ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ လာမယ့် ရာသီ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ ကစားဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် စပါးရဲ့ တိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ + အပိုဆုကြေး ယူရို ၁၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
ဟယ်ရီကိန်း အနေနဲ့ ဆုဖလား အောင်မြင်မှုတွေ အတွက် ငယ်စဉ် ကတည်းက ကစားလာတဲ့ စပါးကို စွန့်ခွာခဲ့ရသူဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့်လည်း အင်္ဂလန်သားက ဘေယန်မြူးနစ် မှာလည်း လက်ရှိအချိန်ထိ ဆုဖလား အောင်မြင်မှုနဲ့ ပတ်သတ်လို့ မျှော်လင့်ချက် မပြည့်ဝသေးပါဘူး။ ကိန်းရဲ့ အပြောင်းအရွှေ့ဟာ ဘွန်ဒက်စ်လီဂါရဲ့ တန်ဖိုး အကြီးဆုံး အပြောင်းအရွှေ့ အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဘေယန်မြူးနစ်က သူ့ကို ၂၀၂၇ ခုနှစ် အထိ ၄ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကိန်းဟာ အသက် ၃၁ နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ဘေယန်မြူးနစ်နဲ့ ပထမဦးဆုံး ရာသီမှာ ဘွန်ဒက်စ်လီဂါ ဂိုးသွင်း ဘုရင်ဆု အပြင် ဥရောပ ရွှေဖိနပ်ဆုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိန်းဟာ သက်ဆိုင်ရာ ကလပ်နဲ့ ဆုဖလား အောင်မြင်မှု မရခဲ့ပဲ ဒီရာသီ မှာလည်း စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

ကိန်းဟာ အလန်ရှီးယားရဲ့ ဂိုးသွင်း စံချိန်ကို ကျော်ဖြတ်ဖို့လည်း ဆန္ဒရှိနေတဲ့ အတွက် ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ ကစားဖို့ စဉ်းစားနေတာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ပရီးမီးယားလိဂ်မှာ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် အလန်ရှီးယားက သွင်းဂိုး ၂၆၀နဲ့ စံချိန်တင်ထားပြီးတော့ ဟယ်ရီကိန်းက ၂၁၃ ဂိုးနဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ ဟယ်ရီကိန်း အနေနဲ့ လက်ရှိ ဂိုးသွင်းနှုန်းကို ဆက်ထိန်းထားနိုင်ရင်တော့ အလန်ရှီးယားရဲ့ စံချိန်ကို ၂ ရာသီ အတွင်းမှာပဲ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
ဒီအချက်တွေကြောင့်ပဲ ကိန်းက ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ကစားလိုနေသလို၊ တိုက်စစ်ပိုင်း အင်အား တောင့်တင်းလာစေဖို့ ပြင်ဆင်မှုတွေ ပြုလုပ်မယ့် လစ်ဗာပူးလ် ကလည်း ကိန်းကို ခေါ်ယူဖွယ် ရှိကြောင်းလည်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။ လစ်ဗာပူးလ်ဟာ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတဲ့ အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလာကို လာမယ့် နွေရာသီမှာ လက်လွှတ်ရဖွယ် ရှိနေသလို၊ ဒါဝင် နူညက်ဇ်၊ ဂျိုတာနဲ့ လူးဝစ္စ ဒီးယက်ဇ် တို့ကလည်း အသင်း ကနေ ထွက်ခွာဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် လစ်ဗာပူးလ်က တိုက်စစ်ပိုင်းကို အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ရဖို့ ရှိနေပြီး ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ ကြွယ်ဝပြီးသား ဖြစ်တာကြောင့် ကြိုးကြာနီတွေရဲ့ အကြိုက်တွေ့စရာ ဖြစ်လာဖို့ ရှိနေပါတယ်။
လက်ရှိအချိန်မှာ ဟယ်ရီကိန်းကို လစ်ဗာပူးလ် အပြင် အသင်းဟောင်း စပါးနဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဟယ်ရီကိန်းဟာ ဘေယန်မြူးနစ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး ထွက်ခွာခဲ့မယ် ဆိုရင် လာမယ့် နွေရာသီမှာ ပေါင် ၆၅ သန်း ဝန်းကျင်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ ပေါင် ၅၅ သန်း ဝန်းကျင်နဲ့ ခွင့်ပြုပေးရမယ် ဆိုတဲ့ သဘောတူညီချက်လည်း ထည့်သွင်း ချုပ်ဆိုထားတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.