နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်း – ဗန်ဒိုက်ခ် အားပြိုင်မှုတွေနဲ့ မန်စီတီး – လစ်ဗာပူးလ်တို့ ထိပ်တိုက်တွေ့မယ့်ပွဲ | ပရီးမီးယားလိဂ်

အခုလာမယ့် အင်္ဂလန် ပရီးမီးယားလိဂ် ရက်သတ္တပတ် မှာတော့ မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ်တို့ ထိပ်တိုက်တွေ့နေပါပြီ။ အမှတ်ပေးဇယား အဆင့် ၁ နဲ့ အဆင့် ၂ က အသင်းတွေ ရင်ဆိုင်ရမှာ ဖြစ်ပြီး မန်စီးတီးက ၁ မှတ်တည်း အသာရထားတာပါ။

ဒီတော့ ဒီနှစ်သင်း အားပြိုင်မှုက တကယ့်ကို စောင့်ကြည့်ရမယ့် ပွဲပါပဲ။ တိုက်စစ် အားကောင်းတဲ့ နှစ်သင်း ဖြစ်ပြီး ကစားသမားကောင်းတွေလည်း ကိုယ်စီ ပိုင်ဆိုင်ထားလို့ အီတီဟတ်က ပြိုင်ဆိုင်မှုက စိတ်လှုပ်ရှားမှု အပြည့်ပေးနိုင်ပါလိမ့်မယ်။

အထူးသဖြင့်တော့ ဒီရာသီမှာ ခံစစ်ပိုင်းက ဂိုးတွေ ပွဲတိုင်းနီးပါး ပေးနေရတဲ့ အသင်းတွေ ဖြစ်လို့ ဒီပွဲက ပြီးခဲ့တဲ့ မန်စီးတီး ၄-၄ ချဲလ်ဆီး ဆိုတဲ့ ပရီးမီးယားလိဂ် ပွဲလို ဖြစ်လာမလား စောင့်ကြည့်ရပါမယ်။ မိုဟာမက် ဆာလာ၊ အာလင်း ဟာလန်း တို့လို ဒိတ်ဒိတ်ကျဲ တိုက်စစ်မှူးတွေကြောင့်လည်း ပိုပြီး စိတ်လှုပ်ရှားစရာပါ။ နိုင်ငံတကာပွဲတွေ အပြီးမှာ ပွဲကောင်း တစ်ပွဲကို ပရိသတ်တွေ မြင်တွေ့ရတော့မှလည်း ဖြစ်ပါတယ်။ ဒီထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာ ရှိနေပါသေးတယ်။ အဲဒါကတော့ မန်စီးတီး တိုက်စစ်မှူး ဟာလန်းနဲ့ ပတ်သက်ပြီးတော့ပါ။

ပရီးမီးယာားလိဂ်မှာ ရင်ဆိုင်ခဲ့ဖူးသမျှ အသင်းတွေထဲ ဟာလန်း ဂိုးမသွင်းနိုင်သေးတာ အသင်း နှစ်သင်း ရှိပါသေးတယ်။ အဲဒီ အသင်းတွေက လစ်ဗာပူးလ်နဲ့ ဘရန့်ဖို့ဒ် တို့ပါ။ အခု လစ်ဗာပူးလ်နဲ့ သူ ရင်ဆိုင်ရပါတော့မယ်။ ရာသီကြို ကွန်မြူနတီဒိုင်းပွဲတုန်းက သူ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မဟုတ်ခဲ့ပါဘူး။ ဒီတော့ ဒီတကြိမ်မှာ သူ ပထမဆုံး အကြိမ် အဖြစ် လစ်ဗာပူးလ် ဘက်ကို ဂိုးရအောင် သွင်းနိုင်ပါ့မလား ဆိုတာက သေချာပေါက်ကို စောင့်ကြည့်ရမယ့် အနေအထားပါ။ ဒီပွဲမတိုင်ခင်မှာ လစ်ဗာပူးလ် နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင် ပြောထားတာ ရှိပါတယ်။

ပရီးမီးယာားလိဂ်မှာ ရင်ဆိုင်ခဲ့ဖူးသမျှ အသင်းတွေထဲ ဟာလန်း ဂိုးမသွင်းနိုင်သေးတာ အသင်း နှစ်သင်း ရှိပါသေးတယ်။
မန်စီးတီး အတွက် ၇၁ ပွဲ ကစားပြီး ၆၉ ဂိုး သွင်းယူထားတဲ့ ဟာလန်း

“ ဟာလန်းကို တားဆီးနိုင်မယ့်သူက ဗန်ဒိုက်ခ် တစ်ဦးတည်း ရှိတာပါ၊ ဒီပွဲမှာ လစ်ဗာပူးလ်က ဟာလန်း ကိုပဲ ဦးတည်ပြီးတော့ ကစားတာမျိုးထက် အသင်း တစ်သင်း ဆိုတဲ့ အနေအထားကို ပိုဦး စားပေးသင့်ပါတယ်” တဲ့။ သူ ပြောသလိုမျိုး ဖြစ်နေတာတော့ အမှန်ပါပဲ။ ဟာလန်းက လစ်ဗာပူးလ်နဲ့ဆို ပရီးမီးယားလိဂ်မှာ ဂိုးမရသေးတာမို့ ဗန်ဒိုက်ခ်ကို မကျော်နိုင်တဲ့ သဘောပါပဲ။ အခု သူတို့ ထိပ်တိုက်တွေ့ပါတော့မယ်။ ဟော်လန်သားကပဲ ဆက်ထိန်းချုပ်သွားမလား၊ ဟာလန်း ကပဲ ကျော်ဖြတ်နိုင်တော့မလား ရင်ခုန်ဖို့ ကောင်းပါတယ်။

ဒီရာသီမှာ ဟာလန်းက လိဂ်ဂိုး ၁၃ ဂိုး ရထားပြီးပါပြီ။ ၁၂ ပွဲ ကစားပြီး ၁၃ ဂိုး သွင်းထားတာပါ။ ဒီတော့ လစ်ဗာပူးလ် ခံစစ်ကို သူက အကြီးမားဆုံး နှောင့်ယှက်မယ့်သူ ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။ ပြီးတော့ ဒဏ်ရာ အကြောင်းပြပြီး နော်ဝေ အတွက် နိုင်ငံတကာပွဲ မကစားခဲ့လို့ အနားယူချိန်လည်း အပြည့်ရထားတာပါ။ ဒီလို အားကောင်း မောင်းသန် ဟာလန်းကို လစ်ဗာပူးလ်တို့ ထိန်းချုပ်ရမှာလည်း ဖြစ်ပါတယ်။ ဟာလန်း-ဗန်ဒိုက်ခ် အားပြိုင်မှုက ဒီပွဲရဲ့ အသက်လို့တောင် ပြောလို့ ရပါလိမ့်မယ်။ ကြည့်ကောင်းမှာလည်း အမှန်ပါပဲ။

ဘယ်လိုတွေ ဖြစ်လာမလဲ၊ ဘယ်လို ရလဒ်ထွက်လာမလဲ ဆိုတာ ကတော့ မကြာခင် တွေ့ရတော့မှာပါ။ ရမှတ် ကွာဟမှု နည်းပါးနေပြီး ခရစ္စမတ် မတိုင်ခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖို့ပါ အားကုန်ထည့် ကစားကြရတော့မယ့် အခိုက်အတန့်လည်းဖြစ်လာပါပြီ။ ဒီပွဲ ကတော့ သေချာပေါက်ကို စောင့်ကြည့်ရတော့မှာပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်