နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို ကိုတောင် ပြောဆို တိုက်ခိုက်ခဲ့ဖူးတဲ့ ဂရင်း၀ုဒ်၊ ဒီယောင်ကို ခေါ်ဖို့ မကြိုးစားနဲ့တော့လို့ ယူနိုက်တက်ကို ပြောလိုက်တဲ့ အန်ဒီ ကိုးလ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

ရော်နယ်ဒို ကိုတောင် ပြောဆို တိုက်ခိုက်ခဲ့ဖူးတဲ့ ဂရင်း၀ုဒ်၊ ဒီယောင်ကို ခေါ်ဖို့ မကြိုးစားနဲ့တော့လို့ ယူနိုက်တက်ကို ပြောလိုက်တဲ့ အန်ဒီ ကိုးလ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၈ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရော်နယ်ဒို ကိုတောင် ပြောဆို တိုက်ခိုက်ခဲ့ဖူးတဲ့ ဂရင်း၀ုဒ်

မေဆန် ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က အသင်းဖော်တွေကို အမြဲတမ်း ပြစ်တင် ဝေဖန်ခဲ့သူ ဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကစားသမား ကိုတောင် ပြင်းပြင်းထန်ထန် တိုက်ခိုက် ပြောဆိုခဲ့ဖူးကြောင်း သတင်းတွေက ဖော်ပြပါတယ်။

အသက် ၂၁ နှစ် အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက် အကယ်ဒမီ ကနေ ပထမ အသင်းကို တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပြီး ခြေစွမ်းပိုင်း သိသိသာသာ မြင့်တက်လာမှုကြောင့် ပရိသတ်တွေရဲ့ နှစ်သက်ခြင်းကို ခံခဲ့ရသူ ဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ်ဟာ အသက် ၁၆ နှစ်သား အရွယ်မှာတောင် လက်ရှိ အသင်းဖော်တွေနဲ့ အနာဂတ်မှာ အသင်းဖော် ဖြစ်လာမယ့်သူတွေကို ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ဖို့ ယုံကြည်ချက် တော်တော်လေး ရှိနေခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ဝေဖန် ပြောဆိုမှုတွေဟာ ဂန္တဝင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားနေတုန်း ကတောင် မလွတ်ခဲ့ဘဲ “သူက သေပြီ” ဆိုပြီး ပေါ်တူဂီ ကြယ်ပွင့်ရဲ့ ကစားသမား ဘဝက အဆုံးသတ်သွားပြီ ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ကို ယူနိုက်တက် နည်းပြ အဖွဲ့ဝင်တွေက ဆုံးမခဲ့တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး ငယ်သေးလို့ အမှားကို အမှန် ထင်မြင်နေခြင်းလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ဂရင်းဝုဒ်ရဲ့ ကစားသမား ဘဝဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ချစ်သူကို အကြမ်းဖက်မှု၊ မုဒိမ်းမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် လမ်းလွဲခဲ့ပြီး လက်ရှိ မှာတော့ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် ကိုယ်ဝန် ရှိနေတဲ့ ချစ်သူကို လာမယ့် နွေရာသီမှာ လက်ထပ်ဖို့ စီစဉ်နေပါတယ်။


ဂရီးလစ်ရှ်ကို ဒေါ့မန် လာခဲ့ ဆိုပြီး နောက်ပြောင်လိုက်တဲ့ ဘယ်လင်ဟမ်

အင်္ဂလန် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်ဟာ လက်ရွေးစင် အသင်းဖော် ဂျက် ဂရီးလစ်ရှ်ကို ဒေါ့မန် အသင်းဆီ လာခဲ့ ဆိုပြီး အင်စတာဂရမ်မှာ နောက်ပြောင် ရေးသားခဲ့ပါတယ်။ အင်္ဂလန်နဲ့ ဒေါ့မန် အသင်း တို့မှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဘယ်လင်ဟမ်ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့ မန်စီးတီး တို့က ချိတ်ဆက်နေတာ ဖြစ်ပါတယ်။

ဂရီးလစ်ရှ်ဟာ အခုလ အစောပိုင်းက မှတ်ချက် တစ်ခုမှာ ဘယ်လင်ဟမ်ကို မန်စီးတီး အသင်းထံ လာဖို့ ပြောထားခဲ့တာပါ။ မန်စီးတီးဟာ ဒေါ့မန်နဲ့ အပြောင်းအရွှေ့ ဆက်ဆံရေး ကောင်းမွန်ပြီး ဟာလန်း၊ အကန်ဂျီနဲ့ ဂွန်ဒိုအန် တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဘယ်လင်ဟမ် ကတော့ ဂရီးလစ်ရှ်ရဲ့ ပို့စ်ကို ပြန်လည် တုန့်ပြန်တဲ့ အနေနဲ့ ဒေါ့မန် အသင်းထံ လာဖို့ ပြောသွားခဲ့တာပါ။

လက်ရှိအချိန်မှာ အသင်းကြီး အများအပြားရဲ့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ ဘယ်လင်ဟမ်နဲ့ ပတ်သက်ပြီး ဒေါ့မန် ကတော့ ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းလာခဲ့ရင် စဉ်းစားသွားဖွယ် ရှိနေပြီး သူ့နေရာမှာ အစားထိုးဖို့ အတွက် ကစားသမားတွေ ရှာဖွေနေပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘယ်လင်ဟမ်ကို အဓိက ဦးစားပေး ပစ်မှတ် အဖြစ် ကြိုးစားသွားဖွယ် ရှိနေတာကြောင့် အခြား အသင်းကြီးတွေနဲ့ အပြိုင် ကမ်းလှမ်းရဖွယ် ရှိနေတာ ဖြစ်ပါတယ်။


ဒီယောင်ကို ခေါ်ဖို့ မကြိုးစားနဲ့တော့လို့ ယူနိုက်တက်ကို ပြောလိုက်တဲ့ အန်ဒီ ကိုးလ်

ဒီယောင်ဟာ ဘာစီလိုနာမှာ ပျော်ရွှင်နေပြီး နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီ လာရောက်မှာ မဟုတ်ကြောင်း မကြာသေးခင် ကပဲ အင်တာဗျူးတွေမှာ ဖြေကြားထားခဲ့တာပါ။
ဖရန်ကီ ဒီယောင်ကို မခေါ်ဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ အန်ဒီ ကိုးလ်

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ခေါ်ယူရေး ကြိုးပမ်းနေတဲ့ အစီအစဉ်ကို စွန့်လွှတ်လိုက်ဖို့ အန်ဒီ ကိုးလ်က သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်ကို အကြံပြု ပြောဆို လိုက်ပါတယ်။

ဒီယောင်ဟာ ဘာစီလိုနာမှာ ပျော်ရွှင်နေပြီး နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီ လာရောက်မှာ မဟုတ်ကြောင်း မကြာသေးခင် ကပဲ အင်တာဗျူးတွေမှာ ဖြေကြားထားခဲ့တာပါ။ ဒါပေမယ့် နည်းပြ အဲရစ်ခ် တန်ဟတ်ဂ် ကတော့ ဒီယောင်ကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အတွက် ထပ်ပြီး ကြိုးစားသွားဖို့ ရှိနေပါတယ်။

အန်ဒီ ကိုးလ် ကတော့ ကတ်စမဲရိုး တို့လို ယူနိုက်တက်ဆီ အမှန်တကယ် လာချင်တဲ့ ကစားသမားတွေကိုပဲ ခေါ်ပြီး ဒီယောင်ကို မခေါ်နဲ့တော့လို့ ပြောခဲ့တာပါ။ အန်ဒီ ကိုးလ်က “ အပြင် ကနေ ကြည့်ရင်တော့ ဒီယောင်က ယူနိုက်တက် အတွက် ကွင်းလယ်မှာ အလုပ်လုပ်ပေးနိုင်တဲ့ ကစားသမားမျိုးလားပေါ့၊ သူက အဲ့လို မဟုတ်ပါဘူး။ သူက အလွန်ကောင်းတဲ့ ကစားသမား ဆိုတာ ငြင်းစရာ မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီက အပြောင်းအရွှေ့ကို ကြည့်လိုက်ရင် ယူနိုက်တက် အနေနဲ့ ဒီနေရာကို ဘာကြောင့် ထပ်ပြီး လိုချင်နေတာလဲလို့ တွေးမိပါတယ်”

“ ကတ်စမဲရိုး လိုမျိုး အသင်းကို အမှန်တကယ် လာချင်တဲ့ ကစားသမားမျိုး ကိုသာ ခေါ်ယူဖို့ လိုအပ်ပါတယ်။ ဒီယောင်ကို ထပ်ပြီး ကြိုးစားမှာက သူတို့ကို အပူတပြင်း ဖြစ်စေပါတယ်။ ကျွန်တော် ပြောနေတာ ယူနိုက်တက် ဆိုတဲ့ ဘောလုံးအသင်း အကြောင်းပါ။ အသင်းအတွက် မကစားချင်ဘူး ဆိုရင် နောက်ထပ် ရွေးချယ်မှု တစ်ခုကို ထပ်ပြီး သွားလိုက်ပါ။ ယူနိုက်တက်က အပျော်တမ်း အသင်း မဟုတ်ပါဘူး၊ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ ကစားခဲ့တဲ့ ၂ ပွဲစလုံးကို ကြည့်လိုက်တဲ့ အချိန်မှာ သူတို့က ပိုပြီး ကောင်းတဲ့ အသင်း မဟုတ်ဘူး ဆိုတာ မြင်လို့ ရပါတယ်” လို့ ပြောခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်