နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာကာ၊ မာတင်နယ်လီ တို့ရဲ့ သွင်းဂိုးတွေနဲ့ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၂ – ၀ နယူးကာဆယ်

ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အစောဆုံး ပွဲစဉ် မှာတော့ အာဆင်နယ်တို့ ဆာကာ၊ မာတင်နယ်လီ တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုး တွေနဲ့ အတူ နယူးကာဆယ်ကို ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရှေ့တစ်ပတ်တုန်းက လစ်ဗာပူးလ်ကို ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် အာဆင်နယ်တို့ ဒီတစ်ပတ် မှာတော့ ပုံစံကောင်းနဲ့ ပြန်လာနိုင်ခဲ့ပြီး ပေးဂိုး မရှိ နိုင်ပွဲ ၁ပွဲ ထပ်မံ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

မီခယ် အာတေးတား အနေနဲ့ ဒီနေ့ပွဲ မှာတော့ ၄-၂-၃-၁ ကစားကွက်ကို ပြန်လည် အသုံးပြုခဲ့ပြီး ကွင်းလယ် တိုက်စစ် နေရာမှာ မာတင် အိုဒီဂတ် ပြန်ပါလာတာက လွဲရင် လစ်ဗာပူးလ်နဲ့ ပွဲတုန်းက လူစာရင်း အတိုင်းပဲ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ ၄-၄-၂ ကစားကွက်နဲ့ ကိုမှ အတောင့်တင်းဆုံး လူစာရင်းနဲ့ အန်းမရိတ်စ်မှာ လာရောက် ရင်ဆိုင်ခဲ့ပါတယ်။

နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် ကစားခဲ့တဲ့ သက်တမ်း တစ်လျှောက် အာဆင်နယ်ကို အများဆုံး ရှုံးနိမ့်ထားခဲ့ပြီး ၃၃ ပွဲ အထိ ရှုံးထားခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးမှာ ရောက်ရှိနေတဲ့ နယူးကာဆယ်

ပထမပိုင်းမှာ ကစားပုံ အားရစရာ မရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ အားနည်းချက်တွေနဲ့ အမှားတွေကို အလျင်အမြန် ပြင်ဆင်နိုင်ခဲ့လို့ အာတေးတေးရဲ့ အသင်း ရလဒ်ကောင်းခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ ထူးထူးခြားခြား ကျန်ခဲ့တဲ့ ပွဲတွေမှာ တိုက်စစ် ဖွင့်ကစားခဲ့ပေမယ့် ဒီပွဲ မှာတော့ ခံစစ်ကိုပဲ အားပြု ကစားသွားခဲ့ပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်တို့ ပထမပိုင်း တစ်ပိုင်းလုံး အကြိမ်ကြိမ် ထိုးဖောက်နေခဲ့ပေမယ့် နယူးကာဆယ်ရဲ့ ခံစစ်နဲ့ ဂိုးသမားရဲ့ ပိတ်ဆို့ ကာကွယ်မှုတွေကြောင့် ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင် အသာစီးနဲ့ ကစားသွားခဲ့ပြီး ပထမပိုင်းမှာ ကတည်းက ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် အော်ဘာမီယန်းရဲ့ အံ့အားသင့်စရာ ကောင်းလောက်အောင် လွဲချော်မှုတွေကြောင့် အာဆင်နယ်တို့ နစ်နာခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မစတင်ခင် အာတေးတား အနေနဲ့ လူစားလဲလှယ်မှု ပြုလုပ်ရမယ့် အစား နည်းဗျူဟာ ပြင်ဆင်မှုသာ ပြုလုပ်ခဲ့ပြီး နောက်ခံ အစွန်လူတွေ ဖြစ်တဲ့ တိုမီယာဆုနဲ့ နူနိုတာဗာရက်စ်တို့ အသင်းနဲ့ ပိုပြီး အပေးအယူလုပ် ချိတ်ဆက် ကစားနိုင်ခဲ့လို့ အာဆင်နယ်တို့ ဂိုးရဖို့ နီးစပ်လာခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၅၆ မိနစ် မှာတော့ နူနို တာဗာရက်စ်ရဲ့ ပေးပို့မှု ကနေ ဆာကာက ပထမ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သလို ၆၆ မိနစ် မှာတော့ တိုမီယာဆုရဲ့ ဖန်တီးပေးမှု ကနေ လူစားဝင် တိုက်စစ်မှူး မာတင်နယ်လီက ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ အိမ်ရှင် အာဆင်နယ်တို့ သွင်းဂိုးတွေ ထပ်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးပြီး အိမ်ကွင်း ရလဒ်ကောင်းတစ်ခုကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။  


ပွဲပြီးသုံးသပ်ချက်

ပွဲအပြီးမှာ အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ရမှတ် အများဆုံး ရယူထားနိုင်တဲ့ အသင်း ဖြစ်လာခဲ့ပြီး ပေးဂိုး မရှိ နိုင်ပွဲ တစ်ပွဲ ထပ်ရခဲ့ပေမယ့် အားနည်းချက် များစွာတော့ ရှိနေပါသေးတယ်။ ပေးဂိုး မရှိတဲ့ အတွက် ခံစစ်က ရာနှုန်းပြည့် နီးပါး စိတ်ချရပြီလို့ ပြောလို့ ရပေမယ့် တိုက်စစ် ပြသနာ ကိုတော့ မဖြစ်မနေ ဖြေရှင်းရပါဦးမယ်။ အံ့အားသင့်စရာ ကောင်းတဲ့ လွဲချော်မှုတွေကို ဟာသ သဘောမျိုးနဲ့ပဲ မြင်တတ်လာတဲ့ အထိ အော်ဘာမီယန်းရဲ့ စွမ်းဆောင်ရည်က တော်တော်လေး ကျဆင်းနေတာ တွေ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင် မှာပါ အနိမ့်ဆုံး ရောက်နေပြီး ယုံကြည်ချက်တွေလည်း ပျောက်ဆုံးနေပုံ ပေါ်ပါတယ်။ အာတေးတား အနေနဲ့ အော်ဘာကို ဘယ်လောက် အတိုင်းအတာအထိ စိတ်ရှည်နိုင်ဦးမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် တကယ်တမ်းတော့ မာတင်နယ်လီကို အခုထက် ပိုပြီး အခွင့်အရေး ပေးသင့်တဲ့ အချိန် ရောက်နေပါပြီ။ ဘရာဇီးလ်သားဟာ မကြာခဏ ကြံ့ခိုင်မှု အပိုင်းမှာ ပြသနာ ရှိတတ်ပေမယ့် ကစားခွင့်ရတဲ့ ပွဲတိုင်းမှာ အကောင်းဆုံး ပေးဆပ် ကစားတတ်သူ ဖြစ်လို့ အတိုင်းအတာ တစ်ခုအထိ ယုံကြည်လို့ ရနိုင်ပါတယ်။ ဒါပေမယ့်လည်း အီဒူးတို့ အုပ်စု ကတော့ ကစားသမားသစ် ခေါ်ယူပြီး ဖြေရှင်းမယ့် သဘော ရှိပါတယ်။ ဘာပဲပြောပြော အာတေးတားရဲ့ အသင်းက လစ်ဗာပူးလ်၊ ချဲလ်ဆီး၊ မန်စီးတီး တို့ကို လိုက်မမှီနိုင်သေးပေမယ့် ရတဲ့ ပွဲမှာ ရသလို အမှတ်တွေ ယူပြနေတာက အာဆင်နယ်ရဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် ကစားခဲ့တဲ့ သက်တမ်း တစ်လျှောက် အာဆင်နယ်ကို အများဆုံး ရှုံးနိမ့်ထားခဲ့ပြီး ၃၃ ပွဲ အထိ ရှုံးထားခဲ့တာ ဖြစ်ပါတယ်။

လာမယ့်ပွဲစဉ်များအာဆင်နယ်တို့ လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့ မှာ မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး နယူကားဆယ် ကတော့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ နော့ဝှစ်ချ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဧည့်ခံကစားရဖို့ ရှိနေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်