နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ကျန်ပွဲစဉ် အားလုံး ဗိုလ်လုပွဲလို ကစားရတော့မယ် ဆိုတဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော့တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ ဟက်ဒ်ဆန် အိုဒွိုင်းရဲ့ နောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာက ဒီရာသီရဲ့ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၁၀ ပွဲစလုံးကို ဗိုလ်လုပွဲသဖွယ် သဘောထားပြီး ပွဲတိုင်း အနိုင်ရအောင် ကစားရတော့မှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ပွဲအပြီး မှာတော့ နည်းပြ ပပ် ဂွါဒီယိုလာက “ခက်ခဲခဲ့တဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော် တို့က ပြိုင်ဘက်ရဲ့ အသွင်ကူးပြောင်းမှုတွေကို အမှန်တကယ် ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခွင့်အရေးတွေ အများကြီး မဖန်တီးနိုင်ပေမယ့် သူတို့က တကယ်ကို ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော် တို့မှာ ကန်သွင်းဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် တိတိကျကျ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ အသွင်ကူးပြောင်းမှု တစ်ခုနဲ့ ကျွန်တော် တို့တွေ အလွယ်တကူ ဘောလုံး ဆုံးရှုံးခဲ့ပြီးတော့ သူတို့ ဂိုးရသွားခဲ့တယ်။ သူတို့က ခံစစ်မှာ ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပြီး ကျွန်တော် တို့က အဆုံးသတ်တွေမှာ တိကျမှုကို မရှိခဲ့ပါဘူး။ ကျွန်တော်တို့ မလုပ်ပြနိုင်ခဲ့ပါဘူး။ ကျွန်တော် တို့မှာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကစားရမယ့် ပွဲ ၁၀ ပွဲ ကျန်နေပါသေးတယ်။” လို့ ဆိုပါတယ်။

မန်စီးတီးဟာ မနေ့ညက နော့တင်ဟမ်ဖောရက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် အဆင့် ၃ နေရာ အထိ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် ဟက်ဒ်ဆန် အိုဒွိုင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အသဲကွဲခဲ့ရတာ ဖြစ်ပါတယ်။
ဖောရက်စ်ကို ခက်ခက်ခဲခဲ ကစားပြီး အသာမရခဲ့တဲ့ မန်စီးတီး

ဆက်လက်ပြီး “ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အတွက် အဲဒီပွဲတွေကို ဗိုလ်လုပွဲတွေလို သဘောထားပြီး အနိုင်ရယူရပါမယ်။ ကျွန်တော် တို့က အခွင့်အရေး အနည်းငယ်သာ ခွင့်ပြုခဲ့မိပါတယ်။ တကယ်ကို အနည်းငယ်လေးပါ။ ခံစစ်ပိုင်းအရ ကျွန်တော်တို့ တကယ် ကောင်းခဲ့ပါတယ်။ စည်းချက်က အမြင့်ဆုံး မဟုတ်ပေမယ့် ပွဲက တကယ်ကို ခက်ခဲခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ လာမယ့်ပွဲ အတွက် ပြင်ဆင်သွားပါတော့မယ်။” လို့ ဂွါဒီယိုလာက ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။

မန်စီးတီးဟာ မနေ့ညက နော့တင်ဟမ်ဖောရက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် အဆင့် ၃ နေရာ အထိ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် ဟက်ဒ်ဆန် အိုဒွိုင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အသဲကွဲခဲ့ရတာ ဖြစ်ပါတယ်။ နော့တင်ဟမ်ဖောရက်စ်ဟာ ဒီပွဲ အနိုင်ရလိုက်တာကြောင့် အမှတ်ပေးဇယား အဆင့် ၄ နေရာက မန်စီးတီးကို ၄ မှတ် ဖြတ်တောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ နော့တင်ဟမ်ဖောရက်စ်က ပွဲကို အကောင်းဆုံး ချဉ်းကပ်နိုင်ခဲ့ပြီး သူတို့ ကစားချင်တဲ့ ပုံစံအတိုင်း ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖောရက်စ်က ရတဲ့ အခွင့်အရေး ကိုလည်း အကောင်းဆုံး အသုံးချနိုင်ခဲ့ကာ အနိုင်ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ မန်စီးတီး ကတော့ ဒီပွဲမှာ ခံစစ် ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်း ကတော့ ကျေနပ်စရာ ကောင်းလောက်အောင် မကစားနိုင်ခဲ့ပါဘူး။

မန်စီးတီးဟာ လက်ကျန် ပွဲစဉ်တွေ မှာတော့ ဘရိုက်တန်၊ ဘုန်းမောက် (နှစ်ကျော့)၊ လက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ ပဲလေ့စ်၊ အဲဗာတန်၊ ဗီလာ၊ ဝုဗ်၊ ဆောက်သမ်တန်၊ ဖူလ်ဟမ် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ဒီထဲကမှ ပွဲစဉ်ရဲ့ ၃ ပုံ ၂ ပုံ လောက်က မန်စီးတီး အတွက် ခက်ခဲဖို့ ရှိနေနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်