နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲဗာတန် ပရိသတ်တွေ ဆီကနေ ဖိနပ် လက်ဆောင်ရခဲ့တဲ့ ဟာလန်း၊ ၈ မိနစ်သာ ကစားပြီး လာလီဂါ ချန်ပီယံ အသင်းသား ဖြစ်သွားတဲ့ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

အဲဗာတန် ပရိသတ်တွေ ဆီကနေ ဖိနပ် လက်ဆောင်ရခဲ့တဲ့ ဟာလန်း၊ ၈ မိနစ်သာ ကစားပြီး လာလီဂါ ချန်ပီယံ အသင်းသား ဖြစ်သွားတဲ့ အော်ဘာမီယန်း စတဲ့ သတင်းတွေ အပါအဝင် မေလ ၁၇ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အဲဗာတန် ပရိသတ်တွေ ဆီကနေ ဖိနပ် လက်ဆောင်ရခဲ့တဲ့ ဟာလန်း

အဲဗာတန် ပရိသတ်တွေ ကတော့ သူတို့ အသင်းနဲ့ ပွဲမှာ ၁ ဂိုး သွင်းခဲ့တဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းဆီကို ဖိနပ် ၁ ရံ လက်ဆောင် ပေးပို့လိုက်တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်မှာ တစ်ရာသီ အတွင်း ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် စံချိန်သစ် တင်နိုင်ခဲ့ အတွက် အဲဗာတန် ပရိသတ်တွေက လက်ဆောင်ပေးတာ လို့လည်း ရေးသားထားကာ ပြိုင်ဘက် တိုက်စစ်မှူးကို ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

တော်ဖီ တို့ဟာ ၃ ဂိုးပြတ်ရှုံးပြီး တန်းဆင်းရမယ့် ဘေးကြုံနေတုန်း ဆိုပေမယ့် ပရိသတ်တွေက ဟာလန်းကို ဂုဏ်ပြုဖို့တော့ မမေ့ခဲ့ကြပါဘူး။ ဟာလန်း ကတော့ ပြိုင်ဘက် ပရိသတ်တွေ ဆီကနေပါ ဒီလိုမျိုး ဂုဏ်ပြုခံရတာ ဖြစ်လို့ ဂုဏ်ယူနေမှာ သေချာပါတယ်။ အဲဗာတန် ပရိသတ်တွေရဲ့ လုပ်ရပ် ကလည်း တကယ်ကို လေးစားလောက်ဖွယ်ရာ ကောင်းခဲ့ပါတယ်။

ဒီရာသီမှာ ဟာလန်းက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့လည်း သေချာနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဟာလန်းက မန်စီးတီးနဲ့ အတူ တစ်ရာသီ အတွင်း ဖလားသုံးလုံး တပြိုင်တည်း ဆွတ်ခူးနိုင်ဖို့ အတွက်လည်း မျှော်လင့်ချက် အပြည့် ရှိနေပါတယ်။ နော်ဝေသား တစ်ယောက် အားလုံး မျှော်လင့်ထားတဲ့ အတိုင်း ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီမှာတင်ပဲ ရှယ်ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။


၈ မိနစ်သာ ကစားပြီး လာလီဂါ ဖလား ရဖူးသွားတဲ့ အော်ဘာမီယန်း

ဒီရာသီမှာ ချဲလ်ဆီးကို မပြောင်းခင် ပီရဲယ် အမ်းမရစ်ခ် အော်ဘာမီယန်းက လာလီဂါ ကလပ် ဘာစီလိုနာ အတွက် လာလီဂါ ပွဲစဉ် တစ်ပွဲ ကစားပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီပွဲမှာ သူက ၈ မိနစ်တည်း ကစားပေးခဲ့ရတာပါ။ ဒါပေမယ့် အခု ဘာစီလိုနာတို့ လာလီဂါ ချန်ပီယံ ဖြစ်ခဲ့လို့ အောင်ပွဲခံ တီရှပ်ထုတ်တဲ့ အချိန်မှာ အော်ဘာမီယန်းကို ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

အော်ဘာမီယန်း ကတော့ ရာသီကုန်မှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကနေ ထွက်ခွာရဖို့ သေချာသလောက် ရှိနေပြီး ဘာဆာကို ပြန်လည် ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။
ရာသီအကုန်မှာ ဘာစီလိုနာကို ပြန်လည် ပြောင်းရွှေ့ချင်နေတဲ့ အော်ဘာမီယန်း

ဘာစီလိုနာ ကတော့ ဂါဘွန်း တိုက်စစ်မှူးကို လာလီဂါ ချန်ပီယံ အသင်းသား အဖြစ် သတ်မှတ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ချန်ပီယံဆု တံဆိပ်ရဖို့ အတွက် ဆိုရင်တော့ အနည်းဆုံး ၅ ပွဲ ကစားထားရမယ် ဆိုတဲ့ စည်းကမ်း ရှိနိုင်ပြီး ဒီလို စည်းကမ်းချက် မရှိရင်တော့ အော်ဘာမီယန်းလည်း ချန်ပီယံ ဆုတံဆိပ် ရနိုင်ပါတယ်။ ဒါပေမယ့် မသေချာပါဘူး။

တကယ်လို့သာ ဆုတံဆိပ်လည်း ရခဲ့မယ် ဆိုရင်တော့ ၈ မိနစ်တည်း ကစားပြီး ချန်ပီယံ ဖြစ်ခဲ့တဲသူလို့ မှတ်တမ်း ဝင်သွားဦးမှာပါ။ အော်ဘာမီယန်း ကတော့ ရာသီကုန်မှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကနေ ထွက်ခွာရဖို့ သေချာသလောက် ရှိနေပြီး ဘာဆာကို ပြန်လည် ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။


ချန်ပီယံလိဂ် ဝင်ခွင့် ကာဆယ်နဲ့ ယူနိုက်တက်ကို ဖိအားပေးနေတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် ကတော့ တနေ့က ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ ပွဲမှာ ကာတစ် ဂျုံးစ်၊ အာနိုးလ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လစ်ဗာပူးတို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် နယူးကာဆယ်နဲ့ ယူနိုက်တက် တို့ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
ရီးရဲလ်မက်ဒရစ်
1X2 မန်ချက်စတာစီးတီး @ 1.65
ဂိုးပေါ် 3.00 @ 2.04
ဂိုးပေါင်း 0-1 @ 4.50
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပွဲမှာ လစ်ဗာပူးလ်က ဂတ်ခ်ပို၊ မိုဟာမက် ဆာလာ၊ ဒီယက်ဇ် တို့နဲ့ တိုက်စစ်ပိုင်းက လူစုံခဲ့သလို အာနိုးလ်၊ ရော်ဘတ်ဆန်၊ ဗန်ဒိုက်ခ်၊ ဖာဘင်ဟို၊ ဟန်ဒါဆန်၊ အယ်လစ်ဆန် တို့လည်း ပွဲထွက်ခဲ့ကြပါတယ်။ ဒီပွဲမှာ ကာတစ် ဂျုံးစ်က နှစ်ဂိုး သွင်းပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဆာလာ ကလည်း လစ်ဗာပူးလ် ရရှိခဲ့တဲ့ ဂိုးအားလုံးမှာ ပါဝင် ပတ်သက်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် လစ်ဗာပူးလ်တို့ အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး နယူးကာဆယ်၊ ယူနိုက်တက် တို့ထက် တစ်ပွဲ ပိုကစား၊ (၁) မှတ် အကွာနဲ့ ဖိအားပေးလျက် ရှိပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရချင်တယ် ဆိုရင်တော့ လက်ကျန် နှစ်ပွဲ ဖြစ်တဲ့ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်တို့နဲ့ ပွဲတွေမှာ သေချာပေါက် အနိုင်ကစားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အပေါ်က နယူးကာဆယ်၊ မန်ချက်စတာယူနိုက်တက်တို့ ခြေချော်ဖို့ ကိုလည်း စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်