နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဖို့ ငြင်းဆိုထားခြင်း မရှိဘူး ဆိုတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ်ဂွာဒီယိုလာ ကတော့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆိုထားခြင်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

ဂွာဒီယိုလာရဲ့ လက်ရှိ စာချုပ်ဟာ လာမယ့် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှ ဖြစ်ပါတယ်။ နောက်ပြီး လာမယ့် ရာသီဟာ သူ့ အတွက် မန်စီးတီးနဲ့ နောက်ဆုံးရာသီ ဖြစ်လာနိုင်တယ်လို့ ၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြှောက်အပြီးမှာ အရိပ်အမြွက် ပြောကြားထားခဲ့တာပါ။ ဒါပေမယ့်လည်း ဘာစီလိုနာနဲ့ ဘေယန်မြူးနစ် နည်းပြဟောင်းက အက်တီဟတ်မှာ သူ့ရဲ့ သက်တမ်းကို ၁၀ နှစ် အထိ တိုးမြှင့်နိုင်ဖွယ် ရှိကြောင်း ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးဟာ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် အဖြစ် အမေရိကန် နယူးယောက်မြို့ကို ရောက်ရှိနေပြီး ယန်းကီးကွင်းမှာ အေစီမီလန်နဲ့ မကစားခင် ဂွာဒီယိုလာက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ 

“ ကျွန်တော် ထွက်ခွာမယ် ဆိုရင် ထွက်ခွာမယ်လို့ ပြောမှာပါ။ ဒါပေမယ့် ကျွန်တော် မပြောရသေးပါဘူး။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ ဒါပေမယ့် စာချုပ် သက်တမ်းတိုးဖို့ လုံးဝ ငြင်းမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီမှာ နေရတာ ပျော်တာကြောင့် ဒီမှာ ပျော်ပျော်ကြီး ဆက်နေသွားမှာပါ။” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဆက်လက်ပြီး “ကလပ် တစ်ခုတည်းမှာ ကိုးနှစ် နေတယ် ဆိုတဲ့ ကာလ တစ်ခုက ထာဝရပါပဲ။ ဒါကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခု ဆိုတာ ကျွန်တော် သေချာချင်ပါတယ်။ ကျွန်တော့် အတွက် သာမက ကလပ်ရော ကစားသမားတွေ အတွက်လည်း ပါပါတယ်။ နောက်ထပ် ရှစ်နှစ် ဆက်နေမှာလား ဆိုရင်တော့ မနေတာ သေချာပါတယ်။ ကစားသမားတွေနဲ့ မန်နေဂျာတွေ အတွက် ပြန်လည် ဆန်းသစ်ဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အောင်မြင်မှုတွေ ရခဲ့ပြီး ပရီးမီးယားလိဂ် အပါအဝင် ချန်ပီယံဆုတွေ ရယူနိုင်ခဲ့သလို နောက်ဆုံး အဆင့်တွေကို ရောက်ခဲ့ပြီး ချန်ပီယံလိဂ်လို ပြိုင်ပွဲတွေ ကစားနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ လက်ရှိ ခံစားချက်ပါ။”

ဒါ့အပြင် မကြာသေးတဲ့ ကာလက ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေတဲ့ ဂိုးသမား အီဒါဆင်နဲ့ ပတ်သက်ပြီးတော့လည်း ပပ်ဂွာဒီယိုလာက ကစားသမားကို အသင်းမှာ ဆက်ရှိနေစေချင်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။ အသက် ၃၀ အရွယ် ဘရာဇီး လက်ရွေးစင် ဂိုးသမားက ပြီးခဲ့တဲ့ရာသီ နှောင်းပိုင်းမှာ နည်းပြ ဂွာဒီယိုလာနဲ့ ပြဿနာ တက်ခဲ့တာကြောင့် စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသည့် တိုင်အောင် အသင်းပြောင်းတော့မယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ 

အီဒါဆင်ရဲ့ သတင်းတွေနဲ့ ပတ်သတ်လို့ ဂွာဒီယိုလာက “အက်ဒီ အနေနဲ့ ကျွန်တော် တို့နဲ့ အတူ ဆက်ရှိနေဖို့ စိတ်နှလုံး အကြွင်းမဲ့ မျှော်လင့်ပါတယ်။ ကျွန်တော် သူ့ကို အသင်းမှာ ဆက်နေစေချင်ပါတယ်။ သူမရှိဘဲ ဒီနောက်ဆုံးရာသီတွေမှာ ကျွန်တော် တို့ရဲ့ လုပ်ငန်းစဉ်တွေ အောင်မြင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက အဝတ်လဲခန်းထဲက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ပပ် ဂွာဒီယိုလာဟာ ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို နည်းပြ ဘဝ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့နောက် မန်စီးတီး မှာတော့ ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်