နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာမွတ်ရှ်က တစ်ခုခု ထူးခြားမှု ရှိနေတယ်လို့ ဆိုလိုက်တဲ့ ဟာလန်း | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး တိုက်စစ်မှူး အိုမာ မာမွတ်ရှ် ကတော့ မနေ့ညက ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ မာမွတ်ရှ်က မန်စီးတီးကို ရောက်ရောက်ချင်းပဲ ပွဲထွက် လူစာရင်းမှာ ပါဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းဖော် အာလင်း ဟာလန်းက အိုမာ မာမွတ်ရှ်နဲ့ ပတ်သက်ပြီး သူ့အသင်းဖော်သစ်က ထူးခြားမှု တစ်ခုခု ရှိနေတယ်လို့ ခံစားမိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဟာလန်း က “အထူးသဖြင့် ပထမပိုင်း ပွဲချိန် အတွင်း သူ့မှာ ထူးခြားမှု တစ်ခုခု ရှိနေတယ် ဆိုတာကို ခင်ဗျားတို့ မြင်မယ် ထင်ပါတယ်။ အသင်းက သူ့ကို ခေါ်ယူခဲ့တဲ့ အကြောင်းအရင်း ကလည်း အခုလို သူ့မှာ ဒီလို ထူးခြားမှု တစ်ခုခု ရှိနေလို့ပါပဲ။ သူက အသင်းမှာ ချက်ချင်း ကစားခွင့်ရခဲ့ပြီးတော့ ရှေ့မှာလည်း အရေးကြီးတဲ့ ပွဲစဉ်တွေက လာတော့မှာ ဖြစ်လို့ သူ့ကို တက်နိုင်သမျှ မြန်မြန် သိဖို့ပဲ လိုတာပါ။” လို့ မာမွတ်ရှ်နဲ့ ပတ်သတ်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး “သူ့က ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ ကစားသမား ဖြစ်လာမှာမို့လို့ သူ့ကို ယုံကြည်မှု ပေးရပါမယ်။ ကစားသမားသစ်တွေ အသင်းဆီ ရောက်လာတာက အမြဲတမ်း ကောင်းတဲ့ ကိစ္စ တစ်ခုပါ။ ကျွန်တော် ကိုယ်တိုင်လည်း မတူညီတဲ့ စွမ်းအင်တွေ၊ မတူညီတဲ့ ကိုယ်ရည် ကိုယ်သွေးတွေနဲ့ အတူ မဖြစ်လာခင်မှာ ကစားသမားသစ် တစ်ယောက် ဖြစ်ခဲ့သူပါပဲ။” 

အီဂျစ် တိုက်စစ်မှူး ဒီဆောင်းရာသီ အပြောင်းအရွှေ့မှာ ဖရန့်ဖတ် ကနေ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၉ သန်း (ယူရိုသန်း ၇၀) + အပိုဆုကြေး ယူရို ၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
မာမွတ်ရှ်က ထူးခြားသူ ဖြစ်ကြောင်း ပြောကြားလာတဲ့ ဟာလန်း

“ကစားသမားသစ်တွေနဲ့ ရင်းနှီးသိကျွမ်းရတာ ကောင်းမွန်သလို ကစားသမားကောင်းတွေနဲ့ တွဲဖက်ကစားရတာ ကလည်း တကယ်ကို ကောင်းပါတယ်။ သူက ဖရန့်ဖတ်နဲ့ အတူ ဒီရာသီရဲ့ ပထမ ရာသီဝက်မှာ အကောင်းဆုံး ပုံစံ ပြသနိုင်ခဲ့တာ ဖြစ်လို့ ကျွန်တော်တို့ အသင်းနဲ့လည်း လက်ကျန် ရာသီဝက်ကို ဒီလို ပုံစံတူ မျိုး စွမ်းဆောင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

အီဂျစ် တိုက်စစ်မှူး ဒီဆောင်းရာသီ အပြောင်းအရွှေ့မှာ ဖရန့်ဖတ် ကနေ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၉ သန်း (ယူရိုသန်း ၇၀) + အပိုဆုကြေး ယူရို ၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီဂျစ် လက်ရွေးစင် တိုက်စစ် ကြယ်ပွင့် မာမွတ်ရှ်က မန်စီးတီးနဲ့ ၂၀၂၉ ခုနှစ် ဇွန်လ အထိ ၄ နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားဟာ အဓိက အထောင် တိုက်စစ် နေရာ အပြင် နောက်ချန်နဲ့ တောင်ပံ တိုက်စစ်နေရာတွေ မှာပါ ကစားနိုင်သူလည်း ဖြစ်တာကြောင့် မန်စီးတီးက အရ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

မာမွတ်ရှ်က မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ စတင် ကစားခွင့် ရရှိခဲ့ရင်း ပထမပိုင်း ပွဲချိန် အတွင်း သွင်းဂိုး ရရှိခဲ့ပေမယ့် လူကျွံနေခဲ့လို ဂိုးက ပယ်ဖျက်ခံခဲ့ရကာ ဂိုးရလုနီးပါး အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ မာမွတ်ရှ်ဟာ ကစားသမားသစ် တစ်ဦး ဖြစ်ပေမယ့် ပပ် ဂွါဒီယိုလာရဲ့ နည်းစနစ်အောက်မှာ လျင်လျင်မြန်မြန် အသားကျခဲ့ပြီးတော့ သူရဲ့ ကောင်းမွန်တဲ့ လုပ်အားနှုန်းတွေက ချဲလ်ဆီး နောက်တန်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်