နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ်က ဂိုးမရလို့ စိတ်မပူဘူး ဆိုတဲ့ ပေါ်တာ၊ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဘာနာဒို ဆေးလ်ဗား (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

တိုက်စစ်က ဂိုးမရလို့ စိတ်မပူဘူး ဆိုတဲ့ ပေါ်တာ၊ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဘာနာဒို ဆေးလ်ဗား စတဲ့ သတင်းတွေ အပါအဝင် မတ်လ ၆ ရက်နေ့ ညနေခင်းရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တိုက်စစ်က ဂိုးမရလို့ စိတ်မပူဘူး ဆိုတဲ့ ပေါ်တာ

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက အသင်းရဲ့ တိုက်စစ်က သွင်းဂိုးတွေ ရဖို့ ရုန်းကန်နေရပေမယ့် မစိုးရိမ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဂရေဟမ် ပေါ်တာ အနေနဲ့ ချဲလ်ဆီးကို ကိုင်တွယ်ခဲ့တာ ၅ လ သက်တမ်း ရှိပြီ ဖြစ်ပေမယ့် လက်ရှိအချိန် အထိတော့ အားရစရာ ရလဒ်တွေ ရရှိအောင် စွမ်းဆောင်ထားနိုင်ခြင်းတော့ မရှိသေးပါဘူး။ ချဲလ်ဆီးဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှ နိုင်ပွဲ ပြန်ရခဲ့တာ ဖြစ်ပြီး ဒါဟာ လန်ဒန် ကလပ် အတွက် ၂၀၂၃ ခုနှစ် အတွင်း ပြိုင်ပွဲစုံ အရပ်ရပ်မှာ ဒုတိယမြောက် နိုင်ပွဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တာရဲ့ အသင်းက နိုဝင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း သွင်းဂိုး ၇ ဂိုးသာ ရရှိထားပြီး တိုက်စစ်ပိုင်းကတော်တော်လေး အားနည်းနေတာ ဖြစ်ပါတယ်။

လိဒ်စ်ကို အနိုင်ရတဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပေါ်တာက “အသင်းမှာ ရှိတဲ့ ကစားသမားတွေရဲ့ အရည်အသွေးကြောင့် အခွင့်အရေးတွေ ဖန်တီးနိုင်ရင် ဂိုးတွေ ရပါလိမ့်မယ်။ “ ကစားသမားတွေနဲ့ ပရိသတ်တွေက အသင်း အတွက် အရမ်းကို အရေးပါပါတယ်။ ဒီအတွက်လည်း ဝမ်းသာမိပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ပေါ်တာက “ Clean Sheetနဲ့ နိုင်ပွဲ ရခဲ့တာက ကစားသမားတွေ အတွက် တကယ်ကို ကောင်းပါတယ်။ အင်္ဂါနေ့မှာ ကစားမယ့် အရေးကြီးတဲ့ ပွဲအတွက်လည်း ကျွန်တော် တို့ကို ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။” လို့လည်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးဟာ လာမယ့် ၈ ရက်နေ့မှာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ အဖြစ် ဒေါ့မန်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားဖို့ ရှိနေပြီး မဖြစ်မနေ နိုင်ပွဲ ရဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။


ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဘာနာဒို ဆေးလ်ဗား

ပရီးမီးယားလိဂ် ဖလား ၄ ကြိမ်နဲ့ အခြားသော ပြည်တွင်း ဆုဖလားတွေ ကိုင်မြှောက်နိုင်ခဲ့တဲ့ ဆေးလ်ဗားက မန်စီးတီးနဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။
မန်ချက်စတာစီးတီးက ထွက်ခွာခဲ့ရင် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ များနေတဲ့ ဘာနာဒို ဆေးလ်ဗား

လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကတော့ သူတို့ ကာလရှည်ကြာ ပစ်မှတ်ထားခဲ့တဲ့ မန်ချက်စတာစီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ ကတည်းက ဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီး ဘက်က သူတို့ရဲ့ ကစားသမားကို လက်လွှတ်လိုခြင်း မရှိခဲ့တာကြောင့် အပြောင်းအရွှေ့ အထမမြောက်ခဲ့တာပါ။

လက်ရှိမှာ မန်စီးတီးက ဘာနာဒို ဆေးလ်ဗား အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်ကြောင်း သတင်းတွေ ထွက်နေခဲ့သလို ကစားသမား ကိုယ်တိုင် ကလည်း ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေတယ် ဆိုပြီး ဖော်ပြလျက် ရှိပါတယ်။ ဆေးလ်ဗားက လက်ရှိအချိန်ထိ မန်စီးတီးရဲ့ အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ အသင်း အတွက် အရေးပါတဲ့ အနိုင်ဂိုး ၁ ဂိုး သွင်းပေးခဲ့ပါသေးတယ်။

အသက် ၂၈ နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင်ဟာ မန်စီးတီးမှာ ၆ ရာသီ အတွင်း ပွဲပေါင်း ၂၈၈ ပွဲ ကစားပေးပြီး ၅၁ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ်နဲ့ အခြားသော ပြည်တွင်း ဆုဖလားတွေ ကိုင်မြှောက်နိုင်ခဲ့တဲ့ ဆေးလ်ဗားက မန်စီးတီးနဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။ ဒါပေမယ့် အသင်းဘက်က သင့်လျော်တဲ့ ကမ်းလှမ်းမှု ရရင် ကစားသမားရဲ့ ဆန္ဒအတိုင်း ထွက်ခွာခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


မြက်ခင်းစိမ်းပေါ်မှာ ပြန်လည် မြင်တွေ့ရဖို့ နီးစပ်လာတဲ့ ဂျေဆုစ်

အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ်ဟာ ဘုန်းမောက်ကို (၃-၂)နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ အရန် ကစားသမားတွေနဲ့ အတူ အမ်းမရိတ်ကွင်းထဲမှာ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အန်ကတ်တီးယား အပြင် ထရော့ဆက်ဒ်ပါ ဒဏ်ရာရသွားချိန် ဂျေဆုစ် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာခြင်းက အာဆင်နယ် အတွက် သတင်းကောင်း ဖြစ်ခဲ့ပြီး စပို့တင်းလစ္စဘွန်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ပွဲ လူစာရင်းမှာ ပြန်လည် ပါဝင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ထရော့ဆက်ဒ် ကတော့ ပေါင်ခြံမှာ နာကျင်မှု ဝေဒနာ ခံစားရတာကြောင့် လူစားလဲခဲ့ရတာ ဖြစ်တယ်လို့ နည်းပြ မီခဲလ် အာတေတာက အတည်ပြုထားပြီး အနည်းဆုံး ရက်သတ္တပတ် (၂) ပတ်လောက် နားရနိုင်ချေ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်