နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးက ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်နိုင်တဲ့ အန္တရာယ်ရှိနေပြီ ဝန်ခံလိုက်တဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ သူတို့ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်နိုင်တဲ့ အန္တရာယ် ရှိနေပြီ ဖြစ်ကြောင်း ဝန်ခံလာခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၄ နှစ်ဆက်နဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးဟာ လက်ရှိ ရာသီမှာ စံချိန်တင် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီးတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ အနိုင်ရကာ ၃ ပွဲ သရေ၊ ၉ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပါပြီ။

ဒါ့အပြင် မနေ့ညက အဲဗာတန်နဲ့ သရေကျပြီးနောက် မန်စီးတီးက ပွဲစဉ် ၁၈ ပွဲ ကစား အပြီးမှာ ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၇ နေရာ အထိ ရောက်ရှိနေပြီးတော့ အမှတ်ပေးဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၁၄ မှတ် ပြတ်နေသလို၊ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၅ မှတ် ပြတ်နေခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ၄ နှစ်ဆက်နဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးဟာ လက်ရှိ ရာသီမှာ စံချိန်တင် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီးတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ အနိုင်ရကာ ၃ ပွဲ သရေ၊ ၉ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပါပြီ။
ြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ မန်စီးတီး

ဒီအခြေအနေမှာ နည်းပြ ပပ် ဂွာဒီယိုလာက “အရင်တုန်းက ကျွန်တော် ပြောခဲ့တဲ့ အချိန်မှာ လူတွေက ရယ်ခဲ့ကြပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်က ကြီးမားတဲ့ အောင်မြင်မှု မဟုတ်ဘူးလို့ သူတို့ ပြောကြပါတယ်။ ဒါပေမယ့် အဲဒါကို ကျွန်တော် သိပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီနိုင်ငံမှာ ကလပ်တွေက အဲဒီလို ဖြစ်တတ်ပါတယ်။ သူတို့တွေက နှစ်ပေါင်း များစွာ လွှမ်းမိုးနိုင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ သူတို့ နှစ်ပေါင်း များစွာ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ကြဘူး။ မန်ချက်စတာစီးတီးက ပြီးခဲ့တဲ့ နှစ်တွေမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့တဲ့ အသင်းပါ။ အခုတော့ ကျွန်တော်တို့ အန္တရာယ်ရှိနေပါပြီ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အဲဒီလို ဖြစ်နေတာ အသေအချာပါပဲ။ အဲဒီဝင်ခွင့်ကို ယှဉ်ပြိုင်နိုင်တဲ့ အသင်းတွေက အများကြီး ရှိနေတာပါ။ အသင်း အားလုံး အတွက် အဲဒါက အရေးကြီးပါတယ်။ ကျွန်တော်တို့ နိုင်ပွဲတွေ မရဘူး ဆိုရင် လွဲချော်သွားနိုင်ပါတယ်။ ကျွန်တော်တို့ ဝင်ခွင့် မရဘူး ဆိုရင် အဲဒါက ကျွန်တော် တို့နဲ့ ထိုက်တန်မှု မရှိလို့၊ ကျွန်တော်တို့ မပြင်ဆင်ထားလို့၊ ကျွန်တော်တို့မှာ ပြဿနာတွေ အများကြီး ရှိနေပြီး အဲဒါတွေကို မဖြေရှင်းနိုင်လို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီက စပြီး ၁၄ ရာသီ ဆက်တိုက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ ဒါဟာ အင်္ဂလန် ကလပ်တွေ အနက် အာဆင်နယ် (၁၉၉၈-၂၀၁၇၊ ၂၀၁၉ ရာသီ)နဲ့ မန်ချက်စတာယူနိုက်တက် (၁၉၉၆-၂၀၁၄၊ ၂၀၁၈ ရာသီ) တို့ ပြီးရင် တတိယမြောက် စွမ်းဆောင်ရည် အကောင်းဆုံးလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် မှာ အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ၂၀၀၅-၂၀၀၆ ကနေ ၂၀၀၈-၂၀၀၉ ရာသီ အထိ ၄ ရာသီ ဆက်တိုက် ချန်ပီယံလိဂ် ဝင်ခွင့် ရထားခဲ့ပါတယ်။ အခုလို စံချိန်ကို တင်ထားနိုင်တာ ဆိုလို့ ဒီ ၄ သင်းသာ ရှိပြီး အဲဒီ အထဲက ၃ သင်းဟာ ၂၀၁၂ ခုနှစ် အထိ (၁၅) ရာသီ ဆက်တိုက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၁၁ ရာသီ အတွင်း တွင် ၅ ကြိမ် လွဲချော်ခဲ့သလို အာဆင်နယ် ကလည်း ၆ ကြိမ် အထိ လွဲချော်ခဲ့ဖူးပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်