်မှူးရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက်ချမှတ်ဖို့ ပရီးမီးယားလိဂ် ကလပ်က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ကိုပင်ဟေဂင်မှာ ကစားသမား ဘဝ အစောပိုင်းတုန်းက ကျောနံပါတ် ၄၅ နဲ့ ၂၈ ဝတ်ဆင် ကစားခဲ့တဲ့ ဟော့ဂျ်လန်းဟာ စတူရန်ဂရက်မှာ ကျောနံပါတ် ၉၊ အတ္တလန္တာမှာ ကျောနံပါတ် ၁၇ ဝတ်ဆင်ကစားခဲ့တာ ဖြစ်ပါတယ်။ 


အသင်း ကနေ ထွက်ချင်တဲ့ ဆန္ဒကို အရိပ်အမြွက် ပြောခဲ့တဲ့ ချဲလ်ဆီး ပစ်မှတ် 

ကိုင်စီဒိုဟာ ယခုနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးရဲ့ အဓိက ဦးစားပေး ပစ်မှတ် ဖြစ်နေတာပါ။
ဘရိုက်တန် ကနေ ထွက်ခွာချင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့တဲ့ ကိုင်စီဒို

ချဲလ်ဆီး အသင်းရဲ့ ပစ်မှတ် မွိုက်စ် ကိုင်စီဒိုက တစ်ရာသီတာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ညမှာပဲ အသင်းကို ယခုနွေရာသီမှာ စွန့်ခွာချင်ကြောင်း ပရိသတ်တွေကို အရိပ်အမြွက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

ကိုင်စီဒိုဟာ ယခုနွေရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးရဲ့ အဓိက ဦးစားပေး ပစ်မှတ် ဖြစ်နေတာပါ။ ဒါပေမယ့်လည်း ဘရိုက်တန်က ပေါင်သန်း ၈၀ နဲ့ ကမ်းလှမ်းမှု ကိုတောင် ငြင်းပယ်ခဲ့တာကြောင့် အသင်း ကနေ ထွက်ဖို့ ထင်သလောက် မလွယ် ဖြစ်နေတာပါ။ ဘရိုက်တန် ကတော့ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ ကိုင်စီဒိုလို အရည်အသွေး ရှိတဲ့ ကစားသမားကို ရောင်းထုတ်လိုခြင်း မရှိဘဲ အနည်းဆုံး ပေါင်သန်း ၁၀၀ ရမှ ရောင်းမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုင်စီဒို ကတော့ မကြာသေးမီ ရက်သတ္တပတ်တွေ အတွင်းမှာ ချဲလ်ဆီး အတွက် ကစားပေးချင်တဲ့ဆန္ဒကို လျှို့ဝှက်မထားခဲ့ဘဲ အင်္ဂါနေ့ည ဆုပေးပွဲမှာ ဧည့်ပရိသတ်တွေကို ချဲလ်ဆီး နာမည် ထည့်မပြောပေမယ့် အသင်း ကနေ ထွက်ချင်တဲ့ ဆန္ဒရှိတယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“အရာအားလုံး အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ပွဲစဉ်တိုင်းမှာ ခင်ဗျားတို့ရဲ့ အားပေးထောက်ခံမှု အတွက် ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ကျေးဇူးတင်ပါတယ် ပရိသတ်တွေ။ ခင်ဗျားတို့ အားပေးမှု မပါဘဲ ဒီလိုဆုရဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်တော် ဒါကို မိသားစုအတွက် လုပ်ခဲ့တာပါ။ သူတို့က ကျွန်တော့် မြတ်နိုး တန်ဖိုးထားရတဲ့ သူတွေပါ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်