အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ မှာတော့ ဖူလ်ဟမ်က လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ နှစ်ဂိုးစီ သရေ ကစားနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ် အနေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိမှုကို ဆက်ထိန်းနိုင်ခဲ့ပြီး လစ်ဗာပူးလ် ကတော့ ရှုံးပွဲ မရှိမှုကို ဆက်ထိန်းနိုင်ခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲဆက်တော့ နိုင်ပွဲ ပျောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ လစ်ဗာပူးလ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးရနေရုံက လွဲလို့ ထိထိရောက်ရောက် တိုက်စစ်ဆင် ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဂိုးပေါက် ကန်ချက်မှာ အနည်းငယ် အသာရခဲ့ပေမယ့် ဂိုးပေါက်တည့်မှု မှာလည်း ၂ ကြိမ်စီ တူညီခဲ့ပြီး ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ ဖူလ်ဟမ် အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၇ မိနစ်မှာ ဝီလ်ဆင်က သွင်းယူပေးခဲ့ပြီးတော့ ၅၇ မိနစ် မှာတော့ ဖလော်ရီယန် ဗစ်ဇ်က လစ်ဗာပူးလ် အတွက် ပြန်လည် ချေပပေးခဲ့ပါတယ်။
လစ်ဗာပူးလ် ကစားသမားဟောင်း ဟယ်ရီ ဝီလ်ဆင်ဟာ ဖူလ်ဟမ် နိုဝင်ဘာလအစကနေ လက်ရှိ အချိန်ထိ ဂိုးပါဝင် ပတ်သတ်မှု ၉ ကြိမ် (၅ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီး) ပြုလုပ်ထားနိုင်ခဲ့သလို ဝေးလ်စ်သားရဲ့ အားထုတ်မှုတွေက ဖူလ်ဟမ်ကို ရလဒ်တွေ ကောင်းနေစေတာလည်း ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ၁ ဂိုး သွင်းခဲ့တဲ့ ဗစ်ဇ် ကတော့ လစ်ဗာပူးလ်ကို ရောက်ရှိပြီးနောက် သူ့ရဲ့ ပထမဆုံး ၁၅ ပွဲမှာ ဂိုးပါဝင် ပတ်သတ်မှု ၁ ကြိမ်မှ မရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၂ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ကာ သူ့ရဲ့ ခြေစွမ်းအမှန်ကို ပြန်လည် ရရှိနေခဲ့ပါတယ်။
အဲဒီနောက် နှစ်သင်းစလုံး အပြန်အလှန် ဖိအားပေး ကစားခဲ့ကြပေမယ့် ဂိုးရဖို့ ရုန်းကန်ခဲ့ကြရပါတယ်။ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို ၄ မိနစ် မှာတော့ ဖရင်မ်ပေါင်ရဲ့ ကန်တင်ပေးပို့မှုကို လန်နို ပေါ့ပေါ့ဆဆ ကာကွယ်မိရာ ကနေ ဂက်ခ်ပိုက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့လို့ လစ်ဗာပူးလ်တို့ ၃ မှတ် အပြည့် ယူနိုင်ခဲ့ပြီလို့ ထင်ခဲ့ကြပါတယ်။ ဂက်ခ်ပို ဆိုရင် အင်္ကျီချွတ်ပြီး အောင်ပွဲခံခဲ့လို့ အဝါကတ်ပြသခံခဲ့ရလို မိနစ်ပိုင်း အကြာမှာပဲ သူ့ရဲ့ လုပ်ဆောင်မှုတွေက အချည်းအနှီး ဖြစ်သွားခဲ့ပါတယ်။ ၉၀+၇ မိနစ်မှာ ဖူလ်ဟမ်တို့ ချေပဂိုး ရခဲ့ပြီး ကွင်းလယ်လူ ရိဒ်က ၁၈ ကိုက်စည်း ပြင်ပ ကနေ အဝေးကန်ချက်နဲ့ အမှတ်မထင် ကန်သွင်းသွားခဲ့လို့ လစ်ဗာပူးလ်တို့ အသဲကွဲခဲ့ပြီး သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ၄ ပွဲ သရေကျခဲ့ပြီး ဒါဟာ ယခင် ရာသီကထက် များပြားနေတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အာနေး ဆလော့တ်ဟာ ဖူလ်ဟမ်နဲ့ ထိပ်တိုက်တွေ့ဆုံမှု သုံးပွဲစလုံးမှာ အနိုင် မရခဲ့ပါဘူး (သရေ ၂ ပွဲ၊ ရှုံးပွဲ ၁ ပွဲ) ။ လစ်ဗာပူးလ်ဟာ ဒီပွဲ ရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပေမယ့် ဦးဆောင်သူ အာဆင်နယ်နဲ့တော့ ၁၄ မှတ် အထိ ကွာဟသွားပြီ ဖြစ်ပါတယ်။ နောက်ဆုံး ၂ ပွဲဆက် သရေကျခဲ့တဲ့ ဖူလ်ဟမ် ကတော့ အမှတ်ပေးဇယား အလယ်မှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ဖူလ်ဟမ်ဟာ လာမယ့် တစ်ပတ်မှာ ချဲလ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီးတော့ လစ်ဗာပူးလ် ကတော့ အာဆင်နယ်ရဲ့ အမ်းမရိတ်စ်ကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


