နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်း ရလဒ်ဆိုးနေတာကြောင့် အိပ်မရအောင် ဖြစ်နေတယ်လို့ ဝန်ခံခဲ့တဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ သူ့ရဲ့ အသင်း လက်ရှိ ကြုံတွေ့နေရတဲ့ ရလဒ်တွေနဲ့ ပုံစံက အသင်းသားတွေ အတွက် စိတ်ပျက်စရာ ဖြစ်နေကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ အနေနဲ့လည်း ညဘက်မှာ အိပ်မရအောင်ပါ ဖြစ်နေရတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။
လက်ရှိ အသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာက “ကျွန်တော် လုံးဝ မပျော်ရွှင်ပါဘူး။ ပွဲတိုင်း အနိုင်ရတုန်းကလိုမျိုး ကောင်းကောင်း အိပ်မရတော့ဘူး။ အခုအချိန် မှာတော့ ကျွန်တော့် ကစားသမားတွေနဲ့ ပိုပြီး ရင်းရင်းနှီးနှီး ရှိနေချင်ပါတယ်။ သူတို့တွေ စိတ်ဒုက္ခရောက်နေကြတယ် ဆိုတာ သိနေလို့ သူတိုကို ကျွန်တော် ခွန်အားပေးချင်ပါတယ်။ သူတို့တွေက အို ဘုရားသခင် ဖီယင်နော့ဒ်ကို ဘယ်လိုမှ အနိုင်မယူနိုင်ခဲ့တာလဲ စပါးနဲ့ ပွဲမှာ ရလာတဲ့ အခွင့်အရေးတွေ ကနေ ဘာကြောင့် ဂိုးမသွင်းနိုင် ရတာလဲ ဆိုပြီး တွေးနေကြမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေမှာ ကျွန်တော် တို့က ကျေနပ်နေမှုကို ဖယ်ရှားပြီး ပိုပြီး အားထည့်နေရမယ်။ လောလောဆယ် မှာလည်း ဒါကို သူတို လုပ်ချင်ပေမယ့် မှန်ကန်တဲ့ နည်းလမ်း ကို ရှာမတွေ့သေးဘူး။” လို့ ဆိုပါတယ်။

လစ်ဗာပူးလ် ကတော့ နည်းပြသစ် အာနေး ဆလော့တ် လက်ထက် ပရီးမီးယားလိဂ် မှာရော ချန်ပီယံလိဂ် မှာပါ ခြေစွမ်းပြနေပြီး အဓိက ပြိုင်ပွဲကြီး နှစ်ခုစလုံးမှာ အဆင့် ၁ နေရာတွေကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ရောက်ရှိသွားတဲ့ မန်စီးတီး

ဆက်လက်ပြီး ဂွါဒီယိုလာက“ကျွန်တော် ဘာလုပ်နိုင်မလဲ။ ကစားသမားတွေ ကိုပဲ အပြစ်တင်ရမလား။ ဒါမျိုးတော့ ကျွန်တော် လုံးဝ မလုပ်ပါဘူး။ ဒီလို အခြေအနေတွေက ကျော်လွန်သွားမှာပါ။ ဘယ်အရာမှ ထာဝရ တည်တံ့နေမှာ မဟုတ်ဘူးလေ။ ရှုံးပွဲတွေ ကြုံရတဲ့ အခါ လှောင်ပြောင်ခံရတာက အားကစားမှာ သာမန် ကိစ္စပါပဲ။ တစ်ခါတစ်ရံမှာ အလုပ်မဖြစ်ပေမယ့် နောက်ရက်ကျရင် အလုပ် ဖြစ်လိမ့်မယ် ဆိုတာ သိနေလို ယုံကြည်မှု ရှိပါတယ်။”လို့ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၆ ပွဲမှာ ၆ ပွဲစလုံး နိုင်ပွဲ ပျောက်နေခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ရှုံးပွဲ ၆ ပွဲ သရေ ရှုံးပွဲ ၂ ပွဲ ရှိထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လလုံး နိုင်ပွဲ ပျောက်နေခဲ့တဲ့ မန်စီးတီးဟာ ဒီဇင်ဘာလရဲ့ လအစပိုင်းမှာပဲ ရလဒ်တွေ ဆက်တိုက် ကောင်းမွန်နေခဲ့တဲ့ လစ်ဗာပူးလ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ၂-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ နည်းပြသစ် အာနေး ဆလော့တ် လက်ထက် ပရီးမီးယားလိဂ် မှာရော ချန်ပီယံလိဂ် မှာပါ ခြေစွမ်းပြနေပြီး အဓိက ပြိုင်ပွဲကြီး နှစ်ခုစလုံးမှာ အဆင့် ၁ နေရာတွေကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ၄ နှစ်ဆက်နဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး ကတော့ လက်ရှိမှာ လစ်ဗာပူးလ်နဲ့ ၁၁ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်