နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ရင်တောင် ညံ့ဖျင်းမှုတွေ အဖတ်ဆည်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက သူတို့ အသင်း အနေနဲ့ ဆုဖလား ရယူနိုင်ခဲ့ရင်တောင် ဒီရာသီ အတွက် ညံ့ဖျင်းမှုတွေကို ပြန်ပြီး အဖတ်ဆည်နိုင်မှာ မဟုတ်ကြောင်း ဝန်ခံ ပြောဆိုလာခဲ့ပါတယ်။ မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်နဲ့ တခြားသော အဓိက ပြိုင်ပွဲတွေရဲ့ ချန်ပီယံလမ်းကြောင်း ပေါ်ကနေ ဆင်းခဲ့ရပြီးနောက် အက်ဖ်အေဖလား တစ်ခုတည်းသာ ဆုဖလား မျှော်လင့်ချက် အဖြစ် ကျန်ရှိတော့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ပလိုင်းမောက်ကို အနိုင်ရပြီးနောက် အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့်ကို ၇ ရာသီ ဆက်တိုက် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည် နည်းပြ ဖြစ်သူ ဂွါဒီယိုလာ ကတော့ အသင်းရဲ့ ဒီရာသီ အခြေအနေကို စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက “ဖလား ၃ လုံး ဒါမှမဟုတ် ဖလား ၄ လုံး ရဖို ကြိုးစားရတာက ပိုပြီး ကောင်းပါတယ်။ ဒီရာသီမှာ အထူးသဖြင့် ပြိုင်ပွဲ ၂ ခုမှာ ကျွန်တော်တို့ အခြေအနေ မကောင်းခဲ့ပါဘူး။ ဒါဟာ လက်တွေ့ အခြေအနေတွေပါပဲ။ ကျွန်တော် ဒီကို ရောက်ကတည်းက ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို မတက်လှမ်းနိုင်ခဲ့ပါဘူး။ ပြီးတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာလည်း ၁၃ ပွဲ၊ ၁၄ ပွဲ၊ ၁၅ ပွဲလောက် ကျန်ရှိချိန်မှာတောင် ချန်ပီယံဆု အတွက် အခွင့်အရေး မရှိတော့ပါဘူး။ ဒီလိုမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး။ ကျွန်တော် တိုရဲ့ ဒီရာသီက မကောင်းမွန်ခဲ့ပါဘူး။ ကျွန်တော်တို့ အက်ဖ်အေဖလား ရခဲ့မယ် ဆိုရင်တောင် ဒီရာသီက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ပြီးတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာလည်း ၁၃ ပွဲ၊ ၁၄ ပွဲ၊ ၁၅ ပွဲလောက် ကျန်ရှိချိန်မှာတောင် ချန်ပီယံဆု အတွက် အခွင့်အရေး မရှိတော့ပါဘူး။
အက်ဖ်အေဖလား တစ်ခုသာ ဆုဖလား မျှော်လင့်ချက်ရှိတော့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ ဂွါဒီယိုလာနဲ့ လက်တွဲခဲ့တဲ့ ကာလ အတွင်း ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီ မှာသာ အက်ဖ်အေဖလား ပဥ္စမအဆင့် ကနေ ထွက်ခဲ့ရပြီး ကျန်ရာသီတွေ မှာတော့ အနိမ့်ဆုံး ဆီမီးဖိုင်နယ် အဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးက အက်ဖ်အေဖလား ဗိုလ်လုပွဲ ၃ ကြိမ် ရောက်ရှိခဲ့ပြီး ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိရာသီမှာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ခြင်းက မန်စီးတီး အတွက် ၇ ရာသီ ဆက်တိုက် တက်ရောက်နိုင်ခဲ့ခြင်း အဖြစ် စံချိန်တင်ခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် စွမ်းဆောင်ပြနိုင်ခဲ့တဲ့ နည်းပြ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာ ကတော့ ဒီလို မှတ်တမ်း သာမက ချန်ပီယံဆု ရယူနိုင်ခဲ့ရင်တောင် ဒီရာသီ အတွက် ညံ့ဖျင်းမှုတွေကို ပြန်လည် အဖတ်ဆယ်နိုင်မှာ မဟုတ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီရာသီမှာ ခရာဘောင်ဖလားနဲ့ ချန်ပီယံလိဂ် ကနေ စောစောစီးစီး ထွက်ခွာခဲ့ရသလို၊ ပရီးမီးယားလိဂ် မှာလည်း ရာသီဝက်လောက်မှာပဲ ချန်ပီယံ မျှော်လင့်ချက် ကုန်ဆုံးသလောက် ဖြစ်ခဲ့ရတာပါ။ ဒါပေမယ့်လည်း မန်စီးတီးက အက်ဖ်အေဖလား ပဥ္စမ အဆင့်မှာ ပလိုင်းမောက်ကို ဂိုးပြတ် အနိုင်ရပြီးနောက် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း အဖြစ်လည်း သတ်မှတ်ခံထားရပြီ ဖြစ်ပါတယ်။

ပပ် ဂွါဒီယိုလာဟာ မန်စီးတီးကို ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ စတင် ကိုင်တွယ်ခဲ့ပြီးတော့ သူ့ရဲ့ ပထမဦးဆုံး ရာသီ ကတော့ ဖလား လက်မဲ့ အဖြစ် အဆုံးသတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း နောက်ရာသီတွေက စပြီး မန်စီးတီးက အနည်းဆုံး ဆုဖလား တစ်လုံး ရယူထားနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ်နှင့် ခရာဘောင်ဖလား၊ ၂၀၁၈-၂၀၁၉ ရာသီမှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ခရာဘောင်ဖလား၊ ၂၀၁၉-၂၀၂၀ ရာသီမှာ ခရာဘောင်ဖလား၊ ၂၀၂၀-၂၀၂၁ ရာသီမှာ ပရီးမီးယားလိဂ်နဲ့ ခရာဘောင်ဖလား၊ ၂၀၂၁-၂၀၂၂ ရာသီမှာ ပရီးမီးယားလိဂ်၊ ၂၀၂၂-၂၀၂၃ ရာသီမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား၊ ၂၀၂၃-၂၀၂၄ ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာက အသင်းဟောင်း ဘာစီလိုနာနဲ့ ဘေယန်မြူးနစ် မှာတော့ ရာသီတိုင်း ဆုဖလား ရယူနိုင်ခဲ့သူ အဖြစ် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်